Connect with us

Europe

တူရကီ နိုင်ငံ နယ်စပ် မြို့ ဒုံးကျည် ဖြင့် တိုက်ခိုက်မှု ခံရ၍ လူ ၁ ဦး သေဆုံး ၊ ၃၂ ဦး ဒဏ်ရာရရှိ


အန်ကာရာ ၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)

ဆီးရီးယား နိုင်ငံ နယ်နမိတ် နှင့် ထိဆက် နေသည့် တူရကီ နိုင်ငံ Hatay ပြည်နယ် Reyhanlı မြို့ တွင် ဇန်နဝါရီ ၂၁ ရက်နေ့ က ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရမှု အတွင်း လူ ၁ ဦး သေဆုံး ခဲ့ပြီး ၃၂ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း သိရှိရသည်။

Reyhanlı မြို့ မြို့တော်ဝန် က သတင်းမီဒီယာများ နှင့် တွေ့ဆုံရာတွင် ဆီးရီးယား နိုင်ငံ နယ်နိမိတ် အတွင်း မှ ဒုံးကျည် ၃ စင်း ဖြင့် Reyhanlı မြို့ ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လူများ သေဆုံးဒဏ်ရာရရှိခဲ့သည့် အပြင် ကား နှင့် နေအိမ်များလည်း ပျက်ဆီး ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဇန်နဝါရီ ၂၁ ရက်နေ့ တွင် တူရကီ နိုင်ငံ Hatay ပြည်နယ် Reyhanlı မြို့ အား ဒုံးကျည် ဖြင့် တိုက်ခိုက် ခံရပြီးနောက် မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဇန်နဝါရီ ၂၁ ရက်နေ့ တွင် တူရကီ နိုင်ငံ Hatay ပြည်နယ် Reyhanlı မြို့ အား ဒုံးကျည် ဖြင့် တိုက်ခိုက် ခံရပြီးနောက် မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဒေသတွင်း မီဒီယာ များ၏ ဖော်ပြချက် အရ ဇန်နဝါရီ ၂၁ ရက် နံနက်ပိုင်းအချိန်တွင် ဆီးရီးယား နိုင်ငံ နယ်နိမိတ် အတွင်း မှ တူရကီ နိုင်ငံ Kilis ပြည်နယ် သို့လည်း ဒုံးကျည် ဖြင့် တိုက်ခိုက်ခဲ့ပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

တူရကီ နိုင်ငံ အစိုးရ တပ်ဖွဲ့ သည် ဇန်နဝါရီ ၂၀ ရက်နေ့ မှ စတင်၍ ဆီးရီးယား နိုင်ငံ မြောက်ပိုင်းရှိ Afrin မြို့ ကို စတင် တိုက်ခိုက်ခဲ့ပြီး ဆီးရီးယား Kurds လူထု ကာကွယ်ရေး လက်နက်ကိုင် တပ်ဖွဲ့ ကို တိုက်ခိုက်မှုများ စတင် ဆောင်ရွက်ခဲ့သည်။ (Xinhua)