ဆိုဖီယာ၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ နှင့် ထိစပ်နေသည့် ဘူလ်ဂေးရီးယားနိုင်ငံ အရှေ့တောင်ပိုင်း ရှိ လီဆိုဗိုစစ်ဆေးရေးဂိတ်တွင် ဘူလ်ဂေးရီးယားအကောက်ခွန်အရာရှိများ သည် ဘိန်းဖြူ ၂၅.၆၆၆ကီလိုဂရမ် ကို သိမ်းဆည်းရမိခဲ့ကြောင်း အာဏာပိုင်များက ဒီဇင်ဘာ ၁၁ ရက်တွင်ပြောကြားခဲ့သည်။
နယူးယောက် ၊ ဒီဇင်ဘာ ၁ဝ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ဒီဇင်ဘာ ၉ ရက် နံနက်ပိုင်းတွင် ယခုနှစ်ဆောင်းရာသီ၏ ပထမဆုံး ဆီးနှင်းများ ကျဆင်းခဲ့ကြောင်း နှင့် ၎င်းဆီးနှင်းများသည် ဒီဇင်ဘာ ၁ဝ ရက် နံနက်ပိုင်းအထိ ဆက်လက်ကျဆင်းနေမည်ဟု မျှော်လင့်ရကြောင်း သိရသည်။
လန်ဒန် ၊ ဒီဇင်ဘာ ၁ဝ ရက်(ဆင်ဟွာ) ဗြိတိန်နိုင်ငံဝန်ကြီးချုပ်ထရီဇာမေက အိုင်အက်စ်(IS) များပေါ်နှိမ်နင်းအောင်မြင်ခဲ့သည့် အီရတ်နိုင်ငံဝန်ကြီးချုပ် Haider Abadi ကို ဒီဇင်ဘာ ၉ ရက်တွင် ဂုဏ်ပြုချီးကျူးစကားဆိုခဲ့သော်လည်း အကြမ်းဖက်အုပ်စုမှာ အပြီးသတ်ကျဆုံးခြင်း မရှိသေးကြောင်း သတိပေးစကားဆိုခဲ့သည်။
ပဲရစ် ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) ပေါ်တူဂီလက်ရွေးစင် နှင့် ရီယဲလ်မက်ဒရစ် အသင်း တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုသည် ၎င်း၏ ကစားသမားသက်တမ်းတစ်လျှောက် ၅ ကြိမ်မြောက် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု (ရွှေဘောလုံးဆု) ကို ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။ ရော်နယ်ဒိုအား ကမ္ဘာ့ရွှေဘောလုံး ဆုပေးပွဲတွင် တွေ့ရစဉ်(ဆင်ဟွာ) ရော်နယ်ဒိုအား ကမ္ဘာ့ရွှေဘောလုံး ဆုပေးပွဲတွင်...
ဘူချာရတ်စ်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ) ရိုမေးနီးယားနိုင်ငံ၏ ဘုရင်ဟောင်း သက်တော် ၉၆ နှစ်အရွယ်ရှိပြီဖြစ်သော Mihai I သည် ဆွစ်ဇာလန်နိုင်ငံရှိ အိမ်တော်တွင် နတ်ရွာစံသွားပြီဖြစ်ကြောင်း ရိုမေးနီးယား တော်ဝင်အိမ်တော်မှ ကြေညာချက် ထုတ်ပြန်ခဲ့သည်။
မော်စကို ၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ) ရုရှား နိုင်ငံ သမ္မတ ပူတင် က ၎င်းအနေဖြင့် ၂၀၁၈ ခုနှစ် မတ်လပိုင်းတွင် ကျင်းပ ပြုလုပ်မည့် ရုရှား နိုင်ငံ သမ္မတ ရွေးကောက်ပွဲ ကို ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ဒီဇင်ဘာ ၆...
ဖရန့်ခ်ဖာ့တ်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံ ဒက်ဆယ်ဒေါ့ဖ်မြို့နှင့် ကပ်လျက် မြို့တစ်မြို့၌ ဒီဇင်ဘာ ၅ရက်တွင် ရထားတိုက်မှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၄၇ဦး ဒဏ်ရာရရှိပြီး ၎င်းတို့အနက် ၃ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ပြည်တွင်းမီးသတ်ဋ္ဌာနက ပြောကြားခဲ့သည်။
လန်ဒန် ၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ) လန်ဒန်မြို့အမှတ်(၁ဝ) ဒေါင်းနင်းလမ်း(Downing street) ရှိ ဗြိတိန်ဝန်ကြီးချုပ် အိမ်တော်၌ ဝန်ကြီးချုပ် ထရီဇာမေအားလုပ်ကြံရန် ကြိုးပမ်းသူ အကြမ်းဖက်သမားနှစ်ဦးကို ဗြိတိန်နိုင်ငံရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးလိုက်ကြောင်း ဗြိတိန်သတင်းစာများ က ဒီဇင်ဘာ ၅ ရက်တွင် ရေးသားဖော်ပြခဲ့သည်။(Xinhua) လန်ဒန်မြို့အမှတ်(၁ဝ) ဒေါင်းနင်းလမ်းရှိ ဗြိတိသျှဝန်ကြီးချုပ်အိမ်တော်...
မော်စကို ၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) ရုရှား နိုင်ငံ ဝန်ကြီးချုပ် Dmitry Medvedev က လတ်တလော ရက်ပိုင်း အတွင်း ပစ်လွှတ် ခဲ့သည့် Soyuz-2.1B အာကာသ ဒုံးပျံ ပစ်လွှတ်မှု မအောင်မြင်ခြင်း နှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိ...
အန်ကာရာ ၊ ဒီဇင်ဘာ ၅ ရက်(ဆင်ဟွာ) အစ္စရေးနိုင်ငံက ဂျေရုစလမ်ကို မြို့တော်အဖြစ် ဖြစ်နိုင်ဖွယ် ပြောင်းရွှေ့မှုကို အမေရိကန်နိုင်ငံအနေဖြင့် အသိအမှတ်ပြုလက်ခံပါက ယင်းဒေသတွင် ဆိုးရွားမှု ဖြင့် ကြုံတွေ့ရမည်ဖြစ်ကြောင်း တူရကီအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ Bekir Bozdag က ဒီဇင်ဘာ ၄ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။