Connect with us

Europe

လန်ဒန်မြောက်ပိုင်းတွင် ပေါက်ကွဲမှုကြောင့် လူ ၃၀ နီးပါး ဒဏ်ရာရ

လန်ဒန်မြို့မြောက်ပိုင်းတွင် ပေါက်ကွဲမှုဖြစ်ပွားနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

လန်ဒန်၊ မေ ၃ ရက် (ဆင်ဟွာ)

လန်ဒန်မြို့ မြောက်ပိုင်းတွင် မေလ ၃ ရက်တွင် ပွဲတော်တစ်ခုကျင်းပနေစဉ် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၃၀ နီးပါး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပေါက်ကွဲမှုသည် ဂျူးဘာသာဝင်များ၏ နှစ်ပတ်လည် ရိုးရာပွဲတော်ဖြစ်သော Lag BaOmer ၌ ပြုလုပ်ထားသည့် မီးပုံများအတွင်းသို့ မိုဘိုင်းဖုန်းများပစ်ထည့်သဖြင့် ဖြစ်ပွားရခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းအချိန်၌ Stamford Hill တွင် လူပေါင်းများစွာ စုဝေးနေခဲ့သည်။ ယင်းအနက် လူ ၁၀ ဦးမှာ မီးလောင်ဒဏ်ရာများရရှိခဲ့ပြီး အခြားသူ ၂၀ ဦးမှာ လွတ်မြောက်ရေးအတွက် ကြိုးပမ်းစဉ် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း မီဒီယာက သတင်းဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.