Connect with us

Eastern Europe

မော်စကိုမြို့လယ် မီးလောင်မှုတွင် သေဆုံးသူ ၈ ဦးထိ မြင့်တက်

မီးလောင်မှုဖြစ်ပွားသော နေရာသို့ မီးသတ်ကားတစ်စီး ရောက်ရှိလာစဉ်(ဆင်ဟွာ)

မော်စကို ၊ ဖေဖော်ဝါရီ ၅ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံမော်စကိုမြို့လယ်ရှိ ဇိမ်ခံလူနေအဆောက်အဦတစ်လုံး မီးလောင်မှုတွင် သေဆုံးသူ ၈ ဦးအထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ရုရှားသတင်းမီဒီယာက ဖေဖော်ဝါရီ ၄ ရက်တွင် ဖော်ပြခဲ့သည်။

“ လက်ရှိမှာ ကလေးနှစ်ယောက်အပါအဝင် သေဆုံး ၈ ဦး ရှိတယ်လို့သတင်းရရှိထားပါတယ်” ဟု ရုရှားနိုင်ငံစုံစမ်းစစ်ဆေးရေးကော်မတီ ၊ မော်စကိုဌာနအကြီးအကဲ ၏ ပြောရေးဆိုခွင့်ရှိသူ Yulia Ivanova ၏ ပြောကြားချက်ကို ကိုးကား၍ Tass သတင်းအေဂျင်စီက ဆိုသည်။

ထို့ပြင် Sputnik သတင်းအေဂျင်စီကလည်း ရုရှားနိုင်ငံ အရေးပေါ်ဝန်ကြီးဌာန၏ သတင်းအရင်းအမြစ်ကို ကိုးကား၍ အလားတူ သေဆုံးသူ အရေအတွက်ကို ဖော်ပြခဲ့သည်။

လူနှစ်ဦး(သို့မဟုတ်) နှစ်ဦးထက်ပို၍ လူသေဆုံးမှုဖြစ်ပွားသည့် အမှုမဲ့အမှတ်မဲ့သတိမမူသော အကြောင်းကိစ္စကို သိရှိရန် ကော်မတီအနေဖြင့် စုံစမ်းစစ်ဆေးမှုပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားသည်။

မီးလောင်မှုကြောင့် သေဆုံးသူ ၆ ဦးရှိကြောင်း ယင်းနေ့အစောပိုင်းတွင် ကော်မတီက ဆိုသည်။

မီးလောင်မှုသည် ဖေဖော်ဝါရီ ၄ ရက် ဒေသစံတော်ချိန် နံနက် ဝ.၅၅ နာရီတွင် အထပ် ၇ ထပ်ရှိ အဆောက်အဦ၏ ၅ ထပ်တွင် စတင် ဖြစ်ပွားခဲ့ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မီးလောင်မှုကို မီးသတ်ကား ၂၅ စင်း ၊ လူ အင်အား ၈ဝ ဖြင့်ငြှိမ်းသတ်ခဲ့ကြောင်း ၊ ၄ နာရီကျော်ကြာမြင့်ခဲ့ကြောင်း ၊ အကြောင်းမှာ မီးညွန့်သည် ၁၉၁၄ ခုနှစ်ကတည်ဆောက်ခဲ့သော အဆောက်အဦ၏ သစ်သား ထောက်တိုင် ၊ ရက်မ ၊ တန်းစသည့် အစိတ်အပိုင်းများကို လျင်လျင်မြန်မြန် ကူးစက်လောင်ကျွမ်းခဲ့ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

မီးသတ်သမားများက ကလေးယ် ၈ ဦးအပါအဝင် လူပေါင်း ၄၂ ဦးကို အဆောက်အဦအတွင်းမှ ကယ်တင်ခဲ့ကြောင်း ဝန်ကြီးဌာနက ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.