Connect with us

Latin America

အို့ခ်လန်မြို့ ကုန်လှောင်ရုံမီးလောင်မှု ကြောင့် သေဆုံးသွားသူ ၃၃ဦး၏ရုပ်အလောင်းများအား ရှာဖွေတွေ့ရှိ

မီးလောင်ကျွမ်းခဲ့သည့် ကုန်လှောင်ရုံ၌ ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်နေစဉ် (ဆင်ဟွာ)

ဆန်ဖရန်စစ္စကို၊ ဒီဇင်ဘာ ၅ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် အို့ခ်လန်မြို့ ရှိ တာဝန်ရှိသူများက ဒီဇင်ဘာ ၂ရက်နေ့ညက ဖြစ်ပွားခဲ့သည့် ကုန်လှောင်ရုံမီးလောင်မှု ကြောင့် သေဆုံးသွားသူ ၃၃ဦး၏ ရုပ်အလောင်းများအား ရှာဖွေတွေ့ရှိခဲ့ကြောင်း ဒီဇင်ဘာ ၄ရက်ကပြောကြားခဲ့သည်။

အာဏာပိုင်များက အဆိုပါ ကုန်လှောင်ရုံအား အသုံးပြုရန် ခွင့်ပြုချက်မရှိကြောင်း နှင့် စစ်ဆေးရေးမှူးများအနေဖြင့် မီးလောင်ရခြင်းအကြောင်းရင်းကို မတွေ့ရှိသေးကြောင်း ပြောကြားခဲ့သည်။Alameda စီရင်စု ရဲအရာရှိရုံး တပ်ကြပ်ကြီး Ray Kelly က ကုန်လှောင်ရုံ၏ ၂၀ရာခိုင်နှုန်းလောက် မီးလောင်ကျွမ်းခဲ့သည်ကို တွေ့ရှိရကြောင်း နှင့် မီးလောင်မှုသည် ဒီဇင်ဘာ ၂ရက်နေ့ ည ၁၁း၃၀နာရီတွင် စတင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

အဆိုပါအဆောက်အဦအား ကုန်လှောင်ရုံအဖြစ် သတ်မှတ်ထားသော်လည်း နောက်ပိုင်းတွင် ပါတီပွဲကျင်းပရာ နေရာတစ်ခု နှင့် လူနေထိုင်ရာ အဆောက်အဦတစ်ခုအဖြစ် ပြောင်းလဲလာခဲ့ကြောင်းသိရသည်။ဒီဇင်ဘာ ၄ရက်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ Kelly က အဆောက်အဦအတွင်း လူအရေအတွက်မည်မျှ ရှိနေကြောင်း၊ မည်မျှပျောက်ဆုံးနေကြောင်းကို အတိအကျမသိရှိသေးကြောင်း နှင့် သေဆုံးသူ နှင့် ဒဏ်ရာရရှိသူဦးရေမြင့်တက်လာနိုင်ကြောင်း ပြောကြားခဲ့သည်။ယခုအခါ ယင်းအဆောက်အအုံအား ရာဇဝတ်မှု ဖြစ်ပွားရာနေရာအဖြစ် ဒေသတွင်းနှင့် ဖယ်ဒရယ် ထောက်လှမ်းရေး အေဂျင်စီများ က စုံစမ်းစစ်ဆေးနေပြီး အို့ခ်လန်မြို့တော်ဝန် Libby Schaaf ကလည်း မီးလောင်မှုဖြစ်ပွားရခြင်းအကြောင်းရင်းကို အပြည့်အဝ စုံစမ်းစစ်ဆေးရန် တိုက်တွန်းထားကြောင်း သိရသည်။ (Xinhua)