International Organizations
ပါလက်စတိုင်းအလံ လွှင့်တင်ရန် အဆိုပြုချက် ကုလသမဂ္ဂ ခွင့်ပြု

ကုလသမဂ္ဂ၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂရုံးချုပ်တွင် ပါလက်စတိုင်း အလံ လွှင့်တင်ခြင်းနှင့် ပတ်သက်၍ ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် ကြာသပတေးနေ့က မဲခွဲခဲ့ရာ အပြတ်အသတ် အနိုင်ရခဲ့ပါသည်။
အဆိုပါ ရလဒ်သည် ကုလသမဂ္ဂ ရုံးချုပ်နှင့် ရုံးများတွင် အဖွဲ့ဝင် နိုင်ငံများ၏ အလံများဘေးတွင် အမြဲတမ်း အဖွဲ့ဝင် မဟုတ်သော လေ့လာသူနိုင်ငံများ၏ အလံအား လွှင့်တင်မည့် ဆုံးဖြတ်ချက်အား ချမှတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
နိုင်ငံပေါင်း ၁၁၉ နိုင်ငံက ထောက်ခံ၍ ကြားနေမဲ ၄၅ မဲနှင့် နိုင်ငံ ၈ နိုင်ငံက ကန့်ကွက်မဲ ပေးခဲ့ကြသည်။
၂၀၁၂ ခုနှစ်တွင် ပါလက်စတိုင်း နိုင်ငံအား အဖွဲ့ဝင် မဟုတ်သော နိုင်ငံအဖြစ် အဆင့်တိုး မြှင့်ခဲ့ပြီး ဒါဟာ ကုလ သမဂ္ဂ၌ ပါလက်စတိုင်းနိုင်ငံ ထူထောင်ခြင်းအား အကြွင်းမဲ့ အသိအမှတ်ပြုလိုက်ခြင်းလည်း ဖြစ်သည်။ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ကလည်း ထိုဆုံးဖြတ်ချက်အား အကောင်အထည်ဖော်ရန် ၇၀ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံအတွင်း အတည်ပြုရန် တောင်းဆိုထားသလို ရက် ၂၀ အတွင်း အတည်ပြုသွားရန် ရှိပါသည်။
မဲခွဲ ဆုံးဖြတ်ပြီးနောက် ကုလသမဂ္ဂ ဆိုင်ရာ ပါလက်စတိုင်း သံအမတ် Riyad Mansour က သမိုင်းဝင်မဲခွဲ ဆုံးဖြတ်ခဲ့ခြင်းသည် ပါလက်စတိုင်းနှင့် ဆိုင်သော တရားမျှတမှု၊ တာရှည်တည်တံ့မှု၊ ပြီးပြည့်စုံမှုနှင့် ငြိမ်းချမ်းရေး အဖြေရှာမှုများ အပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းတွေရဲ့ ညီမျှမှုပဲ ဖြစ်သည်ဟု ပြောကြားခဲ့သည်။ (Xinhua)