Connect with us

North America

အမေရိကန် နိုင်ငံ တောင်ကာရိုလိုင်းနား ပြည်နယ် တွင် ရထား နှစ်စင်း တိုက်မှု ဖြစ်ပွား ခဲ့ရာ လူ ၂ ဦး သေဆုံးပြီး ရာနှင့်ချီ၍ ဒဏ်ရာရရှိ

အမေရိကန် နိုင်ငံ တောင်ကာရိုလိုင်းနား ပြည်နယ် တွင် ဖြစ်ပွား ခဲ့သည့် ရထားတိုက်မှု အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ ရှိ ခရီးသည်တင် ရထား တစ်စင်း သည် ဖေဖော်ဝါရီ ၄ ရက်နေ့ တွင် တောင်ကာရိုလိုင်းနား (South Carolina) ပြည်နယ် တွင် ကုန်တင် ရထား တစ်စင်း နှင့် တိုက်မှု ဖြစ်ပွား ခဲ့ရာ လူ ၂ ဦး သေဆုံးခဲ့ပြီး လူပေါင်း ရာနှင့်ချီ၍ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အမေရိကန် နိုင်ငံ အမျိုးသား ရထားလမ်းပို့ဆောင်ရေး ကုမ္ပဏီ က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ဖေဖော်ဝါရီ ၄ ရက်နေ့ ဒေသစံတော်ချိန် နံနက်ပိုင်း ၂ နာရီ ၃၅ မိနစ်ခန့်တွင် အမှတ် ၉၁ ရထား နှင့် CSX ကုမ္ပဏီ ပိုင် ကုန်တင် ရထား တို့ တိုက်မှု ဖြစ်ပွားခဲ့ကြောင်း ၊ ရထား တိုက်မှု ဖြစ်ပွားစဉ် ခရီးသည်တင် ရထား၌ ခရီးသည် ၁၃၉ ဦး နှင့် ဝန်ထမ်း ၈ ဦး လိုက်ပါခဲ့ကြောင်း ဖေါ်ပြထားသည်။

တောင်ကာရိုလိုင်းနား ပြည်နယ်အုပ်ချုပ်ရေးမှူး ဟင်နရီမက်မတ်စတာ (Henry McMaster) က သတင်းစာ ရှင်းလင်းပွဲ တွင် သေဆုံးခဲ့သူ နှစ်ဦးမှာ အမျိုးသား ရထားလမ်းပို့ဆောင်ရေး ကုမ္ပဏီ မှ ဝန်ထမ်းများ ဖြစ်ကြပြီး ဒဏ်ရာရရှိခဲ့သူ ၁၁၆ ဦး အား ဆေးရုံ သို့ ပို့ဆောင်ပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း ၊ ဒဏ်ရာရရှိသူများ အနက် အချို့မှာ အရိုးကျိုးခဲ့ကြပြီး အတိုင်းအတာ အမျိုးမျိုး ဒဏ်ရာရရှိခဲ့ကြကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ သတင်းမီဒီယာ ၏ ဖော်ပြချက်အရ ရထား နှစ်စင်း မှာ ခေါင်းချင်းဆိုင် တိုက်ခဲ့သဖြင့် လွန်စွာ ပျက်ဆီးသွားကြောင်း ၊ ရထား တိုက်မှုကြောင့် ရထားတွဲများစွာ တွဲချော်မှု ဖြစ်ပွား ခဲ့ပြီး လောင်စာဆီ ဂါလံ ၅၀၀၀ ခန့် ယိုစိမ့်မှု ဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.