ရီယိုဒီဂျနေရို ၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ) အိုလံပစ်ရွှေတံဆိပ် ၇ ဆုရှင် ဂျမေကာနိုင်ငံသား ကမ္ဘာ့အပြေးချန်ပီယံ အူစိန်ဘော့သည် ရီယိုအိုလံပစ်ပြိုင်ပွဲ၏ မီတာ ၂ဝဝ ဗိုလ်လုပွဲ၌ ပါဝင်ယှဉ်ပြိုင်ရန် အရည်အချင်းပြည့်မီသဖြင့် ယခုပြိုင်ပွဲအတွင်း ၎င်းအတွက် တတိယမြောက် ရွှေတံဆိပ်တစ်ခုကို ထပ်မံဆွတ်ခူးရန် အခွင့်သာခဲ့ပြီဖြစ်ကြောင်းသိရသည်။
ဝါရှင်တန်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ) ဒီမိုကရက်တစ်ပါတီ၏ သမ္မတလောင်း ဟီလာရီ ကလင်တန်သည် ၎င်း၏ ပြိုင်ဘက် ရီပက်ဘလစ်ကန် သမ္မတ လောင်း ဒေါ်နယ်ထရမ့်အား ၉ ရာခိုင်နှုန်းအသာဖြင့် ဦးဆောင်နေကြောင်း သြဂုတ်လ ၁၆ ရက်တွင် ထုတ်ပြန် လိုက်သည့် နိုင်ငံတစ်ဝန်း လူထုဆန္ဒခံယူမှု ရလဒ်...
ဝါရှင်တန်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) ဂွာတာနာမို အကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရသူ ၁၅ ဦးအား ကျူးဘားမှတဆင့် ယူအေအီးသို့ အမေရိကန်က လွှဲပြောင်းပေးမည် ဖြစ်ပြီး ၇ နှစ်တာ ကာလအတွင်း အများဆုံး လွှဲပြောင်းပေးသည့် ပမာဏ ဖြစ်ကြောင်း သြဂုတ်လ ၁၅ ရက် သတင်းထုတ်ပြန်ချက်၌...
ရီယိုဒီဂျနေရို ၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) ရီယိုအိုလံပစ်ပြိုင်ပွဲဝင် တရုတ်အားကစားသမားတစ်ဦးသည် Maria Lenk Aquatics စင်တာ၌ သြဂုတ်လ ၁၄ ရက်က ကျင်းပသည့် ဒိုင်ဗင်ထိုးပြိုင်ပွဲအပြီး ဧည့်ပရိသတ် ထောင်ပေါင်းများစွာရှေ့တွင် ၎င်း၏ချစ်သူအား အချစ်ဇာတ်လမ်းဆန်ဆန် လက်ထပ်ခွင့်တောင်းခံခဲ့ကြောင်းသိရသည်။
ရီယိုဒီဂျနေရို ၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) ရီယိုအိုလံပစ်ပြိုင်ပွဲ၌ သြဂုတ်လ ၁၅ ရက်က ယှဉ်ပြိုင်ခဲ့သည့် မီတာ ၁ဝဝ အမျိုးသားအပြေးပြိုင်ပွဲတွင် အူစိန်ဘော့သည် ထိပ်ဆုံးမှ ပန်းဝင်ခဲ့ရာ ၎င်းသည် အိုလံပစ်ပြိုင်ပွဲ မီတာ ၁ဝဝ အမျိုးသားပွဲစဉ်၌ သုံးကြိမ်ဆက် ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့သည့် တာတို...
နယူးယောက် ၊ သြဂုတ် ၁၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ဂျွန်အက်ဖ်ကနေဒီ(JFK) လေဆိပ် စြင်္ကန်တစ်ခုအတွင်း သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းကြောင့် လေယာဉ်ခရီးစဉ်အားလုံးကို ဆိုင်းငံ့ထားလိုက်ကြောင်း ပြည်တွင်းသတင်းဌာနများက သြဂုတ် ၁၄ ရက်တွင် သတင်းဖော်ပြသည်။
ဆယ်လ်ဗာဒေါ် ၊ သြဂုတ် ၁၄ ရက်(ဆင်ဟွာ) သြဂုတ်လ ၁၃ ရက်တွင်ကျင်းပခဲ့သော ရီယိုအိုလံပစ်ဘောလုံးပြိုင်ပွဲ၏ ကွာတားဖိုင်နယ်ပွဲစဉ်တစ်ခုဖြစ်သည့် ဘရာဇီးနှင့် ကိုလံဘီယာတို့ပွဲစဉ်တွင် ဘရာဇီးအသင်းက ၂ဂိုးပြတ်အနိုင်ရခဲ့ကြောင်း နှင့် ယင်းပွဲစဉ်၌ နေမာသည် ပြိုင်ပွဲ၌ ပထမဆုံး ဗွေဆော်ဦး ဂိုးတစ်ဂိုးကို ဘရာဇီးအတွက် သွင်းယူပေးခဲ့ကြောင်းသိရသည်။
ရီယိုဒီဂျနေရို၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံသား အန်တိုနီ အာဗင် (Anthony Ervin) သည် သြဂုတ်လ ၁၂ ရက်တွင် ပြုလုပ်ခဲ့သည့် မီတာ၅၀ အလွတ်ကူးပြိုင်ပွဲ ၌ ရွှေတံဆိပ်ဆုရရှိခဲ့ပြီး အသက်အကြီးဆုံး အိုလံပစ်ရေကူးချန်ပီယံဖြစ်လာကြောင်း သိရသည်။
ရီယိုဒီဂျနေရို ၊ သြဂုတ် ၁၂ ရက်(ဆင်ဟွာ) ဘရာဇီးနိုင်ငံ ပြည်ထောင်စုရဲတပ်ဖွဲ့သည် အကြမ်းဖက်မှုကျူးလွန်ရန် သံသယရှိသူ နှစ်ဦးအား သြဂုတ်လ ၁၁ ရက်တွင် ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်းသိရသည်။
ရီယိုဒီဂျနေရို ၊သြဂုတ် ၁ဝ ရက် (ဆင်ဟွာ) ရီယိုအိုလံပစ်ပြိုင်ပွဲတွင် သတင်းရယူနေကြသည့် သတင်းသမားများလိုက်ပါလာသော ဘတ်စ်ကားသည် သြဂုတ်လ ၉ ရက်က Barra အိုလံပစ်ကစားကွင်းသို့မောင်းနှင်လာစဉ် လမ်းခရီးတစ်နေရာ၌ ပစ်ခတ်တိုက်ခိုက်ခံရကြောင်း ၊ ယင်းတိုက်ခိုက်မှုကြောင့် ကားပြတင်းမှန်များ ကွဲကြေသွားကြောင်းသိရသည်။