ပါရီ ၊ ဒီဇင်ဘာ ၁၃ ရက်(ဆင်ဟွာ) ပြင်သစ်နိုင်ငံဘောလုံးမဂ္ဂဇင်းမှ ပေးအပ်ချီးမြင့်သော (Ballon d’Or) ရွှေဘောလုံးဆု ကို ခရစ်တီယာနို ရော်နယ်ဒိုသည် ဒီဇင်ဘာလ ၁၂ ရက်က လေးကြိမ်မြောက်အဖြစ် ဆွတ်ခူးရရှိသွားကြောင်းသိရသည်။
အစ္စတန်ဘူလ်၊ ဒီဇင်ဘာ ၁၁ရက် (ဆင်ဟွာ) တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ အလယ်ပိုင်းတွင် ဒီဇင်ဘာ ၁၀ရက် ညက ပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၂၇ဦး နှင့် ပြည်သူ ၂ဦး သေဆုံးခဲ့ပြီး အခြား လူ ၁၆၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရပိုင်းတာဝန်ရှိသူများ က ပြောကြားခဲ့သည်။
သြစတြီးယား၊ ဒီဇင်ဘာ ၁၀ရက် (ဆင်ဟွာ) သြစတြီးယားနိုင်ငံ Viennaမြို့ရှိ Schonbrunn တိရစ္ဆာန်ရုံတွင် ဒီဇင်ဘာ ၉ရက်က လုံဟွေအမည်ရှိ အသက် ၁၆နှစ်အရွယ် ပန်ဒါတစ်ကောင်အား အရေးပေါ်ဆေးကုသမှုပြုလုပ်နေစဉ် သေဆုံးခဲ့ကြောင်း တိရစ္ဆာန်ရုံကပြောကြားခဲ့သည်။
ပဲရစ်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ) လက်ရှိ ပြည်ထဲရေး ဝန်ကြီး Bernard Cazeneuve အား ဝန်ကြီးချုပ်အဖြစ် မန်နျူရယ် ဗောလ်စ် (Manuel Valls) ၏ နေရာ၌ ဒီဇင်ဘာလ ၆ ရက်တွင် ပြင်သစ် သမ္မတ ဖရန်ဆွာ ဟော်လန်ဒီက အစားထိုး...
ဝါဆော၊ ဒီဇင်ဘာ ၇ရက် (ဆင်ဟွာ)ပိုလန်အာဏာပိုင်များသည် ဘယ်လာရုစ်နိုင်ငံ နှင့် ထိစပ်နေသည့် ပိုလန်အရှေ့ပိုင်းနယ်စပ်တွင် အမေရိကန်ဒေါ်လာ ၂.၂၅သန်း တန်ဖိုးရှိသည့် တရားမဝင်ဆေးလိပ်များအား ဖမ်းဆီးရမိခဲ့ပြီး စစ်ဆင်ရေးတစ်ခုအတွင်း တရားမဝင် ဆေးလိပ်အရေအတွက် အများဆုံး ဖမ်းဆီးရမိသည့် ဖြစ်ရပ်တစ်ခုဖြစ်ကြောင်း ပြည်တွင်းမီဒီယာတစ်ခု က ဒီဇင်ဘာ ၆ရက်တွင်ဖော်ပြခဲ့သည်။
ဂျနီဗာ၊ ဒီဇင်ဘာ ၆ရက် (ဆင်ဟွာ) Gotthard မြေအောက်လိုဏ်ခေါင်း အား စမ်းသပ်စစ်ဆေးမှုများ လပေါင်းများစွာပြုလုပ်ပြီးနောက် ဆွစ်ဇာလန်နိုင်ငံ ဖယ်ဒရယ်ပို့ဆောင်ရေးရုံး က ဆွစ်ဇာလန်နိုင်ငံ မှ ရထားများ လာမည့်အပတ်တွင် Gotthard မြေအောက်လိုဏ်ခေါင်း ကို အသုံးပြု၍ ခရီးသည်တင်ဆောင်ခြင်း နှင့် ကုန်စည်ပို့ဆောင်မှုများပြုလုပ်နိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပဲရစ်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံရှိ စားသောက်ဆိုင် ၁၀၀ သည် အရည်အသွေး ပြည့်ဝသည့် ကမ္ဘာ့ ထိပ်တန်း စားသောက်ဆိုင် ၁,၀၀၀ စာရင်းဝင်ခဲ့သလို ပြင်သစ်နိုင်ငံမှ စားသောက်ဆိုင် ၁၁၃ ခု၊ ဂျပန်နိုင်ငံမှ စားသောက်ဆိုင် ၁၁၆ ခုလည်း အသီးသီး စာရင်းဝင်ခဲ့ကြောင်း...
လန်ဒန် ၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ) ဗြိတိန်နိုင်ငံသား အသက် ၁ဝ၁ နှစ်အရွယ်ရှိ အဖိုးအိုတစ်ဦးသည် နိုင်ငံ၏ တရားစီရင်ရေးသမိုင်းတွင် အသက်အကြီးဆုံး တရားခံတစ်ဦးဖြစ်လာရန် ယုံကြည်ရကြောင်း နှင့် ၎င်းသည် ကလေးမုဒိမ်းမှုများ ဖြင့် တရားရင်ဆိုင်နေရကြောင်း ဒေသတွင်းမီဒီယာများက ဒီဇင်ဘာလ ၅ ရက်တွင် သတင်းဖော်ပြခဲ့ကြသည်။
ရောမ၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) အီတလီနိုင်ငံတွင် ဒီဇင်ဘာလ ၄ ရက်က ပြုလုပ်သည့် အစိုးရအဖွဲ့ ကျောထောက်နောက်ခံပြုထားသော အခြေခံ ဥပဒေ ပြုပြင်ပြောင်းလဲရေး ဆန္ဒခံယူပွဲ၌ အကြီးအကျယ် ရှုံးနိမ့်ခဲ့ပြီးနောက် ရာထူးမှ နုတ်ထွက်မည် ဖြစ်ကြောင်း အီတလီနိုင်ငံ ဝန်ကြီးချုပ် Matteo Renzi က...
မက်ဒရစ် ၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) စပိန်နိုင်ငံအလယ်ပိုင်း Toledo ပြည်နယ်၌ လူကြီး ၂ ဦး နှင့် ကလေးငယ် ၂ ဦး လိုက်ပါလာသော အပေါ့စား လေယာဉ်ပျံတစ်စင်းသည် ဒီဇင်ဘာလ ၄ ရက်က ပျက်ကျသွားခဲ့ကြောင်း ဒေသတွင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များက အတည်ပြုပြောကြားခဲ့သည်။