Connect with us

Europe

ဂျပန်ပင်လယ်ပြင်တွင် သင်္ဘောသား ၂၁ဦးပါရှိသည့် ရုရှားငါးဖမ်းသင်္ဘောတစ်စီးပျောက်ဆုံး

ရုရှားငါးဖမ်းသင်္ဘောတစ်စီးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဗလာဒီဗိုစတော့၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)

သင်္ဘောသား ၂၁ဦးပါရှိသည့် “Vostok” အမည်ရှိသော ရုရှားငါးဖမ်းသင်္ဘောတစ်စီး သည် ဂျပန်ပင်လယ်ပြင်တွင် ပျောက်ဆုံးသွားခဲ့ကြောင်းအရေးပေါ်အခြေအနေဆိုင်ရာ ဝန်ကြီးဋ္ဌာနက ဇန်နဝါရီ ၂၅ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်၌ ဂျပန်ပင်လယ်ပြင်ဧရိယာအတွင်းရှိ Primorsky Krai ကမ်းရိုးတန်းမှ ၂၀၀ကီလိုမီတာခန့်အကွာ တွင် အဆိုပါ ငါးဖမ်းသင်္ဘောမှ အရေးပေါ်အချက်ပြကိရိယာ ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ကနဦး သတင်းရရှိချက်များအရ သင်္ဘောပေါ်တွင် သင်္ဘောဝန်ထမ်း ၂၁ဦးလိုက်ပါသွားကြောင်း နှင့် သင်္ဘောအား ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း အကြောင်းပြန်ကြားမှု တစ်စုံတစ်ရာ မရရှိခဲ့ကြောင်း ပါရှိသည်။

ပင်လယ်ပြင်ကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ရုရှားကမ်းခြေစောင့်တပ်ဖွဲ့က အဆိုပါ ဧရိယာသို့ ကင်းလှည့်လှေများ စေလွှတ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ပျောက်ဆုံးနေသည့် သင်္ဘောအား ရှာဖွေရန် ရုရှားကာကွယ်ရေးဝန်ကြီးဋ္ဌာနက Mi-8 ရဟတ်ယာဉ်များကို စေလွှတ်ခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.