မော်စကို ၊ ဇွန် ၁၉ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ၌ ကျင်းပနေသည့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေသည့် ဆော်ဒီအာရေးဗီးယားလက်ရွေးစင်ဘောလုံးအသင်းသားများအား တင်ဆောင်လာသောလေယာဉ်သည် ဇွန်လ ၁၈ ရက်က Rostov-on- Don နိုင်ငံတကာလေဆိပ်သို့မဆင်းသက်မီ ပျံသန်းမှုပြုလုပ်နေစဉ်အတွင်း မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မော်စကို ၊ ဇွန် ၁၇ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ မော်စကိုမြို့ မြို့လယ်ခေါင်တွင် ဇွန် ၁၆ ရက်က အငှားယာဉ်တစ်စီးသည် လူသွားလူလာ များကို ဝင်တိုက်မှုကြောင့် လူ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ကိဗ်၊မေ၃ဝ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံ ART ရုပ်မြင်သံကြားအစီအစဉ်အတွက် အလုပ်လုပ်ကိုင်နေသူ ရုရှားနိုင်ငံသားသတင်းသမား Arkadiy Babchenko သည် မေလ ၂၉ ရက်တွင် ကိဗ်မြို့(Kiev) ၌ အသတ်ခံလိုက်ရကြောင်း ယူကရိန်းအာဏာပိုင်များက ပြောကြားခဲ့သည်။
မော်စကို ၊ မေ ၅ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ ပြည်ထောင်စုလုံခြုံရေးတပ်ဖွဲ့(FSB) က မြောက်ကော့ကေးဆပ်စ်ဒေသမြို့တော် Neyinnomyssk မြို့ ၌ မေလ ၄ ရက်တွင် ပြုလုပ်သော စစ်ဆင်ရေးတစ်ခုအတွင်း အကြမ်းဖက်သမားအဖြစ် သံသယရှိသူ နှစ်ဦးကို သုတ်သင်ရှင်းလင်းခဲ့ကြောင်း ရုရှားလုံခြုံရေးအေဂျင်စီက ဆိုသည်။
မော်စကို ၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံဆက်သွယ်ရေးစောင့်ကြည့်စနစ် Roskomnadzor က ရုရှားနိုင်ငံ၌ အင်တာနက် အသုံးပြုသူများအကြား အချက်အလက်အငြင်းပွားမှုကို ဖောက်ထွက်ရန် Telegram အသုံးပြု၍ စာပေးပို့စနစ်တွင် Google IP လိပ်စာ အသုံးပြုခွင့်ကို ပိတ်ပင်တားမြစ်သွားမည်ဖြစ်ကြောင်း ဧပြီ ၂၂ ရက်တွင် ပြောကြားခဲ့သည်။
အန်ကာရာ ၊ ဧပြီ ၄ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်က တူရကီနိုင်ငံသို့ S-400 ဒုံးပျံကာကွယ်ရေးစနစ် များလွှဲပြောင်းပေးရန် ရုရှား နှင့် တူရကီ နိုင်ငံတို့အကြား သဘောတူညီမှုရရှိထားပြီဖြစ်ကြောင်း ဧပြီလ ၃ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
မော်စကို ၊ မတ်လ ၂၇ ရက်(ဆင်ဟွာ) အနောက်နိုင်ငံများက ရုရှားသံတမန်များကို နှင်ထုတ်သည့်အပေါ် အပြင်းအထန်ကန့်ကွက်ကြောင်း၊ ဤသို့ လုပ်ဆောင်ခြင်းမှာ ယခင်ရုရှားစပိုင်အဆိပ်မိသေဆုံးသောအမှုကို ဖော်ထုတ်ရာတွင် အထောက်အကူမပြုနိုင် သည့် အပြင် နိုင်ငံချင်းဆွေးနွေးညှိနှိုင်းမှုနှင့်နိုင်ငံတကာစည်းမျဉ်းဥပဒေများကို ထိခိုက်ရာရောက်သည်ဟု ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၂၆ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
မော်စကို ၊ မတ် ၃ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံအနေဖြင့် လက်နက်ထိန်းချုပ်ခြင်းဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်ကို ချိုးဖောက်ခြင်းမရှိကြောင်း ၊ ၎င်းတို့၏ မဟာဗျူဟာမြောက်လက်နက်များ ထုတ်ဖော်ပြသခဲ့ပြီးနောက် အမေရိကန်နိုင်ငံ၏ စွပ်စွဲပြောကြားချက်များအပေါ် ရုရှားနိုင်ငံကရင်မလင်နန်းတော်က မတ်လ ၁ ရက်တွင် တုံ့ပြန်ပြောကြားလိုက်သည်။
မော်စကို ၊ မတ် ၁ ရက်(ဆင်ဟွာ) ၂ဝ၁၈ ခုနှစ် ပြုံချန်း ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ၌ ဆုတံဆိပ်ရရှိခဲ့ကြသော ရုရှားအားကစားသမားများကို ဖေဖော်ဝါရီ ၂၉ ရက်တွင် နိုင်ငံ့ဂုဏ်ရည်စွမ်းဆောင်ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မော်စကို ၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံဝန်ကြီးချုပ် ဒီမီထရီမက်ဗီဒက်က ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲမှ ရုရှားအားကစားသမား ၁၅ ဦးအား ပါဝင်ကစားခွင့်ပိတ်ပင်ခဲ့သည့် နိုင်ငံတကာအိုလံပစ်ကော်မတီ(IOC) ၏ လုပ်ရပ်မှာ ရှက်ဖွယ်ဖြစ်ကြောင်း ၊ တရားမျှတမှုမရှိကြောင်း နှင့် ဥပဒေအရ တရားမဝင်ကြောင်း ဖေဖော်ဝါရီ ၅ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။