ကိုလမ်ဘို၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) သီရိလင်္ကာ သမ္မတ၏ တရားဝင် ဝက်ဘ်ဆိုဒ်သို့ လွန်ခဲ့သည့် ရက်သတ္တပတ်က တရားမဝင် ဝင်ရောက်ကာ အချက်အလက်များ ခိုးယူခဲ့မှုတွင် ဒုတိယမြောက် ကျူးလွန်သူဟု ယူဆရသူအား သီရိလင်္ကာ ရဲတပ်ဖွဲ့က သြဂုတ်လ ၃၀ ရက်က ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။
ဂျာကာတာ၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ် တွင် သြဂုတ် ၃၀ ရက် က ပုဂ္ဂလိက လေယာဉ်သင်တန်းကျောင်း တစ်ခု မှ လေယာဉ်ငယ်တစ်စီး ပျက်ကျမှုဖြစ်ပွားခဲ့၍ လေယာဉ်ပေါ်ရှိ လူနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
တိုကျို၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ အနောက်ဘက် ဝါကာရာမမြို့ ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု ၌ သြဂုတ် ၂၉ ရက် နံနက်ပိုင်းက ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူတစ်ဦးသေဆုံးပြီး အခြား သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
နယူးဒေလီ၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) အိန္ဒိယ ထိန်းချုပ်ထားသည့် ကက်ရှ်မီးယားဒေသအတွင်း၌ ၅၂ ရက်ကြာ ညမထွက်ရ အမိန့်အား သြဂုတ်လ ၂၉ ရက်တွင် ရုပ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
နယူးဒေလီ ၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံသည် သြဂုတ်လ ၂၈ ရက်က (SCRAMJET) ဒုံးပျံသစ် တစ်စင်းကို နိုင်ငံတောင်ပိုင်းရှိ Sriharikota အာကာသဒုံးပျံ ပစ်လွှတ်စင် မှ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း သိရသည်။
ဂျကာတာ ၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ၏ မြောက်ဆူမာတြားကျွန်းပေါ်ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ခုထဲ၌ သြဂုတ်လ ၂၈ ရက်တွင် ဓမ္မဆရာတစ်ဦးက တရားဟောနေစဉ် လူတစ်ဦးက အသေခံဗုံးခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းသိရသည်။
ကိုလန်ဘို၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် သီရိလင်္ကာနိုင်ငံသို့ သြဂုတ် ၃၁ ရက်တွင် သုံးရက်တာ တရားဝင်ခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန မှ တာဝန်ရှိသူများက သြဂုတ် ၂၆ တွင်ပြောကြားခဲ့သည်။
ခတ္တမန္ဒူ၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ) နီပေါနိုင်ငံ အလယ်ပိုင်း၌ ဘတ်စ်ကား မတော်တဆမှုကြောင့် လူပေါင်း ၂၀ ဦးသေဆုံးခဲ့ပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း ရဲတပ်ဖွဲ့က သြဂုတ်လ ၂၆ ရက်က ပြောသည်။
ဟနွိုင်း၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ၏ အမောင်းသင် စစ်လေယာဉ်တစ်စီးဖြစ်သော L-39 လေယာဉ်သည် သြဂုတ်လ ၂၆ ရက် နံနက်ပိုင်းက မြို့တော်ဟနွိုင်းမှ တောင်ဘက် ၉၅၀ ကီလိုမီတာ အကွာ နိုင်ငံ အလယ်ပိုင်း Phu Yen ပြည်နယ် ရှိ စပါးကွင်းထဲသို့...
ဒါကာ၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ) သြဂုတ်လ ၂၄ ရက်က လေယာဉ် တစ်စင်းသည် မထွက်ခွာမီ မီးလောင်ကျွမ်းခဲ့သောကြောင့် ခရီးသည် ၂၀၀ ဦးခန့်နှင့် လေယာဉ် ဝန်ထမ်းများအား ဘေးကင်းရာသို့ ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။