Europe
ဆော်ဒီတော်ဝင် မိသားစုဝင် တစ်ဦး၏ ဒေါ်လာ ၉၂၈,၀၀၀ တန် လက်ဝတ်ရတနာများ ဓါးပြတိုက်ခံရ

ပါရီ၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)
ပြင်သစ်နိုင်ငံ ပါရီမြို့ ရှိ ဟိုတယ်တစ်ခု တွင် ဆော်ဒီတော်ဝင် မိသားစုဝင် အမျိုးသမီးတစ်ဦး၏ ယူရို ၈၀၀,၀၀၀ ကျော် (အမေရိကန်ဒေါ်လာ ၉၂၈,၀၀၀) တန်ဖိုးရှိ လက်ဝတ်ရတနာများ ဓါးပြတိုက်ခံရကြောင်း Le Figaro သတင်းစာ က စက်တင်ဘာ ၁၀ ရက်တွင်ဖော်ပြခဲ့သည်။
ဓါးပြတိုက်ခံရသူ အမျိုးသမီးက ပါရီမြို့၏ အကောင်းဆုံးဇိမ်ခံဟိုတယ်များအနက် တစ်ခုဖြစ်သည့် Ritz ဟိုတယ်၌ တည်းခိုနေစဉ် စက်တင်ဘာ ၇ ရက် ညနေပိုင်းတွင် ၎င်း၏ အခန်းအတွင်းမှ အဖိုးတန်လက်ဝတ်ရတနာများ အခိုးခံရကြောင်း ရဲတပ်ဖွဲ့သို့ ပြောကြားခဲ့ကြောင်း သတင်း၌ဖော်ပြခဲ့သည်။
အခင်းဖြစ်ပွားချိန်တွင် အဆိုပါ လက်ဝတ်ရတနာများမှာ မီးခံသေတ္တာထဲတွင် သိမ်းဆည်းထားခြင်းမရှိကြောင်း သတင်း၌ပါရှိသည်။
အဆိုပါဖြစ်စဉ် နှင့် ပတ်သက်၍ ပြင်သစ်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။ (Xinhua)