Connect with us

Europe

ဘောရစ်ဂျွန်ဆင်က ယူကေ ဝန်ကြီးချုပ်သစ်ဖြစ်လာ

ဗြိတိန်ဝန်ကြီးချုပ်သစ် ဘောရစ်ဂျွန်ဆင်အားတွေ့ ရစဉ်(ဆင်ဟွာ)

လန်ဒန် ၊ ဇူလိုင် ၂၄ ရက်(ဆင်ဟွာ)

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဟောင်း နှင့် လန်ဒန်မြို့တော်ဝန်ဟောင်း ဖြစ်သူ ဘောရစ်ဂျွန်ဆင်(Boris Johnson) သည် လက်ရှိအာဏာရ ကွန်ဆာဗေးတစ်ပါတီ၏ခေါင်းဆောင် အဖြစ်ဇူလိုင် ၂၃ ရက်က ရွေးကောက်တင်မြှောက်ခံရပြီး ၊ ၎င်းသည် ဗြိတိန်နိုင်ငံ၏ဝန်ကြီးချုပ်သစ် ဖြစ်လာခဲ့သည်။

ဂျွန်ဆင်သည် ပြိုင်ဘက်ဖြစ်သူ လက်ရှိဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဂျာရမီဟန့်(Jeremy Hunt) အား ထောက်ခံမဲ ၉၂,၁၅၃မဲ – ၄၆,၆၅၆မဲဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

မဲရလဒ်ထွက်ပေါ်လာပြီးနောက် ဂျွန်ဆင်က ဝန်ကြီးချုပ်တစ်ဦးအနေဖြင့် တိုင်းပြည်အတွက် “ စိတ်ခွန်အားသစ်တစ်ခုဖြစ် လုပ်ဆောင်နိုင်ရန်” ဆောင်ကြဉ်းပေးသွားမည်ဖြစ်ကြောင်း ဆိုသည်။

ဗြိတိန်ပါလီမန်နှင့် မီတာအနည်းငယ်ခန့်သာ ကွာဝေးသည့် အဲလိစ်ဇဘတ်ဘုရင်မစင်တာတွင် လူအုပ်ကြီးက ဗြိတိန်နိုင်ငံ၏ ဝန်ကြီးချုပ်သစ်ဖြစ်လာမည့် သူ အမည်ကို စောင့်မျှော်နားထောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထုတ်ဖော်ကြေညာမှုကို နားဆင်ရန် ဂျွန်ဆင်၏ ညီ လွှတ်တော်အမတ် Jo Johnson သည် ညီမဖြစ်သူ Rachel နှင့် ဖခင်ဖြစ်သူ Stanley Johnson တို့နှင့်အတူ အတူတကွ စောင့်ဆိုင်းခဲ့ကြကြောင်း သိရသည်။

ဗြိတိန်နိုင်ငံ၌ လက်ရှိအချိန်ထိ Brexit နုတ်ထွက်ရေးကိစ္စမှာ အရေးပါသော ဆွေးနွေးစရာအကြောင်းအရာတစ်ခုဖြစ်နေလျက်ရှိရာ ပါလီမန်အဆောက်အဦအပြင်ဘက်တွင် Brexit ထောက်ခံသူများ နှင့် ဥရောပသမဂ္ဂတွင် ဆက်လက်ပါဝင်ရေး ထောက်ခံသူများစုရုံးကာ အလံများဝှေ့ယမ်းခြင်း နှင့် အော်ဟစ်ခြင်းများ ပြုလုပ်ခဲ့သည်။

ဂျွန်ဆင်သည် ပါတီကိုယ်စားလှယ် ၁၆ဝ,ဝဝဝ အကြားတွင် အစဉ်တစ်စိုက်လူကြိုက်များခဲ့သူဖြစ်သည်။သို့သော် ၎င်း၏ အောင်မြင်မှုက ပြန်လည်ဖွဲ့စည်းသော အစိုးရအဖွဲ့ထဲတွင် နုတ်ထွက်မှု အရှုပ်အထွေးများဖြင့် ကြုံတွေ့ရဖွယ်ရှိနေသည်။

ဗြိတိန်ဘဏ္ဍာရေးဝန်ကြီး Philip Hammond က သဘောတူညီမှုမရှိဘဲ အီးယူမှ နုတ်ထွက်မှုကို မထောက်ခံနိုင်ကြောင်း နှင့် ၎င်းအနေဖြင့် ရာထူးမှ နုတ်ထွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သဘောတူညီမှုတစ်ခု ရသည်ဖြစ်စေ မရသည်ဖြစ်စေ ဂျွန်ဆင်က ဗြိတိန်နိုင်ငံအား ဥရောပသမဂ္ဂမှ အောက်တိုဘာ ၃၁ တွင် ထွက်ခွာရန် ကတိပြုထားသည်။

၂ဝ၁၆ ခုနှစ်တွင် ပြုလုပ်သော လူထုဆန္ဒခံယူပွဲအပြီးတွင် ထိုစဉ်က ဝန်ကြီးချုပ်ဒေးဗစ်ကင်မရွန်း ရာထူးမှနုတ်ထွက်ခဲ့ရပြီးနောက် နိုင်ငံ့ခေါင်းဆောင်ရာထူးအတွက် ယှဉ်ပြိုင်မှုတွင် ပါဝင်ရန် ရည်ရွယ်ချက်များကို ဘောရစ်ဂျွန်ဆင်က စွန့်လွှတ်ခဲ့ပြီး လေးနှစ်အကြာ ဇူလိုင် ၂၃ ရက်တွင် အနိုင်ရ၍ ဝန်ကြီးချုပ်ဖြစ်ခွင့် ရခဲ့သည်။

ဇူလိုင် ၂၃ ရက်က ရွေးကောက်ပွဲ ရလဒ်ကြေညာခဲ့ပြီးနောက်တွင် လက်ရှိဝန်ကြီးချုပ်ထရီဇာမေ နှင့် ဘောရစ်ဂျွန်ဆင်တို့အကြား ရာထူးလွှဲပြောင်းရန် ဖြစ်လာသည်။ ထရီဇာမေသည် ၂ဝ၁၆ ခုနှစ်တွင် ဒေးဗစ်ကင်မရွန်းထံမှ ဝန်ကြီးချုပ်ရာထူးဆက်ခံခဲ့သူဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.