Connect with us

Europe

ကနေဒါနိုင်ငံတွင် လေပြင်းတိုက်ခတ် လူ ၂ ဦးသေဆုံး

ကနေဒါနိုင်ငံ Ontario ပြည်နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ပြိုလဲနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အော့တဝါ၊ မေ ၅ ရက် (ဆင်ဟွာ)

ကနေဒါနိုင်ငံ Ontario ပြည်နယ်တစ်လျှောက်၌ မေလ ၄ ရက် ညနေပိုင်းတွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးမုန်တိုင်း တိုက်ခတ်ခြင်းနှင့် မိုးသီးကြွေကျခြင်းများ ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂ ဦးသေဆုံးကာ လူနေအိမ်ခြေ ၂၀၀,၀၀၀ လုံးနီးပါး လျှပ်စစ်မီးပြတ်တောက်ခဲ့ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

အမျိုးသားတစ်ဦးသည် သစ်ပင်ပိကျမှုကြောင့် သေဆုံးခဲ့ပြီး အခြားတစ်ဦးမှာ မိုးကြိုးထိမှန်ဒဏ်ရာဖြင့် ဆေးရုံတွင် သေဆုံးသွားခဲ့ကြောင်း၊ အဆိုပါ အမျိုးသားနှစ်ဦးမှာ Tree Service ကုမ္ပဏီတစ်ခုမှ အလုပ်သမားများဖြစ်ကြောင်း ဒေသခံရဲတပ်ဖွဲ့၏ ပြောကြားချက်အား ကိုးကား၍ CTV သတင်းက ဖော်ပြထားသည်။

ကနေဒါနိုင်ငံ သဘာဝပတ်ဝန်းကျင်ဌာနက မေလ ၄ ရက်တွင် Ontario ပြည်နယ်၌ လေပြင်းတိုက်ခတ်မှု သတိပေးချက်များ ထုတ်ပြန်ထားပြီး အခြားဒေသများတွင်လည်း တစ်နာရီလျှင် ၁၁၀ ကီလိုမီတာနှုန်းဖြင့် လေပြင်းတိုက်ခတ်နိုင်ကြောင်း ပြောကြားထားသည်။

မေလ ၄ ရက် ညနေပိုင်းအထိ Toronto Pearson International လေဆိပ်၌ လေကြောင်းခရီးစဉ်များအားလုံး ပိတ်ထားကြောင်း၊ သို့သော် နောက်ပိုင်းတွင် ဆိုင်းငံ့မှုအများစုအား ပြန်လည်ခွင့်ပြုခဲ့ကြောင်း သိရသည်။

တိုရန်တိုမြို့တွင် နေထိုင်သူများက လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်အများစု လဲပြိုသွားကြောင်းနှင့် သစ်ပင်တစ်ပင်ချင်းစီ၌ အမြစ်မှကျွတ်ထွက်ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း ပြောကြားခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.