Connect with us

Africa & Middle East

ပါကစ္စတန်၌ ခရီးသည်တင်ဘတ်စ်ကား တောင်အောက်ထိုးကျ အနည်းဆုံး လူ ၂၈ ဦးသေဆုံး၍ အခြားသူ ၂၀ ကျော်ဒဏ်ရာရရှိ

အစ္စလာမ်မာဘတ်၊ မေ ၃၀ ရက် (ဆင်ဟွာ)
ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း အဝေးပြေးလမ်းတစ်လမ်းပေါ်၌ အရှိန်ဖြင့် မောင်းနှင်လာသည့် ခရီးသည်တင်ဘတ်စ်ကားတစ်စီး ကျောက်သားတောင်ကြားအောက် ထိုးကျခဲ့ရာ အနည်းဆုံး လူ ၂၈ ဦး သေဆုံး၍ အခြားသူ ၂၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ခရီးသည်တင် ဘတ်စ်ကားမတော်တဆမှုသည် ဘလူချီစတန်ပြည်နယ် ဝါရှက်ခ်မြို့အနီးဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။ ခရီးသည် တင်ဘတ်စ်ကားသည် အဝေးပြေးလမ်းပေါ်၌ မောင်းနှင်နေစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးချောက်နက်အတွင်းသို့ ထိုးကျခဲ့ခြင်းဖြစ်သည်။ မော်တော်ယာဉ် မတော်တဆမှုအတွင်း ဒဏ်ရာရှိသူများအနက် အချို့မှာ အခြေအနေစိုးရိမ်ရကြောင်း ပါကစ္စတန် တာဝန်ရှိသူများက ပြောကြားခဲ့သည်။ (Xinhua)

………………………
(English Version)
28 killed, over 20 injured in bus accident in SW Pakistan

ISLAMABAD, May 29 (Xinhua) — At least 28 people were killed and over 20 others injured on Wednesday morning in a bus accident in Washuk district of Pakistan’s southwest Balochistan province, local police said.
Local police told Xinhua that a bus carrying over 50 passengers fell into a ditch in Bismia area of the district, leaving 28 people dead, including women and children.
Medics feared that the death toll might rise further, as several of the injured were in critical condition.