Connect with us

Europe

ပြင်သစ်တွင် ကျောင်းကား နှင့် ကားတစ်စီး တိုက်မိ၍ လူ ၂၇ဦး ဒဏ်ရာရရှိ

ပြင်သစ်နိုင်ငံ ဂါးစ်မြို့ တွင် ဇန်နဝါရီ ၂၅ရက် က မတော်တဆမှုဖြစ်ပွားခဲ့သည့် ကျောင်းကားအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ပါရီ၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်း ဂါးစ်မြို့ တွင် ဇန်နဝါရီ ၂၅ရက် နေ့လည်ပိုင်းက ကျောင်းကားတစ်စီး နှင့် မော်တော်ယာဉ်တစ်စီး တို့ တိုက်မိခဲ့ရာ လူ ၂၇ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်များကပြောကြားခဲ့သည်။

ယင်းမတော်တဆမှုသည် ဂါးစ်မြို့ရှိ Manciet ခရိုင်၌ ဒေသစံတော်ချိန် နေ့လည် ၁၂း၄၈နာရီတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူ ၂၇ဦးစလုံးကို ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း ဂါးစ်မြို့ အုပ်ချုပ်ရေးမှူးကပြောကြားခဲ့သည်။

ပြင်သစ်ရုပ်သံလိုင်း BFMTV က ယာဉ်တိုက်မှုကြောင့် အနည်းဆုံး လူ ၃၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အစောပိုင်း ၌ဖော်ပြခဲ့သည်။

မော်တော်ယာဉ်မောင်းသူ သည် ယာဉ်လမ်းကြောင်း ဦးစားပေးစနစ်ကို လေးစားလိုက်နာခြင်းမရှိဘဲ ကျောင်းသား ၄၅ဦးသယ်ဆောင်လာသည့် ကျောင်းကားအား ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သတင်း၌ဖော်ပြခဲ့သည်။

၂၀၁၇ခုနှစ် ဒီဇင်ဘာလတွင်လည်း ပြင်သစ်နိုင်ငံတောင်ပိုင်းတွင် ရထားတစ်စင်းက ကျောင်းကားအားတိုက်မိ၍ အနည်းဆုံး ကျောင်းသား ၆ဦးသေဆုံးခဲ့ရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.