Connect with us

Europe

နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့တွင် သေနတ်ပစ်ခတ်မှုကြောင့် လူ ၁ဦးသေ၊ ၂ဦး ဒဏ်ရာရရှိ

နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့၌ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့စဉ် (ဓါတ်ပုံ-အင်တာနက်)

နယ်သာလန်၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ)

နယ်သာလန်နိုင်ငံ မြို့တော် အမ်စတာဒမ်မြို့ အလယ်ပိုင်းတွင် ဇန်နဝါရီ ၂၆ရက် က သေနတ်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ တစ်ဦးသေဆုံးပြီး အခြားလူ ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြို့တော်ရဲတပ်ဖွဲ့က တွစ်တာတွင်ဖော်ပြခဲ့သည်။

ပစ်ခတ်မှုသည် Grote Wittenburgerstraat ခရိုင် ရှိ လမ်းမပေါ်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းလမ်းမသည် ဘူတာကြီးအရှေ့ဘက်သို့ မိနစ်၂၀ခန့် လမ်းလျှောက်လျှင် ရောက်နိုင်ကြောင်း သိရသည်။အဆိုပါ ဧရိယာတွင် ရဲတပ်ဖွဲ့က အတားအဆီးများ ချထားပြီး စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း နှင့် နောက်ထပ် သတင်းအချက်အလက်များကို မကြာခင်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။သေဆုံးသူ မည်သူမည်ဝါဖြစ်သည်ကို ရှင်းလင်းစွာ မသိရှိရသေးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.