Connect with us

International Organizations

ဘိုကိုဟာရမ် အဖွဲ့၏ တိုက်ခိုက်မှုများ မြင့်မားလာခြင်းသည် ကလေးဦးရေ ၁.၄ သန်းကို နေအိမ်များမှ စွန့်ခွာရန် ဖိအားပေးသလို ဖြစ်လာကြောင်း ယူနီဆက်မှ သုံးသပ်

ဟန်ဂေရီရှိ ရွေ့ပြောင်း ကလေးငယ်များ ရထား စောင့်ဆိုင်းနေစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

လွန်ခဲ့သော ငါးလအတွင်း ဘိုကိုဟာရမ် အဖွဲ့၏ တိုက်ခိုက်မှု မြင့်မားလာသောကြောင့် ကလေးသူငယ် ဦးရေ သန်းဝက်ခန့်သည် နေရပ်များမှ စွန်ခွာခဲ့ရကြောင်း ကုလသမဂ္ဂ ပြောရေး ဆိုခွင့်ရှိသူက သတင်းထောက်များနှင့် တွေ့ဆုံစဉ်တွင် ပြောကြားခဲ့သည်။

ကုလသမဂ္ဂ ပြောရေး ဆိုခွင့်ရှိသူ စတီဖင် ဒူဂျရစ်က နိုင်ဂျီးရီးယား မြောက်ပိုင်း တစ်ခုထဲ၌ပင် ကလေးသူငယ် ဦးရေ ၁.၂ သန်းမှာ နေအိမ်များမှ စွန့်ခွာရန် ဖိအားပေး ခံနေရပြီး ၎င်းကလေးများ ထဲမှ ထက်ဝက်ကျော်ခန့်သည် အသက် ငါးနှစ်အောက်များ ဖြစ်ကြောင်း၊ ထို့အပြင် ကင်မရွန်း၊ ချက် နှင့် နီဂျာ နိုင်ငံများမှ ကလေးဦးရေ ၂၆၅,၀၀၀ကျော် နေရပ်များမှ စွန့်ခွာခဲ့ရကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဒူဂျာရစ်မှ ဒီလို အဖြစ်အပျက် တွေနဲ့ ကြုံတွေ့နေရတဲ့ နိုင်ငံ( ၄) နိုင်ငံမှ အစိုးရနှင့် အခြား လက်တွဲဖော် တွေနဲ့အတူ ယူနီဆက်ရဲ့ လုပ်ဆောင်မှုတွေကို မြှင့်တင်သွားဖို့ရှိသည်လို့ ပြောကြားခဲ့သည်။ယူနီဆက်သည် ကလေးသူငယ်ဦးရေ ၃၁၅,၀၀၀ခန့်ကို ဝက်သက် ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ပြီး လူဦးရေ ၂၀၀,၀၀၀ ခန့်အတွက် သောက်သုံးရေသန့် ရရှိအောင် ဆောင်ရွက် ပေးနိုင်ခဲ့သည်။

အိမ်ခြေမဲ့ ဒုက္ခသည် ကလေးပေါင်း ၆၅,၀၀၀ခန့်ကို ပညာ ဆက်လက် သင်ကြားနိုင်ရန် ဆောင်ရွက် ပေးနိုင်ခဲ့ပြီး ကျောင်းသုံး ပစ္စည်းများကိုလဲ ထောက်ပံ့ ပေးနိုင်ခဲ့သည်။

ယူနီဆက်မှ နောက်ထပ် ဒုက္ခသည်များ အတွက် အထောက်အပံ့ ပစ္စည်းများ မလုံလောက်ကြောင်းနှင့် အသက်ကယ် အထောက်အပံ့ ပစ္စည်းများ ပေးပို့နိုင်မှုသည် ယခုအခါ အားလျော့နေကြောင်း ပြောရေး ဆိုခွင့်ရှိသူမှ ပြောကြားခဲ့သည်။

အာဖရိက အနောက်ပိုင်းရှိ ကုလသမဂ္ဂ ကိုယ်စားလှယ်ရုံး၏ ၂၀၁၅ ခုနှစ် လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အားထုတ်မှုများ အတွက် လိုအပ်သော အမေရိကန် ဒေါ်လာ ၅၀.၃ သန်းမှ ၃၀ ရာခိုင်နှုန်းကိုသာ လက်ခံရရှိပြီး ကျန်ရန်ပုံငွေ ၇၀ ရာခိုင်နှုန်းခန့်မှာ လိုအပ်လျက် ရှိသည်။ ထိုသို့ လိုအပ်နေသည့် အတွက်ကြောင့် ပဋိပက္ခ ဖြစ်ပွားနေသော ဒေသရှိ ကလေးသူငယ် ၁၂၄,၀၀၀ကျော်မှာ ဝက်သက် ကာကွယ်ဆေး လိုအပ်နေပြီး ၂၀၈,၀၀၀ ထက်မနည်း စာသင်ကျောင်းများ၌ စာသင်ခွင့် ဆုံးရှုံး နေရသည်။ ထို့အပြင် ၈၃,၀၀၀ ကျော်မှာ သန့်ရှင်းသော သောက်သုံးရေ ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသည်။ (Xinhua)