Connect with us

International Organizations

ကုလသမဂ္ဂ စစ်ရေးလေ့လာသူများအတွက် သင်တန်း တရုတ်တွင်စတင်

စစ်ရေးလေ့ကျင့်နေသည့် တရုတ်စစ်သားများ။ (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန (MOD)သည် ကုလသမဂ္ဂ စစ်ရေးလေ့လာသူများအတွက် နိုင်ငံတကာ လေ့ကျင့်ရေး သင်တန်းအား တနင်္လာနေ့တွင် စတင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ပေကျင်းမြို့တွင် ပြုလုပ်သည့် သုံးပတ်ကြာသင်တန်းအား တရုတ်နိုင်ငံသား သင်တန်းနည်းပြဆရာများနှင့် သြစတြေးလျ၊ ဒိန်းမတ်၊ အမေရိကန်နိုင်ငံ စသည့် နိုင်ငံပေါင်း ၂၂ နိုင်ငံမှ တရုတ်နိုင်ငံဆိုင်ရာ နိုင်ငံခြားသားစစ်သံမှူးများ အပါအဝင် တပ်မတော်အရာရှိပေါင်း ၄၀ ကျော် တက်ရောက်ပါသည်။

ထိုသင်တန်းကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးအထူး တာဝန်အတွက် ရည်ရွယ် ထားခြင်း ဖြစ်ပြီး အင်္ဂလိပ်ဘာသာဖြင့် သင်ကြားမည်ဖြစ်သည်။ သင်ရိုးတွင်တော့ အခြေအနေ လေ့လာဆန်းစစ်ခြင်းနှင့် စစ်ရေး လေ့ကျင့်ခြင်းများ ပါဝင်မည် ဖြစ်သည်။

ပါဝင်တက်ရောက်သူများ အနေဖြင့် ပဋိပက္ခဖြေရှင်းနည်း၊ စစ်မြေပြင် ကယ်ဆယ်ရေး၊ ပြန်ပေးဆွဲခြင်းနှင့် အကျပ်ကိုင်ပြီး ငွေကြေးတောင်းဆိုမှုအား တုံ့ပြန်နည်းများ အပါအဝင် အကြောင်းအရာ ၁၄ ခုပါဝင်သော တိုက်ခိုက်မှု သင်ခန်းစာများအား သင်ကြားမည် ဖြစ်သည်။

ကမ္ဘာအနှံ့တွင် ကုလသမဂ္ဂစစ်ရေး လေ့လာသူ ၁၈၀၀ ကျော်ရှိသည်။ တရုတ်နိုင်ငံသည် ကုလသမဂ္ဂ ငြိမ်းချမ်းရေး အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သော ၁၉၉၀ ခုနှစ်ကတည်းကစပြီး စစ်ရေးလေ့လာသူ ၁၆၇၀ ကိုစေလွှတ်ထားခဲ့ပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.