Connect with us

Latin America

အမေရိကန်သည် လက်တင်အမေရိကသို့ သြဇာလွှမ်းမိုးရန်ကြိုးပမ်းရာတွင် အခက်အခဲများစွာ နှင့် ကြုံတွေ့ရကြောင်း ကျူးဘားပညာရှင်ပြောကြား

ကျူးဘားနိုင်ငံ သမ္မတ ရာအူးလ် ကက်စထရို (ဝဲ) နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (ယာ) တို့အားတွေ့ရစဉ် (ဆင်ဟွာ)

ဟာဗားနား၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံသည် ဆယ်စုနှစ်များစွာအတွင်း လက်တင်အမေရိကဒေသ အပေါ် လွှမ်းမိုးချုပ်ကိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ယင်းဒေသများ၏ အစိုးရများသည် ပြင်ပနှင့် ကူးလူးဆက်ဆံမှုများကို ပိုမို လုပ်ဆောင်လာသောကြောင့် လက်တင်အမေရိကအတွင်း အမေရိကန်တို့သည် သြဇာအာဏာလွှမ်းမိုးမှု ကျဆင်းလာခြင်း နှင့် ကြုံတွေ့နေရကြောင်း ကျူးဘားပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်သည် ကျူးဘားနိုင်ငံ နှင့် ဆက်ဆံရေးကို နောက်ပြန်လှည့်ခြင်း၊ ဗင်နီဇွဲလားနိုင်ငံအား စစ်တပ်ဖြင့် ခြိမ်းခြောက်ခြင်း၊ မက္ကဆီကိုနိုင်ငံအား နယ်စပ်တံတိုင်းတည်ဆောက်ရန် ငွေကြေးတောင်းခံခြင်း နှင့် ဒေသတွင်း မှ သွင်းကုန်များအပေါ် ကုန်သွယ်ခွန်များပိုမိုကောက်ခံခြင်း တို့ဖြင့် လက်တင်အမေရိက နှင့် နိုင်ငံရေး၊ ကုန်သွယ်ရေး ချိတ်ဆက်မှုများ ကို ပိုမို ဆိုးရွားလာစေခဲ့ကြောင်း ကျူးဘားနိုင်ငံ နိုင်ငံရေးလေ့လာသုံးသပ်သူ Esteban Morales က အင်တာဗျူးတစ်ခုတွင် ဆင်ဟွာသို့ ပြောကြားခဲ့သည်။

Morales က ထရမ့်သည် လက်တင်အမေရိကဒေသအတွင်း မွန်ရိုးအယူအဆ (Monroe Doctrine) အား ကျင့်သုံးပြီး စစ်အေးခေတ်မူဝါဒများ ချမှတ်ရန် ကြံစည်ကြိုးပမ်းခဲ့သဖြင့် လက်တင်အမေရိက နှင့် ဆက်ဆံရေးပြန်လည် တည်ဆောက်ရန် အလွန်ခက်ခဲလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မွန်ရိုးအယူအဆ (Monroe Doctrine) သည် ၁၉ရာစု အလယ်ပိုင်းတွင် စတင်ခဲ့ပြီး လက်တင်အမေရိကအား အမေရိကန်နိုင်ငံ၏ နောက်ဖေးခြမ်းအဖြစ် သတ်မှတ်ကာ ဝင်ရောက်စွက်ဖက်မှုများကို အားပေးပြီး ၎င်းနှင့် မတူညီသော မည့်သည့် နိုင်ငံရေးမူဝါဒ (သို့) စီးပွားရေးမူဝါဒမျိုးကိုမဆို လုံးဝလက်မခံသည့် အယူအဆတစ်ခု ဖြစ်သည်။

Morales က အမေရိကန်နိုင်ငံ ၏ ချမှတ်ချက်များကို နိုင်ငံများစွာက လက်ခံရန် ဆန္ဒမရှိသဖြင့် ပီရူးနိုင်ငံတွင်ကျင်းပမည့် ၈ကြိမ်မြောက် အမေရိကနိုင်ငံများဆိုင်ရာထပ်သီးညီလာခံ သည် ထရမ့် နှင့် လက်တင်အမေရိက ဆက်ဆံရေးအတွက် စိန်ခေါ်မှုတစ်ခုဖြစ်လာနိုင်ကြောင်း ပြောကြားခဲ့သည်။

ဒေါ်နယ်ထရမ့်သည် ကိုယ်ရေးကိုယ်သွေးအားကောင်းပြီး အကျိုးအမြတ်ဖြစ်ထွန်းစေသည့် နိုင်ငံခြားရေးမူဝါဒ ရှိသည့် ကမ္ဘာ့ခေါင်းဆောင်တစ်ဦး အဖြစ် ထင်မှတ်စေရန် ကြိုးပမ်းမည်ဖြစ်သော်လည်း လက်တွေ့တွင် ယင်းအချက်များ နှင့် တော်တော်များများ ကွဲပြားနေသဖြင့် အမေရိကများဆိုင်ရာထပ်သီးညီလာခံသည် အမေရိကန်နိုင်ငံ နှင့် အထူးသဖြင့် ဒေါ်နယ်ထရမ့် အတွက် ခက်ခဲမှုတစ်ခုဖြစ်လာနိုင်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ဒေသအတွင်း နိုင်ငံရေး နှင့် အတွေးအခေါ်အယူအဆ စံတန်ဖိုးများ မတူကွဲပြားစွာ တည်ရှိနေသော်လည်း တူညီသော သမိုင်းကြောင်း နှင့် အချုပ်အခြာအာဏာပိုင်မှုကို ကာကွယ်ထိန်းသိမ်းနေသည့်အတွက် လက်တင်အမေရိကနိုင်ငံများအကြား စည်းလုံးမှုစိတ်ဓါတ်သည် တည်ရှိနေဆဲဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

၂၀၁၇ခုနှစ်တွင် ထရမ့် သည် ကျူးဘားနိုင်ငံ နှင့် ဆက်ဆံရေးကို နောက်ပြန်ဆုတ်စေခဲ့ပြီး ဗင်နီဇွဲလားနိုင်ငံအား စစ်ရေးအရ ကျူးကျော်တိုက်ခိုက်ရန် ခြိမ်းခြောက်မှုပြုလုပ်ခဲ့ပြီး ဒေသတစ်ခုလုံးက ၎င်း၏ လုပ်ရပ်များကို ဆန့်ကျင်ပယ်ချခဲ့ကြသည်။

Morales က ကျူးဘားအပေါ်ထားရှိသည့် အမေရိကန်နိုင်ငံ၏ မူဝါဒ နှင့် စီးပွားရေးအရ ရာသက်ပန်တားမြစ်ပိတ်ဆို့မှုများသည် ဒေသအတွင်း စည်းလုံးညီညွတ်မှုပိုစေခဲ့ကြောင်း၊ လက်တင်အမေရိကတိုက်တစ်ခုလုံးသည် အမေရိကန် နှင့် ကျူးဘား၊ ဗင်နီဇွဲလားနိုင်ငံတို့ ဆက်ဆံရေး ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိစေရန် ထောက်ခံအားပေးပြီး အမေရိကန်အနေဖြင့် ပိတ်ဆို့တားမြစ်မှုများကို ပယ်ဖျက်ပေးရန် တောင်းဆိုကြကြောင်းပြောကြားခဲ့သည်။

အမေရိကနိုင်ငံများဆိုင်ရာထိပ်သီးညီလာခံ အား လက်ရှိကျူးဘားသမ္မတ ရာအူးလ် ကက်စထရို ရာထူးမှ အနားယူပြီး သမ္မတသစ်တင်မြှောက်ရန် ဧပြီလ ၁၉ရက်တွင် ကျူးဘားနိုင်ငံအမျိုးသားလွှတ်တော်အစည်းအဝေး မကျင်းပခင် ဧပြီ ၁၃ ရက်မှ ၁၄ရက်အထိ ပီရူးနိုင်ငံ မြို့တော် လီမာမြို့တွင် ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

ယင်းထိပ်သီးအစည်းအဝေးသည် ကက်စထရို၏ နောက်ဆုံး နိုင်ငံတာကာ အစည်းအဝေးကြီးတစ်ခုဖြစ်မည် ဖြစ်ကာ ၎င်းအနေဖြင့် ကျူးဘားနိုင်ငံသည် ၎င်း၏ ဆိုရှယ်လစ်လမ်းကြောင်းပေါ်တွင် ဆက်လက်လျှောက်လှမ်းသွားပြီး စီးပွားရေးနှင့် လူမှုပြုပြင်ပြောင်းလဲမှု များအား လေးနက်စွာ ဆောင်ရွက်မည်ဖြစ်ကြောင်း အစည်းအဝေး၌ မိန့်ခွန်းပြောကြားလိမ့်မည်ဟု မျှော်လင့်ကြသည်။

Morales က ကက်စထရိုသည် အချုပ်အခြာအာဏာပိုင်ဆိုင်ရေး၊ လွတ်လပ်စွာရပ်တည်ရေး နှင့် အပြန်အလှန်လေးစားမှုရှိရေး အဓိက အကြောင်းပြချက်များဖြင့် အမေရိကန်နိုင်ငံ နှင့် ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်လိုသည့် ကျူးဘားနိုင်ငံ၏ ရပ်တည်ချက်ကို ထပ်လောင်းပြောကြားလိမ့်မည်ဟု ယုံကြည်ကြောင်းပြောကြားခဲ့သည်။

၎င်းက ကျူးဘားနိုင်ငံသည် နယ်ပယ်အသီးသီးတွင် အမေရိကန်နိုင်ငံ နှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်လိုပြီး အိုဘားမားအစိုးရလက်ထက်တွင် စတင်ခဲ့သည့် နိုင်ငံရေးစကားဝိုင်းကို ပြန်လည်ဆောင်ရွက်ရန်ဆန္ဒရှိကြောင်း၊ သို့သော် ထရမ့်သည် ယခင်ဆောင်ရွက်ပြီးစီးခဲ့သည့် အရာအားလုံးကို ရပ်တန့်ပြီး ဆက်ဆံရေးနောက်ပြန်လှည့်ရန် ဆုံးဖြတ်ခဲ့သော တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဗင်နီဇွဲလားသမ္မတ နီကိုးလက်စ် မာဒူရို နှင့် ၎င်း၏ အစိုးရ နှင့်ပတ်သက်၍ လက်တင်အမေရိကအတွင်း အတွေးအခေါ်အမျိုးမျိုး ကွဲပြားနေသော်လည်း ဗင်နီဇွဲလားအပေါ် ထရမ့်၏ စစ်ရေးအရ ခြိမ်းခြောက်မှုသည် ဒေသအတွင်း မည်သည့် အထောက်အပံ့မျိုးကိုမျှ မဖြစ်ပေါ်စေကြောင်း Morales က ပြောကြားခဲ့သည်။

Morales က ယခုနှစ် လီမာတွင် ပြုလုပ်မည့် ထိပ်သီးအစည်းအဝေး မှ ဗင်နီဇွဲလားနိုင်ငံအား ဖယ်ထုတ်ထားခြင်းသည် မာဒူရို အစိုးရအပေါ် အမေရိကန်နိုင်ငံ ၏ ဆန့်ကျင်မှုကို ပြသလိုက်ခြင်းဖြစ်ပြီး ဗင်နီဇွဲလားနိုင်ငံ ၏ အနာဂါတ် နှင့် ပြည်တွင်းအခက်အခဲများကို ၎င်းပြည်သူများကသာ ဆုံးဖြတ်နိုင်စွမ်းရှိကြောင်း ပြောကြားခဲ့သည်။

“အကျင့်ပျက်ခြစားမှု ဆန့်ကျင်သည့် ဒီမိုကရေစီကျသော အုပ်ချုပ်မှု” ဆောင်ပုဒ်ဖြင့် ယခု ရက်သတ္တပတ်တွင် ကျင်းပမည့် ၂၀၁၈ခုနှစ် အမေရိကများဆိုင်ရာထိပ်သီးညီလာခံ သို့ ထရမ့် နှင့် အနောက်ကမ္ဘာတစ်ဝန်းမှ ခေါင်းဆောင်များ တက်ရောက်ကြမည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.