ထရိုဒိမ်း ၊ အောက်တိုဘာ ၃၁ ရက်(ဆင်ဟွာ) ရုရှားက နော်ဝေး အနောက်ဘက်ရှိ နိုင်ငံတကာ ပင်လယ်ရေပိုင်နက်တွင် ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှု များ ယခုရက်သတ္တပတ်အတွင်း ပြုလုပ်သွားမည်ဟု အကြောင်းကြားထားကြောင်း၊ သို့သော် နေတိုး အနေဖြင့် နော်ဝေးနှင့်၎င်းအနီးတဝိုက်တွင်ကျင်းပမည့် Trident Juncture 2018 ပူးတွဲ စစ်ရေးလေ့ကျင့်မှု အစီအစဉ်များကို ပြောင်းလဲမည်မဟုတ်ကြောင်း...
စတော့ဟုမ်း ၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) ဒိန်းမတ် နိုင်ငံခြားရေး ဝန်ကြီးဌာန က အောက်တိုဘာ ၃၀ ရက် ၌ အီရန် နိုင်ငံ ဆိုင်ရာ ဒိန်းမတ် နိုင်ငံ သံအမတ်ကြီး အား နိုင်ငံ သို့ ပြန်လည် ခေါ်ယူခဲ့ပြီး အီးယူ...
အေသင်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ) ဂရိနိုင်ငံအနောက်ပိုင်း Zakynthos ကျွန်းတွင် အောက်တိုဘာ ၃၀ ရက်က အင်အား ၅.၄ပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ဥရောပ-မြေထဲပင်လယ် မြေငလျင်ဌာနကပြောကြားခဲ့သည်။
ဝယ်လ်လင်တန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ) နယူးဇီလန်နိုင်ငံ North Island ရှိ Waitara မြို့အနီးတွင် အောက်တိုဘာ ၃၀ ရက်က အင်အား ၆.၁ပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာရေးအဖွဲ့ကပြောကြားခဲ့သည်။
ရီယိုဒီဂျနေးရိုး၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ သမ္မတ ရွေးကောက်ပွဲကို အောက်တိုဘာလ ၂၈ ရက်က ကျင်းပခဲ့ရာ လက်ယာယိမ်း ကိုယ်စားလှယ်လောင်းဖြစ်သူ Jair Bolsonaro သည် ဆန္ဒမဲများ၏ ၅၅ ရာခိုင်နှုန်းကျော် ရရှိကာ အနိုင်ရရှိခဲ့ကြောင်း ရွေးကောက်ပွဲဆိုင်ရာ အထက်တရားရုံးထံမှ သိရသည်။
လန်ဒန်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) အင်္ဂလိပ်ပရီးမီးယားလိဂ်အသင်းတစ်သင်းဖြစ်သော လက်စတာစီးတီး ပိုင်ရှင်၏ ရဟတ်ယာဉ်သည် အောက်တိုဘာလ ၂၇ ရက်က အသင်း၏ အားကစားရုံ King Power ပြင်ပ၌ ကစားပွဲအပြီး ပျံတက်ပြီးနောက် ပျက်ကျသွားခဲ့ကြောင်း သိရသည်။
ဒပ်ဘလင်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) အိုင်ယာလန်နိုင်ငံ၌ ၂၀၁၈ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် Michael D. Higgins သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရကြောင်း သမ္မတ ရွေးကောက်ပွဲနှင့် ဆန္ဒခံယူပွဲရုံး ရွေးကောက်ပွဲတာဝန်ခံ Barry Ryan က အောက်တိုဘာလ ၂၈ ရက် ညပိုင်းတွင် ပြောကြားလိုက်သည်။
ဗလာဒီဗော့စ်တော့၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ အရှေ့ဖျားဒေသ Sakhalin ဒေသရှိ Yuzhno-Kurilsk ခရိုင်တွင် ငလျင် နှစ်ကြိမ် လှုပ်ခတ်ခဲ့ကြောင်း၊ ဒဏ်ရာရရှိမှုနှင့် ပျက်စီးမှု သတင်းများမရှိသေးကြောင်း အရေးပေါ်အခြေအနေဆိုင်ရာ ဝန်ကြီးဌာန ဒေသခံဌာနခွဲက ပြောကြားလိုက်သည်။
အေသင်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ) ဂရိနိုင်ငံ အနောက်ပိုင်း တွင် အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက ရစ်ချ်တာစကေး ၆.၄ ပမာဏရှိ အင်အားပြင်းထန်သော ငလျင်တစ်ခု လှုပ်ခတ်သွားပြီး ယခုအချိန်အထိ သေဆုံးသူမရှိသေးကြောင်း ဂရိနိုင်ငံ ငလျင်ပညာရှင်များကပြောကြားခဲ့သည်။
ရောမ၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ) အီတလီနိုင်ငံ မြို့တော် ရောမမြို့ တွင် ဘူတာရုံစက်လှေကားတစ်ခုမှာ အောက်တိုဘာ ၂၃ ရက်ညပိုင်း က ပြိုကျခဲ့ရာ အနည်းဆုံး ရုရှားဘောလုံးပရိသတ် ၂၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းသတင်း၌ပါရှိသည်။