Connect with us

Asia

ဗီယက်နမ်နိုင်ငံ၌ ယခုနှစ် ပထမငါးလအတွင်း စီမံကိန်းပေါင်း ၆၄,၈၀၀ ကို စတင်ဆောင်ရွက်လျက်ရှိ

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၉ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ဟနွိုင်း၊ မေ ၃၁ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ၌ ယခုနှစ် ပထမ ငါးလအတွင်း ဗီယက်နမ်ဒေါင် ၆၀၁ ဒသမ ၂ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၆ ဘီလီယံ) ကျော် တန်ဖိုးရှိသည့် စီမံကိန်းပေါင်း ၆၄,၈၀၀ ကို စတင်ဆောင်ရွက်လျက်ရှိကြောင်း အထွေထွေစာရင်းအင်းရုံးမှ ထုတ်ပြန်သည့် နောက်ဆုံးအချက်အလက်များအရ သိရသည်။

အဆိုပါအရေအတွက်သည် စီးပွားရေးလုပ်ငန်းအရေအတွက် ၄ ဒသမ ၅ ရာခိုင်နှုန်းတိုးတက်လာပြီး အရင်းအနှီးပမဏအားဖြင့် ၅ ဒသမ ၇ ရာခိုင်နှုန်းတိုးတက်လာကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းသစ်များတွင် အလုပ်သမားစုစုပေါင်း ၄၂၆,၄၀၀ ကို အလုပ်အကိုင် ဖန်တီးပေးလျက်ရှိပြီး ယမန်နှစ် အလားတူကာလထက် အလုပ်အကိုင် ဖန်တီးမှု ၅ ရာခိုင်နှုန်း မြင့်တက်လာသည်။
၂၀၂၄ ခုနှစ် ပထမငါးလတွင် လုပ်ငန်းအသစ်တစ်ခု၏ ပျမ်းမျှအရင်းအနှီး ငွေပမာဏသည် ယခင်နှစ် အလားတူကာလထက် ၁ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ငွေကြေးအားဖြင့် ဒေါင် ၉ ဒသမ ၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၆၅,၃၀၀) မြင့်တက်လာကြောင်း သိရသည်။

ထို့ပြင် ပထမငါးလအတွင်း လုပ်ငန်းပေါင်း ၃၄,၁၀၀ နီးပါးသည် ၎င်းတို့၏ လုပ်ငန်းများကို ပြန်လည်စတင်ခဲ့ပြီး ၂၀၂၃ ခုနှစ် အလားတူ ကာလထက် ၃ ဒသမ ၃ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း သိရသည်။ (Xinhua)

………………………..
(English Version)
64,800 new enterprises established in 5 months in Vietnam
HANOI, May 30 (Xinhua) — As many as 64,800 new enterprises with total registered capital of over 601.2 trillion Vietnamese dong (23.6 billion U.S. dollars) were established in Vietnam in the first five months of 2024, according to the latest data released by the General Statistics Office.
The figures represented year-on-year increases of 4.5 percent in the number of businesses and 5.7 percent in capital.
These new businesses registered a total of 426,400 workers, a rise of 5 percent over the same period last year.
The average registered capital of a new enterprise in the first five months of 2024 rose 1.2 percent year on year to 9.3 billion dong (365,300 dollars).
According to the office, nearly 34,100 businesses resumed their operation in the first five months, an increase of 3.3 percent over the same period in 2023. ■
This photo taken on Dec. 9, 2023 shows a view of Hanoi, capital of Vietnam.