Connect with us

Europe

တိုရန်တိုမြို့တွင် ဗင်ကားဖြင့် တိုက်ခိုက်ခံရမှုတွင် သေဆုံးသူ ၁၀ ဦးအထိရှိလာ


တိုရန်တို၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)

ကနေဒါနိုင်ငံ တိုရန်တိုမြို့ မြောက်ပိုင်းရှိ ဆင်ခြေဖုန်းရပ်ကွက်တွင် ဧပြီလ ၂၃ ရက်က လူအုပ်အတွင်းသို့ ဗင်ကား တစ်စီးဖြင့် ဝင်တိုက်ခဲ့ခြင်းကြောင်း ဒဏ်ရာရပြီး သေဆုံးသူ အရေအတွက်မှာ ၁၀ ဦးအထိ ရှိလာခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

ထို့ပြင် တိုရန်တိုမြို့ရှိ ဆေးရုံများ၌ တက်ရောက်ကုသနေသူ ၁၅ ဦး ကျန်ရှိနေသေကြောင်း တိုရန်တို ရဲချုပ် Mark Sauders က ပြောကြားခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုအတွက် သံသယရှိသူ တိုရန်တို ဆင်ခြေဖုန်း၌ နေထိုင်သည့် အသက် ၂၅ နှစ်အရွယ် Alek Minassian အား ထိန်းသိမ်းထားကြောင်း Sauders က ပြောကြားခဲ့သည်။

သို့သော်လည်း တိုက်ခိုက်မှု ပြုလုပ်ရသည့် အကြောင်းရင်းအား မသိရှိရသေးကြောင်းနှင့် ထို သံသယရှိသူနှင့် ပတ်သက်၍ ပြစ်မှုမှတ်တမ်း မရှိကြောင်း အဆိုပါ ရဲချုပ်က ဆိုသည်။

တိုရန်တိုမြို့၌ လူအုပ်အတွင်း ဝင်တိုက်ခဲ့သည့် ဗင်ကားအား တွေ့ရစဉ် (ဆင်ဟွာ)

တိုက်ခိုက်မှု ဖြစ်စဉ်မှာ အဖြူရောင် ဗင်ကား တစ်စီးသည် လမ်းသွားလမ်းလာ လူအုပ်အတွင်းသို့ မောင်းဝင်သွားခဲ့ခြင်း ဖြစ်သည်။ ဗင်ကားမောင်းသူမှာ ထွက်ပြေးသွားခဲ့သော်လည်း ချက်ချင်းပင် ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

“စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပြီး အဲဒီအတွက် အခြား အတည်ပြုနိုင်တာတွေတော့ မရှိသေးပါဘူး။ အခုလို ဘာတွေဖြစ်ခဲ့လဲ၊ ဘာကြောင့် လုပ်ရတာလဲဆိုတာနဲ့ ရည်ရွယ်ချက်တွေ ရှိမရှိ ဆက်ပြီး စုံစမ်းစစ်ဆေးနေတုန်းပါပဲ” ဟု ကနေဒါနိုင်ငံ အများပြည်သူ ဘေးကင်းရေးဆိုင်ရာ ဝန်ကြီးဌာန Ralph Goodale က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုသည် G7 နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ စုဝေးကာ ကမ္ဘာ့အရေး ဆွေးနွေးသည့် အစည်းအဝေးပြုလုပ်ရာ မြို့လယ်မှ ၂၉ ကီလိုမီတာခန့်အကွာ၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယင်း တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ကနေဒါနိုင်ငံ ဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုး (Justin Trudeau) က “တိုရန်တို အမှုဖြစ်စဉ်ကို ကျွန်တော်တို့ လေ့လာနေပါတယ်။ ထိခိုက် သေဆုံးရသူ တစ်ဦးစီအတွက် ကျွန်တော်တို့လည်း ဝမ်းနည်းရပါတယ်” ဟု အော့တဝါမြို့၌ ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.