Connect with us

Latin America

ဘောလုံး အသင်းသားများ လေယာဉ်ပျက်ကျမှုကြောင့် ဆုံးရှုံးခဲ့သည့် Chapecoense ကလပ်အသင်း အား ၂၀၁၆ ခုနှစ် တောင်အမေရိကဖလား Champion ဆုတံဆိပ် ပေးအပ်

ဘရာဇီး စီးရီးအေ Chapecoense ကလပ်အသင်း ၏ ပရိသတ်များမှ ဝမ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနား ကျင်းပ နေစဉ်(ဆင်ဟွာ)

ရီယိုဒီဂျနေးရိုး ၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ)

တောင်အမေရိက ဘောလုံးအဖွဲ့ချုပ် မှ ဒီဇင်ဘာ ၅ ရက်နေ့တွင် ၂၀၁၆ ခုနှစ် တောင်အမေရိကဖလား Champion ဆုတံဆိပ်ကို ဘောလုံးအသင်းသားများ လေယာဉ်ပျက်ကျမှုကြောင့် ဆုံးရှုံးခဲ့သည့် Chapecoense ကလပ်အသင်း အား ပေးအပ်ခဲ့ပြီး ပြိုင်ဘက် Atletico Nacional အသင်း ကို “ရာစုနှစ်တန်းတူညီမျှခြင်းဆု” ပေးအပ် ခဲ့သည်။

ဘရာဇီးနိုင်ငံ Chapecoense ကလပ်အသင်း သည် Atletico Nacional အသင်း နှင့် တောင်အမေရိကဖလား ဗိုလ်လုပွဲ ယှဉ်ပြိုင်ရန် ကိုလံဘီယာ သို့သွားရောက်စဉ် လေယာဉ်ပျက်ကျမှု ဖြစ်ပွား ခဲ့ပြီး လေယာဉ်ပျက်ကျမှုကြောင့် ခရီးသည် ၇၁ ဦးသေဆုံးခဲ့ရာတွင် Chapecoense ကလပ်အသင်း မှ ဘောလုံးအားကစားသမား ၁၇ ဦးလည်းပါဝင်ခဲ့သည်။

လေယာဉ်ပျက်ကျမှု ဖြစ်ပွားပြီးနောက်တွင် Atletico Nacional အသင်း မှ တောင်အမေရိက ဘောလုံးအဖွဲ့ချုပ် ထံ Chapecoense ကလပ်အသင်းရင်ဆိုင်နေရသော ကြီးမားသည့် အဖြစ်ဆိုး နှင့် သေဆုံးခဲ့သူများအပေါ် စာနာထောက်ထားသဖြင့် ၂၀၁၆ ခုနှစ် တောင်အမေရိကဖလား Champion ဆုတံဆိပ်ကို Chapecoense ကလပ်အသင်းအားပေးအပ်ရန် တောင်းဆိုခဲ့သည်။ တောင်အမေရိက ဘောလုံးအဖွဲ့ချုပ် မှလည်း Atletico Nacional အသင်း၏ တောင်းဆိုမှုကြောင့် Champion ဆုတံဆိပ်ကို Chapecoense ကလပ်အသင်းအား ပေးအပ်ရန် ဆုံးဖြတ်ခဲ့သည်။

ထို့ပြင် တောင်အမေရိက ဘောလုံးအဖွဲ့ချုပ် က Atletico Nacional အသင်း ကို “ရာစုနှစ်တန်းတူညီမျှခြင်းဆု” ပေးအပ်ခဲ့ပြီး ဆုကြေးငွေ အမေရိကန် ဒေါ်လာ တစ်သန်းကိုလည်း ပေးအပ်ခဲ့သည်။ တောင်အမေရိက ဘောလုံးအဖွဲ့ချုပ် က Atletico Nacional အသင်းသည် မိမိတို့၏ ညီအကို နှင့် ပြိုင်ဘက်အသင်းဖြစ်သည့် Chapecoense ကလပ်အသင်း အပေါ် ကျွန်တော်တို့ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေး ၊ နားလည်မှုရှိရေး နှင့် တန်းတူညီမျှမှုရှိရေး ဆိုသည့် ပြိုင်ပွဲ၏ စိတ်ဓာတ်ကို အပြည့်အဝ ထုတ်ဖော်ပြသ နိုင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

ဘရာဇီးနိုင်ငံ ရှိ ကလပ်အသင်းများသည် Chapecoense ကလပ်အသင်း မှ လက်ရှိကြုံတွေ့နေရသည့် အခက်အခဲကို ကျော်ဖြတ်နိုင်ရန် ကူညီသည့်အနေဖြင့် ကစားသမားများကို အခမဲ့ ငှားရမ်းပေးရန် ကမ်းလှမ်းခဲ့ကြသည်။ဘရာဇီး ဘောလုံးကြယ်ပွင့် ရောနယ်ဒင်ဟို နှင့် အာဂျင်တီးနား ဘောလုံးကြယ်ပွင့် ရီကွဲလ်မီး တို့မှလည်း Chapecoense ကလပ်အသင်း သို့သွားရောက် ကစားပေးလိုကြောင်း ကမ်းလှမ်း ခဲ့ကြသည်။ နိုင်ငံတကာ ဘောလုံးလောက နှင့် ဘောလုံးကစားသမားအကျော်အမော်များမှလည်း ကိုလံဘီယာ လေယာဉ်ပျက်ကျမှု အပေါ်ဝမ်းနည်းကြောင်း ပြောကြား ခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.