Connect with us

Europe

အမေရိကန် နိုင်ငံ တက္ကဆက် ပြည်နယ်အုပ်ချုပ်ရေးမှူးက အကြမ်းဖက် ဆန္ဒပြမှုများ ဖြစ်ပွားပြီးနောက် ဘေးအန္တရာယ်သင့် ပြည်နယ်အဖြစ် ကြေညာ

အမေရိကန် နိုင်ငံ နယူးယောက်မြို့ Manhattan မြို့၌ ဆန္ဒပြမှုများအား မေ ၃၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဟော့စတန် ၊ ဇွန် ၁ ရက်(ဆင်ဟွာ)

အမေရိကန် နိုင်ငံ၌ လူမဲအမျိုးသား George Floyd သေဆုံးမှု အပေါ် မကျေိနပ်၍ တက္ကဆက် ပြည်နယ်အနှံ့ရှိ မြို့ကြီးများတွင် အကြမ်းဖက်ဆန္ဒပြမှုများ ဖြစ်ပွားပြီးနောက် ပြည်နယ်အုပ်ချုပ်ရေးမှူး Greg Abbott က ဘေးအန္တရာယ်သင့် ပြည်နယ် အဖြစ် မေ ၃၁ ရက်တွင် ကြေညာခဲ့သည်။ 

လက်ရှိဖြစ်ပွားနေသော ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန် ပြည်ထောင်စုအစိုးရ တရားဥပဒေစိုးမိုးရေး တပ်ဖွဲ့ဝင်များအား အသုံးပြုခွင့်ကို ယင်းကြေညာချက်အရ ပြည်နယ်အုပ်ချုပ်ရေးမှူး Abbott က ရရှိမည်ဖြစ်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးရုံး၏ ထုတ်ပြန်ချက် အရ သိရသည်။

ပြည်နယ်အုပ်ချုပ်ရေးမှူး Greg Abbott က မေ ၃၁ ရက်တွင် သီးခြားထုတ်ပြန်သော ကြေညာချက်တစ်စောင်၌ ပြည်သူ့ဘေးအန္တရာယ်ကင်းရှင်းရေးဌာန(DPS) နှင့် ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ၏ တရားဥပဒေစိုးမိုးရေး  ကြိုးပမ်းမှုအား အကူအညီပေးရန် အမျိုးသား အစောင့်တပ်သား ၁,၀၀၀ ကျော် နှင့် အခင်းဖြစ် မြို့ကြီးများသို့ ထောင်ပေါင်းများစွာသော တပ်ဖွဲ့ဝင်များကို စေလွှတ်ရန် ၎င်းအမိန့်ပေးခဲ့ကြောင်း ဖော်ပြထားသည်။

“တက္ကဆက်ပြည်နယ် ပထမအကြိမ် ဖွဲ့စည်းပုံပြင်ဆင်ချက် အခွင့်အရေးတွေဟာ အလုံးစုံအပြည့်အဝရှိတယ် ၊ အဲဒါကို အမြဲတမ်းကာကွယ်သွားရမယ်။ ဒါပေမယ့်  ပြည်နယ်ထဲမှာ အကြမ်းဖက်မှု ၊ ဖျက်ဆီးမှု နဲ့ လုယက်မှုတွေကိုတော့  လုံးဝသီးခံမှာ မဟုတ်ပါဘူး ။ အဲဒီလို ဥပဒေချိုးဖောက်သူတွေကို ဖမ်းဆီး အရေးယူသွားမှာ ဖြစ်ပါတယ်”ဟု ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။ 

ထိုအတောအတွင်း အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို(FBI)က ပြည်နယ် နှင့် ဒေသတွင်းရဲတပ်ဖွဲ့ဝင်များကို အကူအညီပေးရန် နည်းစနစ် အဖွဲ့များကို စေလွှတ်ခဲ့ကြောင်းလည်း သိရသည်။ ပြီးခဲ့သော နှစ်ရက်အတွင်း တက္ကဆက်ပြည်နယ် အနှံ့အပြား၌ ဆန္ဒပြမှု နှင့် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီး ရာပေါင်းများစွာသော ဆန္ဒပြသူများ အဖမ်းခံခဲ့ရကြောင်း သိရသည်။ တက္ကဆက်ပြည်နယ်  ဒါးလက်စ်မြို့ (Dallas) ၌ အကြမ်းဖက် ဆန္ဒပြမှုများအား တုံ့ပြန်ရန် လာမည့်ရက်ပေါင်းများစွာတိုင် ည ၇ နာရီမှ နံနက် ၆ နာရီ အထိ ညမထွက်ရ curfew အမိန့်တစ်ရပ်ကို ရဲချုပ် Renee Hall က မေ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ 

ပြည်နယ်၏ မြို့တော် Austin မြို့၌ မေ ၃၁ ရက် မွန်းလွဲပိုင်းတွင် ဆန္ဒပြသူများက မြို့လယ်၌ စုရုံးခဲ့ကြပြီး ဒေသတွင်း မီဒီယာများ၏ ဖော်ပြမှုအရ ဆန္ဒပြသူများက ပြည်နယ် လွှတ်အဆောက်အဦ နှင့် Austin မြို့တော်ခန်းမသို့ ချီတက်၍ “တရားမျှတမှု မရှိ ၊ ငြိမ်းချမ်းမှု မရှိ”ဟု ကြွေးကြော် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

အမေရိကန် နိုင်ငံ မင်နီဆိုတာပြည်နယ်၌ မေ ၂၅ ရက်က အာဖရိကန်နွယ်ဖွား ဂျော့ဂျ်ဖလွိုက်(George Floyd) ဆိုသူအမျိုးသားတစ်ဦးအား လူဖြူရဲအရာရှိတစ်ဦးက ဖမ်းဆီးစဉ်  ဒူးခေါင်းဖြင့် ဖိနှိပ်ချုပ်ထားသည့် ဗီဒီယိုဖိုင်တစ်ဖိုင် ပြန့်နှံ့သွားခဲ့ပြီးနောက် အမေရိကန် နိုင်ငံတစ်ဝှမ်းတွင် ဆန္ဒပြမှုများ နှင့် အဓိကရုဏ်များမှာ မြို့ကြီးများစွာ၌ ပြန့်နှံ့ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။  (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117