Connect with us

Latin America

ဗင်နီဇွဲလားရေနံကုမ္ပဏီ၏ ဓါတုပစ္စည်းသိုလှောင်ကန် ၂ခုပေါက်ကွဲမှုဖြစ်ပွား

ဗင်နီဇွဲလားရေနံကုမ္ပဏီ၏ ဓါတုပစ္စည်းသိုလှောင်ကန် ၂ခုပေါက်ကွဲစဉ် (ဓါတ်ပုံ-အင်တာနက်)

ကာရာကစ်၊ မတ် ၁၄ ရက် (ဆင်ဟွာ)

ဗင်နီဇွဲလားနိုင်ငံ အရှေ့ပိုင်း Anzoategul ပြည်နယ် ရှိ နိုင်ငံပိုင် ရေနံကုမ္ပဏီ PDVSA မှ ပိုင်ဆိုင်သော အဆောက်အအုံတစ်ခုတွင် မတ် ၁၃ရက်က တင်နာ (Thinner) ဓါတုအရည်များ သိုလှောင်ထားသော ကန်၂ကန်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးသူမရှိသေးကြောင်း ပြည်တွင်းသတင်း၌ဖော်ပြခဲ့သည်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့သော Petro San Felix စက်ရုံသည် San Diego de Cabrutica မြို့တွင်တည်ရှိကြောင်း Ultimas Noticias သတင်းက တွစ်တာ၌ဖော်ပြခဲ့သည်။

Petro San Felix စက်ရုံသည် မြေဧရိယာ ၇၄၀ ဟက်တာ (၇.၄ စတုရန်းကီလိုမီတာ ခန့်) ကျယ်ဝန်းသည့် Jose Antonio Anzoategui (CIJAA) စက်မှုဇုန်အတွင်းတည်ရှိကြောင်း သိရသည်။

ရေနံကုမ္ပဏီမှ ဝန်ထမ်းများက ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူမရှိကြောင်း နှင့် အခင်းဖြစ်ပွားရာသို့ မီးသတ်သမားများရောက်ရှိလာကြောင်း ပြည်တွင်းသတင်းများက ဖော်ပြခဲ့သည်။ (Xinhua)