Connect with us

Latin America

ဗင်နီဇွဲလား တစ်နိုင်ငံလုံး နီးပါး လျှပ်စစ်မီး ပြန်လည် ရရှိခဲ့ပြီဟုဆို

ဗင်နီဇွဲလား သမ္မတကို တွေ့ ရစဉ်(ဆင်ဟွာ)

ကာရာကာ့စ် ၊ မတ် ၁၃ ရက်(ဆင်ဟွာ)

ဗင်နီဇွဲလား နိုင်ငံ၌ မတ် ၇ ရက်က စတင်၍ ကြီးမားသည့် လျှပ်စစ်မီး ပြတ်တောက်မှု နှင့် ကြုံတွေ့ခဲ့ရပြီး ယခုအခါ တစ်နိုင်ငံလုံး နီးပါး လျှပ်စစ်မီး ပြန်လည် ရရှိစေရန် နည်းပညာ အဖွဲ့များက ဆောင်ရွက်ခဲ့ပြီ ဖြစ်ကြောင်း ဆက်သွယ်ရေး ဝန်ကြီး Jorge Rodriguez က မတ် ၁၂ ရက်တွင် ပြောကြားခဲ့သည်။

“မတ် ၁၂ ရက် ညနေပိုင်းမှာ လျှပ်စစ်မီး ပြန်လည် ရရှိလာခြင်းဟာ ဗင်နီဇွဲလား ပြည်သူတွေရဲ့ စုစုစည်းစည်းနဲ့ ကြိုးပမ်းခဲ့တဲ့ အောင်ပွဲလို့ ပြောရမှာ ဖြစ်ပါတယ်။”၎င်းက ပြောကြားခဲ့သည်။

“အခုလို လျှပ်စစ်မီး ပြတ်တောက်အောင် ပြုလုပ်ခဲ့သူတွေရဲ့သောက်သုံးရေ နဲ့ရေဆိုးသန့်စင် စနစ် အထောက်အပံ့တွေကို တပြိုင်တည်း ပိတ်ဆို့လိုက်တဲ့ လုပ်ရပ်ဟာ လူမဆန်တဲ့ လုပ်ရပ်တွေ ဖြစ်ပါတယ်။”ဟု ဆက်သွယ်ရေး ဝန်ကြီး Jorge Rodriguez က ထည့်သွင်း ပြောကြားခဲ့သည်။

“ကာရာကာ့စ်မြို့ကြီးဟာ မတ် ၁၂ ရက် အစောပိုင်းမှာ လုပ်ငန်း ပြန်စနိုင်တဲ့ ဗဟို ရေပေးဝေရေး ဌာနများမှ သောက်သုံးရေကို ပြန်လည် ရရှိခဲ့ပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။

မီးအမှောင်ကျနေသော ဗင်နီဇွဲလားနိုင်ငံ ကာရာကာ့စ် မြို့အားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဗင်နီဇွဲလား နိုင်ငံ၏ အဓိက လျှပ်စစ်ဓာတ်အား အရင်းအမြစ် ဖြစ်သည့် နိုင်ငံ၏ အရှေ့တောင်ပိုင်း ဂူရီ ရှိ ဗဟိုရေအားလျှပ်စစ် စက်ရုံကို ပစ်မှတ်ထားကာ ဆက်သွယ်ရေး အဖျက်အမှောင့် လုပ်ရပ် အဖြစ် မတ် ၇ ရက် မွန်းလွဲပိုင်းတွင် နိုင်ငံ နေရာအများစုတွင် လျှပ်စစ် ဓာတ်အားများအား ဖြတ်တောက်မှုများ ပြုလုပ်ခဲ့ကြောင်း တာဝန်ရှိသူများ၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ ဗဟိုရေအားလျှပ်စစ် စက်ရုံ ပြန်လည် လည်ပတ်နိုင်ရန် လုပ်ဆောင် နိုင်ခဲ့သော်လည်း အခြား စွမ်းအင် အရင်းအမြစ်များ ဖြစ်သည့် Tacoa ရှိ ဗဟို ဓာတ်ပေါင်းဖို ဓာတ်အားပေး စက်ရုံမှာ ဆက်လက် ပိတ်ဆို့ ခံထား ရဆဲ ဖြစ်ကြောင်း ၊ ယင်းစက်ရုံမှာ ကာရာကာ့စ် မြို့နှင့် အနီးတဝိုက်အား လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးပေးရန် တည်ဆောက်ထားသော အရံ လျှပ်စစ် ဓာတ်အားပေး စက်ရုံ ဖြစ်ကြောင်း ဆက်သွယ်ရေး ဝန်ကြီး Jorge Rodriguez က ပြောကြားခဲ့သည်။

လျှပ်စစ် ဓာတ်အား ပြန်လည် ရရှိသော်ငြား လျှပ်စစ်မီး ပြတ်တောက်မှုများ ဖြစ်ပွားရန် ဆက်လက် ဆောင်ရွက်မှုများ ရှိနေမည် ဖြစ်ကြောင်း နှင့် ဗင်နီဇွဲလား ပြည်သူများ အားလုံး သတိရှိကာ ရာဇဝတ်မှု လုပ်ရပ်များအား ရှုတ်ချကြရန် ၎င်းက ပြောကြားခဲ့သည်။

ခေတ်သစ် ဗင်နီဇွဲလား သမိုင်းတွင် အဆိုးရွားဆုံး လျှပ်စစ်မီး ပြတ်တောက်မှုသည် အာဏာရ အစိုးရ နှင့် အမေရိကန် ကျောထောက်နောက်ခံပြုထားသော လက်ရှိ သမ္မတအား ဖြုတ်ချရန် ကြိုးပမ်းနေသည့် အတိုက်အခံ အုပ်စု တို့အကြား အမြင့်ဆုံး တင်းမာမှု ဖြစ်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.