Connect with us

Latin America

ဂွာတီမာလာနိုင်ငံ မီးတောင်ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၉၉ ဦးရှိလာ


ဂွာတီမာလာစီးတီး၊ ဇွန် ၇ ရက် (ဆင်ဟွာ)

ဂွာတီမာလာနိုင်ငံရှိ Fuego မီးတောင် ပေါက်ကွဲမှုမှ သေဆုံးသူအရေအတွက် မြင့်တက်လာကာ သေဆုံးသူရုပ်အလောင်း ၉၉ ခုကို ဇွန်လ ၆ ရက်က တွေ့ရှိခဲ့ကြောင်း ဂွာတီမာလာနိုင်ငံ အမျိုးသား မှှုခင်းသိပ္ပံလုပ်ငန်း (INACIF) ထံမှ သိရသည်။

အဆိုပါ ရုပ်အလောင်း ၉၉ ခုအား ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်း၊ ယင်းအနက် ၂၈ ဦးအား မည်သူမည်ဝါ ဖြစ်ကြောင်း ခွဲခြားခဲ့ပြီးဖြစ်ကြောင်း INACIF က အစီရင်ခံစာ၌ ဖော်ပြထားသည်။

“ပျောက်ဆုံးသူတွေရဲ့ နာမည်နဲ့ နေရာတွေ အချက်အလက်တွေကို ကျွန်တော်တို့ ရရှိထားပါတယ်။ ပျောက်ဆုံးသူအရေအတွက်က ၁၉၂ ဦးရှိပါတယ်” ဟု ဂွာတီမာလာနိုင်ငံ သဘာဝဘေး စီမံခန့်ခွဲမှုအေဂျင်စီ အကြီးအကဲ Sergio Cabanas က ပြောကြားခဲ့သည်။

ဂွာတီမာလာနိုင်ငံ မီးတောင်ပေါက်ကွဲပြီးနောက် အခြေအနေများအား တွေ့ရစဉ် (ဆင်ဟွာ)

ဂွာတီမာလာနိုင်ငံ မီးတောင်ပေါက်ကွဲပြီးနောက် အခြေအနေများအား တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ မီးတောင်သည် ဇွန်လ ၃ ရက် မွန်းတည့်ချိန်က ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပြည်သူ ၁.၇ သန်းအပေါ် သက်ရောက်မှုရှိခဲ့သည်။ ယင်း သဘာဝဘေးဒဏ် အများဆုံးခံစားရသော တောင်ဘက်ပိုင်း မြို့များဖြစ်သည့် Esuintla, Sacatepequez နှင့် Chimaltenango တို့တွင် နိုင်ငံအဆင့် သဘာဝဘေးအန္တရာယ်အဖြစ် ကြေညာထားခဲ့သည်။

“Fuego မီးတောင်အနီးဝန်းကျင်နေရာက အခြေအနေတွေက စိုးရိမ်ဖွယ်ဖြစ်နေတယ်” မြေငလျင်၊ မီးတောင်၊ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန ညွှန်ကြားရေးမှူး Eddy Sanchez က ပြောကြားခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117