Connect with us

Europe

ပရီးမီးယားလိဂ်ဘောလုံးအသင်းများ မေ ၁၉ ရက်မှစတင်ကာ အုပ်စုငယ်လေ့ကျင့်မှု ပြုလုပ်ခွင့်ရရှိ

မန်ချက်စတာယူနိုက်တက် ဘောလုံးသမားများ လေ့ကျင့်မှုပြုလုပ်နေသည်ကို ၂၀၁၉ ခုနှစ် ဇူလိုင် ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လန်ဒန် ၊ မေ ၁၉ ရက်(ဆင်ဟွာ)

အင်္ဂလန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် ၂၀၂၀ ပြည့်နှစ် မတ် ၁၃ ရက်မှ စတင်ရပ်နားခဲ့ရသော  ပရီးမီးယားလိဂ်ဘောလုံးပွဲစဉ်များအား ပြန်လည်စတင်နိုင်ရန် ကလပ်အသင်းများအနေဖြင့် ယနေ့ မေ ၁၉ ရက်မှ စတင်ကာ အုပ်စုငယ်လေ့ကျင့်မှုကို စတင်ခွင့်ပြုပေးလိုက်ကြောင်း သိရသည်။

ထိုသို့ပြုလုပ်ခွင့်ရရှိရန် ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် ကလပ်အသင်း ၂၀ သည် မေ ၁၈ ရက်တွင် ဆန္ဒမဲပေးခဲ့ကြပြီး ယင်းနောက်ထုတ်ပြန်သော ကြေညာချက်တစ်စောင်၌ မေ ၁၉ ရက် မွန်းလွဲပိုင်းမှစတင်ကာ အုပ်စုငယ်လေ့ကျင့်မှုကို ပြန်လည်ပြုလုပ်ရန် ၎င်းတို့အားလုံး သဘောတူညီခဲ့ကြခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

မန်ချက်စတာယူနိုက်တက် ဘောလုံးသမားများ လေ့ကျင့်မှုပြုလုပ်နေသည်ကို ၂၀၁၉ ခုနှစ် ဇူလိုင် ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကစားသမားများအားလုံးအနေဖြင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ( social distancing) နေ၍ လေ့ကျင့်ရန် လိုအပ်ကြောင်း နှင့် တစ်ဦးနှင့်တစ်ဦး ချိတ်ဆက် ထိတွေ့လေ့ကျင့်မှုကို ခွင့်မပြုကြောင်း သဘောတူညီချက်ထဲတွင် ပါရှိသည်။ 

“ ကစားသမားများ ၊ အသင်းနည်းပြများ ၊ အသင်းဆရာဝန်များ ၊ သီးခြားလွတ်လပ်သော ပညာရှင်များ နှင့် အစိုးရ တို့အကြား ညှိနှိုင်းဆွေးပြီး ယင်းပထမအဆင့်သဘောတူညီမှုကို ရရှိခဲ့ခြင်းဖြစ်သည် ” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

မန်ချက်စတာယူနိုက်တက် ဘောလုံးသမားများ လေ့ကျင့်မှုပြုလုပ်နေသည်ကို ၂၀၁၉ ခုနှစ် ဇူလိုင် ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

“ ဖြစ်နိုင်သမျှ ဘေးကင်းလုံခြုံဆုံး ပတ်ဝန်းကျင်တစ်ခုတွင် လေ့ကျင့်ရန်အတွက် ဆေးဘက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်း ကန့်သတ်မှုအမြင့်ဆုံး စံနှုန်းများဖြင့် တစ်ဦးချင်းစီကို ပြန်လည်လေ့ကျင့်ခွင့်ပြုခဲ့ခြင်းဖြစ်သည်” ဟု ဆက်လက်ဖော်ပြထားသည်။

မန်ချက်စတာယူနိုက်တက် ဘောလုံးသမားများ လေ့ကျင့်မှုပြုလုပ်နေသည်ကို ၂၀၁၉ ခုနှစ် ဇူလိုင် ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မန်ချက်စတာယူနိုက်တက် ဘောလုံးသမားများ လေ့ကျင့်မှုပြုလုပ်နေသည်ကို ၂၀၁၉ ခုနှစ် ဇူလိုင် ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မန်ချက်စတာယူနိုက်တက် ဘောလုံးသမားများ လေ့ကျင့်မှုပြုလုပ်နေသည်ကို ၂၀၁၉ ခုနှစ် ဇူလိုင် ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဗြိတိန်နိုင်ငံရှိ ထိပ်သီး နှင့် ဆုကြေးစား အားကစားသမားများအား ပြီးခဲ့သော ဗုဒ္ဓဟူးနေ့ကတည်းက အသင်းဖော်များအပါအဝင် ၎င်းတို့ ၏ အိမ်အပြင်ဘက်တွင်ရှိသော အခြားသူများ နှင့် အချိန်ပြည့် နှစ်မီတာ အကွာမှ သီးခြားလေ့ကျင့်မှု ပြုလုပ်ရန် ခွင့်ပြုပေးခဲ့သည်။ပရီးမီးယားလိဂ်ဘောလုံးပြိုင်ပွဲများကို လာမည့် ဇွန်လတွင် ပြန်လည်စတင်နိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117