ဆစ်ဒနီ၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ) ၂၀၂၀ ခုနှစ်မတိုင်မီ သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်ရှိ ရဲတပ်ဖွဲ့ဝင် ၁၁၀၀၀ ဦးအား ခန္ဓာကိုယ်တွင် ဝတ်ဆင်နိုင်သော ကင်မရာများ တပ်ဆင်ထားနိုင်မည် ဖြစ်ကြောင်း ရဲတပ်ဖွဲ့ဆိုင်ရာ ပြည်နယ်ဝန်ကြီးက သြဂုတ်လ ၃၀ ရက်က ပြောကြားခဲ့သည်။
မော်စကို၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ) နိုင်ငံတကာ အာကာသစခန်း (ISS) မှ အာကာသယာဉ်မှူးများသည် ISS နှင့် ချိတ်ဆက်ထားသော ရုရှား Soyuz အာကာသယာဉ် ၌ လေယိုစိမ့်မှုတစ်ခုဖြစ်ပွားနေသည်ကို သိရှိခဲ့ကြောင်း ရုရှားနိုင်ငံ အာကာသကော်ပိုရေးရှင်း Roscosmos က သြဂုတ် ၃၀ ရက်တွင်ပြောကြားခဲ့သည်။
ဗယ်လက်တာ ၊ သြဂုတ် ၂၉ ရက်(ဆင်ဟွာ) ချက်နိုင်ငံအနေဖြင့် ဥရောပသမဂ္ဂ၏ရွှေ့ပြောင်းနေထိုင်သူများအရေးကိစ္စအား တာဝန်ခွဲယူရမည် ဟူသော ဆောင်ရွက်ချက်ကို လက်ခံမည်မဟုတ်ဟု မော်လ်တာသမ္မတနိုင်ငံသို့ အလည်အပတ် ခရီးစဉ် ရောက်ရှိနေသည့် ချက်နိုင်ငံ ဝန်ကြီးချုပ် Andrej Babiš က သြဂုတ် ၂၈ ရက်တွင် ပြောကြား ခဲ့သည်။
ဒပ်ဘလင်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) အိုင်ယာလန်နိုင်ငံ သမ္မတ ရွေးကောက်ပွဲအား အောက်တိုဘာလ ၂၆ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း အစိုးရအဆင့်မြင့် အရာရှိတစ်ဦးက သြဂုတ်လ ၂၈ ရက်တွင် ပြောကြားလိုက်သည်။
အေသင်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) ဂရိနိုင်ငံဝန်ကြီးချုပ် အဲလက်စီ စီးပရက်စ် (Alexis Tsipras) က အစိုးရအဖွဲ့ အပြောင်းအလဲ လုပ်ဆောင်ခဲ့ကြောင်း အစိုးရပြောခွင့်ရပုဂ္ဂိုလ် Dimitris Tzanakopoulos က ဂရိ အမျိုးသားအသံလွှင့်ဌာန ERT ရုပ်သံထုတ်ပြန်ချက်တွင် သြဂုတ်လ ၂၈ ရက်က ကြေညာခဲ့သည်။
မော်စကို ၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) ရုရှား နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး Sergey Shoygu က သြဂုတ်လ ၂၈ ရက် ၌ အလယ်ပိုင်း စစ်ဌာန သို့ သွားရောက် လေ့လာစဉ် အတွင်း မီဒီယာ များအား...
လန်ဒန်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံ လန်ဒန်မြို့ ရှိ Regent လမ်းမပေါ်၌ သြဂုတ် ၂၇ ရက် နံနက်အစောပိုင်းတွင် ရဲတပ်ဖွဲ့က လိုက်ဖမ်းနေသည့် ကားတစ်စီးက လမ်းသွားလမ်းလာတစ်ဦးအား ဝင်တိုက်မိသဖြင့် လူ ၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဘာလင် ၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) ဂျာမနီ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Heiko Maas က သြဂုတ်လ ၂၇ ရက် တွင် ဘာလင် မြို့၌ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး မဟာမိတ် ဖွဲ့စည်းကာ အမေရိကန် နိုင်ငံ မှ...
ဆိုဖီယာ ၊ သြဂုတ် ၂၆ ရက်(ဆင်ဟွာ) ဘူဂေးရီးယားနိုင်ငံ မြို့တော် ဆိုဖီယာမြို့ အနီးတွင် သြဂုတ် ၂၅ ရက် က ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ပြီးချောက်ထဲ ပြုတ်ကျမှုကြောင့် အနည်းဆုံး လူ ၁၆ ဦး သေဆုံးပြီး ၂၇ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
ဟယ်ဆင်ကီ၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) ဖင်လန်နိုင်ငံ အရှေ့ပိုင်း Kuopio မြို့တွင် သြဂုတ် ၂၄ ရက် က ရထားလမ်းကျော် တံတားတစ်စင်းပေါ်မှ ဘတ်စ်ကားတစ်စီး ပြုတ်ကျခဲ့ရာ အနည်းဆုံး လူ ၄ဦး သေဆုံးခဲ့ကြောင်း နိုင်ငံပိုင် ရုပ်သံလိုင်း Yle က ထုတ်လွှင့်ခဲ့သည်။