မက္ကဆီကို စီးတီး၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ သမ္မတ အန်ဒရီစ် မနျူရယ် လိုပက်ဇ် အိုဘရာဒေါ (Andres Manuel Lopez Obrador) သည် ၎င်း၏ လစာ သုံးပုံတစ်ပုံ ကို နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် ဒီဇင်ဘာ ၁၈ ရက်တွင် ပြန်လည်ပေးအပ်ခဲ့ကြောင်း...
ဆော်ပိုလို၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ) ဘရာဇီးအာဏာပိုင်များသည် အနည်းဆုံး ရဲတပ်ဖွဲ့ဝင် ၅၀ဦး နှင့် အရပ်သား ၃ဦး ကို မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်သူများ အတွက် ဆောင်ရွက်နေကြောင်း သံသယရှိမှု ဖြင့် ဖမ်းဆီးခဲ့ကြောင်း အစိုးရရှေ့နေရုံးက ဒီဇင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။
ကွီတို၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) အီကွေဒေါနိုင်ငံ မြို့တော် ကွီတို၏ အရှေ့တောင်ဘက် ကွန်နိုကိုတိုမြို့တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၄ ဦးသေဆုံးပြီး အခြားသူ ၂၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ECU-911 အရေးပေါ်ဝန်ဆောင်မှု ပေါင်းစည်းရေးစနစ်က ဒီဇင်ဘာလ ၁၄ ရက်က ပြောကြားလိုက်သည်။
မက္ကဆီကိုစီးတီး၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ အလယ်ပိုင်း Queretaro ပြည်နယ် ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်း၏ အပြင်ဘက် တွင် ဒီဇင်ဘာ ၁၁ ရက်က မီးရှူးမီးပန်းပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၅ဦးသေဆုံးပြီး အခြားလူ ၉ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။
ရီယိုဒီဂျနေးရိုး၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ အရှေ့မြောက်ဘက်တွင် ဒီဇင်ဘာလ ၇ ရက်က ဘဏ်ဓားပြများဟု စွပ်စွဲခြင်းခံရသူ အဖွဲ့တစ်ဖွဲ့နှင့် ရဲတပ်ဖွဲ့အကြား ပစ်ခတ်မှုဖြစ်ပွားပြီးနောက် လူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံ အာဏာပိုင်များက ပြောကြားလိုက်သည်။
ဝါရှင်တန်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Heather Nauert ကို ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် ရွေးချယ်မည်ဖြစ်ကြောင်း သတင်းရင်းမြစ်များအား ကိုးကား၍ အမေရိကန်မီဒီယာများက ဖော်ပြထားသည်။
ကွီတို ၊ ဒီဇင်ဘာ ၅ ရက်(ဆင်ဟွာ) အကျင့်ပျက်ခြစားမှုကြောင့် တရားစီရင်ရန် စုံစမ်းစစ်ဆေးခံနေရသူ အီကွေဒေါနိုင်ငံ ဒုတိယသမ္မတ Maria Alejandra Vicunaက ရာထူးမှနုတ်ထွက်ကြောင်း ဒီဇင်ဘာ ၄ ရက်နေ့တွင် ကြေညာခဲ့သည်။
မက္ကဆီကို စီးတီး၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) မက္ကဆီကို အလယ်ပိုင်း ရှိ အဝေးပြေးလမ်းမတစ်ခုတွင် ဒီဇင်ဘာ ၄ရက် နံနက်ပိုင်းက ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ ဒေသခံရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
ဗျူနိုအေးရိစ်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် အာဂျင်တီးနားနိုင်ငံအကြား အဓိကပူးပေါင်းဆောင်ရွက်မှုများအနက်တစ်ခုက အာဂျင်တီးနားနိုင်ငံ၏ ကုန်စည်နှင့် ခရီးသည်တင် ရထားများအပါအဝင် သက်တမ်းရင့်ရထားလမ်းကွန်ရက်၌ တိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ်ထားကြောင်း သိရသည်။
ကွီတို၊ ဒီဇင်ဘာ ၄ ရက်(ဆင်ဟွာ) အီကွေဒေါနိုင်ငံသမ္မတ Lenín Morenoက တရားစီရင်ရန် စုံစမ်းစစ်ဆေးခံနေရသည့် ၎င်းနိုင်ငံ ဒုတိယသမ္မတ María Alejandra Vicuñaအား ရာထူးမှ ရပ်ဆိုင်းကြောင်း ဒီဇင်ဘာ ၃ ရက်တွင် ကြေညာခဲ့သည်။