လီမာ ၊ ဒီဇင်ဘာ ၂၅ ရက်(ဆင်ဟွာ) ပီရူးနိုင်ငံသမ္မတ Pablo Kuczynski က ထောင်ဒဏ် ၂၅ နှစ်ချမှတ်ခံထားရသော သမ္မတဟောင်း အယ်ဗာတိုဖူဂျီမိုရီ (Alberto Fujimori) အား ကျန်းမာရေးအခြေအနေကြောင့် ဒီဇင်ဘာ ၂၄ ရက်တွင် လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ကြောင်း သမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဟာဗာနာ၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ) ကျူးဘားနိုင်ငံသမ္မတ ရောလ်ကတ်စ်ထရို က ၎င်းသည် ၂၀၁၈ခုနှစ် ဧပြီလတွင် ရာထူးမှ အနားယူမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၁ ရက်တွင် အတည်ပြုပြောကြားလိုက်ပြီး ယင်းကာလ၌ နောင် ၅နှစ်သက်တမ်းအတွက် နိုင်ငံ၏ ခေါင်းဆောင်သစ်တစ်ဦးအား ရွေးကောက်တင်မြှောက်သွားမည် ဖြစ်ကြောင်းသိရသည်။
ဆန်တီယာကို ၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ) ချီလီ နိုင်ငံ တွင် အသစ် ထပ်မံ ရွေးချယ် တင်မြှောက်ခြင်း ခံရသည့် သမ္မတ Sebastián Piñera က ဒီဇင်ဘာ ၁၈ ရက်နေ့၌ တရုတ် နိုင်ငံ နှင့် ရင်းနှီးမြှုပ်နှံမှု ၊...
ရီယိုဒီဂျနေးရိုး၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ ရဲတပ်ဖွဲ့သည် အလိုရှိဆုံးဖြစ်သည့် “Rogerio 157” ခေါ် မူးယစ်ရာဇာ Rogerio Avelino da Silva အား ရီယိုဒီဂျနေးရိုးမြို့၌ ဒီဇင်ဘာ ၆ ရက်က ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
ရီယိုဒီဂျနေးရိုး၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့ရှိ ဆိပ်ကမ်းနယ်မြေတွင် နိုဝင်ဘာလ ၂၅ ရက်က ရဲတပ်ဖွဲ့နှင့် မူးယစ်ဂိုဏ် တစ်ခုတို့အကြား တိုက်ခိုက်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ရာ မူးယစ်ကုန်ကူးများအဖြစ် သံသယရှိသူ ၇ ဦး သေဆုံးခဲ့ကြောင်း တရားဝင် သတင်းရင်းမြစ်များက ကြေညာလိုက်သည်။
ကာရာကတ်စ်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) ဗင်နီဇွဲလားနိုင်ငံ အမျိုးသားရေနံကုမ္ပဏီ PDVSA မှ အနည်းဆုံး အမှုဆောင်အရာရှိ ၅၀ဦးကို တရားမဝင် လာဘ်ပေးလာဘ်ယူမှုဖြင့် ဖမ်းဆီးခဲ့ကြောင်း ရှေ့နေချုပ် Tarek William Saab က နိုဝင်ဘာ ၂၀ ရက်တွင်ပြောကြားခဲ့သည်။
ဆန်တီယာဂို၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) ချီလီနိုင်ငံ သမ္မတ ရွေးကောက်ပွဲအား နိုဝင်ဘာလ ၁၉ ရက်တွင် ပြုလုပ်ခဲ့ရာ ဆန္ဒမဲ ၉၀ ရာခိုင်နှုန်း ရေတွက်ပြီးနောက် အဓိက ပြိုင်ဘက်များ ဖြစ်သော ချီလီ သမ္မတဟောင်း Sebastain Pinera နှင့် လက်ဝဲယိမ်း Alejandro...
ဗျူနိုအေးရိစ်၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) အမှုထမ်း ၄၄ဦးလိုက်ပါလာသည့် အာဂျင်တီးနား ရေငုပ်သင်္ဘောတစ်စီးနှင့် တောင်အတ္တလန္တိတ်ပင်လယ်ပြင် အတွင်း အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်း စစ်တပ်အာဏာပိုင်များက နိုဝင်ဘာ၁၇ ရက်တွင်ပြောကြားခဲ့သည်။
ဆန်ဖရန်စစ္စကို ၊ နိုဝင်ဘာ ၁၇ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အနောက်ပိုင်း ကယ်လီဖိုးနီးယားပြည်နယ် အော့ကလန်(Oakland) တိရစ္ဆာန်ရုံအတွင်းရှိ ကမ္ဘာ့အသက်ကြီးဆုံး သစ်ကုလားအုပ်များထဲတွင် တစ်ကောင်အပါအဝင်ဖြစ်သည့် သစ်ကုလားအုပ်တစ်ကောင်မှာ သေဆုံးသွားပြီဖြစ်ကြောင်း ၎င်းတိရစ္ဆာန်ရုံ၏ တွစ်တာလူမှုကွန်ရက်စာမျက်နှာတွင် နိုဝင်ဘာလ ၁၆ ရက်က ရေးသားဖော်ပြထားသည်။
နယူးယောက်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဗဟိုဘဏ်က ငွေစက္ကူ အတိုးနှုန်းများ မပြောင်းလဲကြောင်း ဆုံးဖြတ်ချက်ချပြီးနောက် နိုဝင်ဘာလ ၁ ရက်တွင် အခြား ငွေကြေးများနှင့် လဲလှယ်ရာတွင် ဒေါ်လာဈေးများ မြင့်တက်လာခဲ့ကြောင်း သိရသည်။