လန်ဒန် ၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ) အင်္ဂလန်နိုင်ငံ လန်ဒန်မြို့လယ်ရှိ အောက်စ်ဖို့ဆပ်ကပ်ပြပွဲရုံတွင် နိုဝင်ဘာလ ၂၄ ရက် ညပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဗြိတိန်ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သိရသည်။
မော်စကို၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်သည် ဆီးရီးယားနိုင်ငံ၏ နောက်ဆုံး ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများ နှင့် ပတ်သက်၍ ဆော်ဒီ၊ အီဂျစ်၊ အစ္စရေးခေါင်းဆောင်များ နှင့် အသီးသီးဆွေးနွေးခဲ့ကြောင်း ကရင်မလင်နန်းတော် သတင်းထုတ်ပြန်ရေး က နိုဝင်ဘာ ၂၁ရက်တွင် ထုတ်ပြန်ခဲ့သည်။
အိုစလို၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) အသက် ၃၄နှစ်အရွယ် နော်ဝေးနိုင်ငံသားတစ်ဦးအား IS အကြမ်းဖက်အုပ်စုနှင့် ပူးပေါင်းမှု နှင့် ဆီးရီးယားတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများ၌ ပါဝင်ခဲ့မှုတို့ဖြင့် ထောင်ဒဏ် ၇နှစ် ၆လ ချမှတ်ခဲ့ကြောင်း TV2 ရုပ်သံလိုင်းက နိုဝင်ဘာ ၂၀ ရက်တွင်ဖော်ပြခဲ့သည်။
ဘရပ်ဆဲလ်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) ဘယ်လ်ဂျီယံနိုင်ငံ ဂန့်မြို့ရှိ ArcelorMittalစတီးအလုပ်ရုံ ၌ နိုဝင်ဘာ ၂၀ ရက်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လူတစ်ဦးသေဆုံးခဲ့ပြီး အခြားလူ ၂ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းသတင်းတစ်ရပ်တွင်ဖော်ပြခဲ့သည်။
မော်စကို ၊ နိုဝင်ဘာ ၁၉ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံလေတပ်မှ စစ်တပ်ဗုံးကျဲလေယာဉ်များသည် ဆီးရီးယားနိုင်ငံအတွင်းရှိ အိုင်အက်စ်(IS) အကြမ်းဖက်အုပ်စုများ၏ အခြေစိုက်စခန်းများအား နိုဝင်ဘာ ၁၈ ရက်က လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
မော်စကို၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ဥရောပ နှင့် အမေရိကန်နိုင်ငံ၌ လာမည့် နှစ်သစ်ကူးအားလပ်ရက်များအတွင်း အကြမ်းဖက်တိုက်ခိုက်မှု အန္တရာယ် ပိုမိုမြင့်တက်လာနိုင်ခြေရှိကြောင်း နိုဝင်ဘာ ၁၇ရက်ကပြောကြားခဲ့သည်။
တီရာနာ၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) အယ်လ်ဘေးနီးယားနိုင်ငံ မြောက်ပိုင်း ဘူလ်ကွီဇာမြို့ ရှူပန်ဇာရွာရှိ စာသင်ကျောင်းတစ်ကျောင်းမှ ကျောင်းသား ၆၀ဦးခန့်သည် နိုဝင်ဘာ ၁၇ရက်တွင် အသက်ရှူကျပ်သည့် လက္ခဏာများခံစားခဲ့ရကြောင်း အယ်လ်ဘေးနီးယားနိုင်ငံကျန်းမာရေးဝန်ကြီးဋ္ဌာနက ပြောကြားခဲ့သည်။
လန်ဒန်၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံတွင် နိုဝင်ဘာ ၁၇ ရက်က ရဟတ်ယာဉ်တစ်စီး နှင့် လေယာဉ်ငယ်တစ်စီး ကောင်းကင်ပျံသန်းနေစဉ် တိုက်မိရာ လူအများအပြားသေဆုံးခဲ့ကြောင်း သိရသည်။
မော်စကို၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ အလယ်ပိုင်းတွင် နိုဝင်ဘာ ၁၆ ရက်က ဘတ်စ်ကားတစ်စီးနှင့် ကုန်တင်ကားတစ်စီးတိုက်မိရာ စုစုပေါင်း လူ ၁၅ဦးသေဆုံးခဲ့ကြောင်း ဒေသခံအာဏာပိုင်များကပြောကြားခဲ့သည်။
အေဒင် ၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) ဂရိ နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ ယခု ရက်ပိုင်းအတွင်း မြို့တော် အေဒင် ၌ မိုးသည်းထန်စွာ ရွာသွန်းသဖြင့် လက်ရှိချိန်ထိ လူပေါင်း အနည်းဆုံး ၁၅ ဦး သေဆုံးခဲ့ပြီး ၁၇...