တူးနစ်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ) တူနီးရှားနိုင်ငံ အနောက်ပိုင်း Kasserine ပြည်နယ် ရှိ စစ်တပ်ဧရိယာတစ်ခုတွင် စက်တင်ဘာ ၂၄ ရက် နှောင်းပိုင်းက အကြမ်းဖက်သမားများ ထောင်ထားသည့် မြေမြှုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ရာ အရပ်သား ၂ဦးသေဆုံးခဲ့ကြောင်း တူနီးရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၅ ရက်တွင်ပြောကြားခဲ့သည်။
လန်ဒန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ) လန်ဒန်မြို့ အရှေ့ပိုင်း တွင် ဗြိတိန်ရဲတပ်ဖွဲ့ စီးနင်းရှာဖွေမှုတစ်ခုပြုလုပ်ခဲ့ရာ ရှူးဖိနပ်ဘူးများအတွင်း ထည့်ထားသည့် ကိုကင်း ၇၀ကီလိုဂရမ် နှင့် စတာလင်ပေါင် ၁၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၃၁,၈၀၄) သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
မန်ချက်စတာ ၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ) အင်္ဂလန်ထိပ်သီးဘောလုံးကလပ် မန်ချက်စတာယူနိုက်တက်အသင်းသည် ၂ဝ၁၇-၁၈ ဘောလုံးရာသီတွင် ဝင်ငွေ ပေါင် ၅၉ဝ သန်း ( အမေရိကန်ဒေါ်လာ ၇၇၇ သန်း) ရရှိခဲ့ကြောင်း ကလပ်အသင်း၏ နောက်ဆုံးထုတ်ပြန်သော ဘဏ္ဍာရေးရှင်းတမ်းများအရ သိရသည်။သို့သော် ၎င်းကလပ်အသင်းအနေဖြင့် အကြွေးငွေ ပေါင်...
တူးနစ်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) တူနီးရှားနိုင်ငံ ရေကြောင်းသွားလာမှု အစောင့်တပ်ဖွဲ့ သည် အီတလီကမ်းရိုးတန်းမှ ထွက်ခွာလာသော လူ ၁၄ဦး လိုက်ပါလာသည့် တရားမဝင်ရွှေ့ပြောင်းသွားလာသော လှေတစ်စင်းအား စက်တင်ဘာ ၂၄ ရက်တွင် ကြားဖြတ်တားဆီးခဲ့ကြောင်း သိရသည်။
လန်ဒန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) အင်္ဂလန်နိုင်ငံ အရှေ့ပိုင်း ကိန်းဘရစ်မြို့ရှိ ဆေးရုံတစ်ရုံ၏ ဒိုင်းနေရာတွင် စက်တင်ဘာလ ၂၂ ရက်က ပျားကောင်ရေ ၆၀,၀၀၀ ခန့်ရှိသော ပျားအုံကြီးတစ်အုံအား တွေ့ရှိခဲ့ကြောင်း သိရသည်။
နယ်သာလန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) နယ်သာလန်နိုင်ငံ အရှေ့တောင်ပိုင်း Oss မြို့ တွင် စက်တင်ဘာ ၂၀ ရက်က ရထားတစ်စင်း နှင့် တွဲဆိုင်းပါ လျှပ်စစ် စက်ဘီးတစ်စီး တိုက်မိခဲ့၍ အသက် ၄နှစ် မှ ၁၁နှစ် အကြားရှိ ကလေးငယ် ၄ဦး...
လန်ဒန်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံ လူတန်မြို့ ရှိ လမ်းမတစ်ခု တွင် ရန်ပွဲတစ်ခု ဖြစ်ပွားပြီးနောက် ဓားဒဏ်ရာများရရှိခဲ့သည့် လူအများအပြားအား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က စက်တင်ဘာ ၁၆ ရက်တွင်ပြောကြားခဲ့သည်။
တီရာနာ၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ) အယ်လ်ဘေးနီးယားနိုင်ငံ ရေတပ်မှ “Briza” အမည်ရှိ သင်္ဘော သည် သင်္ဘောပဲ့ကိုင်တွင် ချို့ယွင်းချက်ရှိနေသော ဂျာမနီရွက်သင်္ဘောတစ်စီးအား Durres ဆိပ်ကမ်းသို့ ကူညီဆွဲယူပေးခဲ့ကြောင်း အယ်လ်ဘေးနီးယား ကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။
ကိယက်ဗ် ၊ စက်တင်ဘာ ၁၁ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံသည် ခေတ်သစ်ပိုးလမ်းမကြီးတည်ဆောက်မှုတွင် အခြေခံအဆောက်အအုံ ရင်းနှီး မြှုပ်နှံမှုများကို တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းနိုင်ငံ အခြေခံအဆောက်အအုံရေးရာ ဝန်ကြီးဌာန ဝန်ကြီး Volodymyr Omelyanက စက်တင်ဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။
ပါရီ၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံ ပါရီမြို့ ရှိ ဟိုတယ်တစ်ခု တွင် ဆော်ဒီတော်ဝင် မိသားစုဝင် အမျိုးသမီးတစ်ဦး၏ ယူရို ၈၀၀,၀၀၀ ကျော် (အမေရိကန်ဒေါ်လာ ၉၂၈,၀၀၀) တန်ဖိုးရှိ လက်ဝတ်ရတနာများ ဓါးပြတိုက်ခံရကြောင်း Le Figaro သတင်းစာ က စက်တင်ဘာ...