Connect with us

Eastern Europe

ရုရှားနိုင်ငံ၌ ဓာတ်ငွေ့ပေါက်ကွဲမှုဖြစ်ပွားစဉ်တွင် သေဆုံးသူ ၃၁ ဦးထိ မြင့်တက်လာ

ရုရှားနိုင်ငံ၌ ဓာတ်ငွေ့ ပေါက်ကွဲမှု ဖြစ်ပွားအဆောက်အဦအားတွေ့ ရစဉ်(ဆင်ဟွာ)

မော်စကို ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံ၌ ဒီဇင်ဘာ ၃၁ ရက် ညပိုင်းက အထပ်မြင့်တိုက်တစ်လုံးတွင် ဖြစ်ပွားခဲ့သော ဓာတ်ငွေ့ပေါက်ကွဲမှုဖြစ်စဉ်အတွင်း ကလေးငယ် ၄ ဦးအပါအဝင် သေဆုံးသူ ၃၁ ဦးထိ မြင့်တက်သွားပြီဖြစ်ကြောင်း ရုရှားနိုင်ငံအရေးပေါ်ကယ်ဆယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂ ရက်တွင် ပြောကြားခဲ့သည်။

Chelyabinsk ဒေသ ၊ မက်နီတိုဂရော့မြို့(Magnitogorsk) ရှိ အထပ် ၁ဝ ထပ်ပါ အဆာက်အဦတစ်လုံး၏ အပျက်အစီးပုံများကြားတွင် ရုပ်အလောင်း ၃၁ လောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ဝန်ကြီးဌာနက ဆိုသည်။

အပျက်အစီးပုံအောက်တွင် နောက်ထပ် လူ ၁ဝ ဦးပိတ်မိနေဖွယ်ရှိကြောင်း ကယ်ဆယ်ရေးအဖွဲ့ဝင်များက ယူဆထားသည်။

ရုရှားနိုင်ငံ၌ ဓာတ်ငွေ့ပေါက်ကွဲမှုဖြစ်ပွားသော အဆောက်အဦတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်(ဆင်ဟွာ)

ဓာတ်ငွေ့ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ဇန်နဝါရီ ၂ ရက်နေ့ကို Chelyabinsk ဒေသ၏ ဝမ်းနည်းဖွယ်နေ့အဖြစ် ကြေညာခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.