Connect with us

Asia

ဗီယက်နမ်နိုင်ငံ၌ ငှက်ဖျားရောဂါဖြစ်ပွားသူ ၁၄၁ ဦးရှိ

ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းမြို့ကို ၂၀၂၃ ခုနှစ် ဧပြီ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟနွိုင်း၊ မေ ၁၆ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ၌ ယခုနှစ်အစောပိုင်းမှစကာ ငှက်ဖျားရောဂါဖြစ်ပွားသူ ၁၄၁ ဦးရှိပြီး ယမန်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၀၇ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ငှက်ဖျားဗေဒ၊ ကပ်ပါးဗေဒနှင့် ပိုးမွှားဗေဒအမျိုးသားအဖွဲ့အစည်းကို ကိုးကား၍ Vietnam News သတင်းဌာနက မေ ၁၅ ရက်တွင် ဖော်ပြထားသည်။

အဆိုပါ အဖွဲ့အစည်း၏ ညွှန်ကြားရေးမှူးဖြစ်သူ ဟောင်ဒင်ကန်က ပြည်နယ် ၂၃ ခုအနက် ၁၃ ခုတွင် ငှက်ဖျားရောဂါ ဖြစ်ပွားလျက်ရှိကြောင်း ပြောသည်။ ယင်းမှာ အနာဂတ်တွင် ငှက်ဖျားရောဂါ ကာကွယ်ရေးနှင့် ပပျောက်ရေးတို့အတွက် စိန်ခေါ်မှုတစ်ခုဖြစ်သည်ဟု ဆိုသည်။

ဗီယက်နမ်နိုင်ငံ၌ ငှက်ဖျားရောဂါဖြစ်ပွားသည့် ဒေသများ၌ နေထိုင်သူပေါင်း ၇ သန်းခန့်ရှိကြောင်း၊ ယမန်နှစ်က ဗီယက်နမ်နိုင်ငံတစ်ဝန်း ငှက်ဖျားရောဂါဖြစ်ပွားသူပေါင်း ၄၄၈ ဦးရှိကြောင်း သိရသည်။ (Xinhua)

………………………
(English Version)
141 malaria cases reported in Vietnam
HANOI, May 15 (Xinhua) — Vietnam has recorded 141 cases of malaria since early this year, an increase of 107.4 percent over the same period in 2023, Vietnam News reported Wednesday, citing the National Institute of Malariology, Parasitology and Entomology.
According to Hoang Dinh Canh, the institute’s director, 13 out of the 23 provinces with malaria cases reported infections from imported sources. This is a challenge for malaria prevention and elimination in the future.
Poor economic conditions, food hygiene practices, personal hygiene and environmental hygiene will increase the risks of disease transmission and limit the ability of health authorities to prevent outbreaks, he said.
There are currently about 7 million people living in Vietnam’s malaria-endemic areas in 1,030 communes, mostly poor people and ethnic minorities living in mountainous, remote areas, Central Highlands and border areas, according to the institute.
Last year, 448 malaria cases were reported across the Southeast Asian country.
To achieve the goal of eliminating malaria by 2030, Vietnam must have no more cases of domestic malaria parasites by 2027. ■

This photo taken on April 23, 2023 shows a view of Hanoi, capital of Vietnam.