ဝါရှင်တန်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က အစိုးရယန္တရား တစ်စိတ်တစ်ပိုင်း ရပ်ဆိုင်းမှု ဆက်လက်ဖြစ်ပွားနေသောကြောင့် ဆွစ်ဇာလန်နိုင်ငံ စကိတ်စီးအပန်းဖြေမြို့ဖြစ်သည့် ဒါဗို့စ်မြို့ ၌ ဇန်နဝါရီနှောင်းပိုင်းတွင် နှစ်စဉ်ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်ရန်စီစဉ်ထားသော ၎င်း၏ ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ဇန်နဝါရီ ၁၀...
ဝါရှင်တန်၊ ဇန်ဝါရီ ၁၁ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံမှ အချို့သော အမေရိကန်စစ်တပ်၏ မြေပြင်သုံး စက်ကိရိယာများကို စတင်ပြောင်းရွှေ့နေပြီဖြစ်ကြောင်း အမေရိကန်သတင်းတစ်ခုက ဇန်နဝါရီ ၁၀ရက်တွင်ဖော်ပြခဲ့သည်။
နယူးယောက်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ နယူးယောက်စီးတီးရှိ အထင်ကရ မိုးမျှော်အဆောက်အအုံတစ်ခုဖြစ်သော မြို့လယ် မန်ဟတ်တန်ရပ်ကွက်ရှိ နှစ်ပေါင်း ၉၀ နီးပါး သက်တမ်းရှိသော ခရစ္စလာအဆောက်အဦ (Chrysler Building) အား ဈေးကွက်တင်ရောင်းချတော့မည်ဖြစ်ကြောင်း ဒေသခံမီဒီယာက ဇန်နဝါရီလ ၁၀ ရက်တွင် သတင်းဖော်ပြခဲ့သည်။
ဆန်တီရာဂို၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ) ချီလီနိုင်ငံ တောင်ပိုင်း Lake ခရိုင်တွင် မော်တော်ယာဉ် ၃စီး တိုက်မိခဲ့ပြီးနောက် ကလေးငယ်တစ်ဦး အပါအဝင် အနည်းဆုံး လူ ၉ဦးသေဆုံးခဲ့ပြီး အခြားလူ ၁၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဝါရှင်တန် ၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ) ဗင်နီဇွဲလား လူပုဂ္ဂိုလ် ၇ ဦးနှင့် ကုမ္ပဏီလုပ်ငန်း အဖွဲ့ ၂၃ ခုကို ပိတ်ဆို့မှုများပြုလုပ်လိုက်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၈ ရက်တွင် ကြေညာခဲ့သည်။
မက္ကဆီကိုစီးတီး၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ ပလာယာ ဒဲလ်ကာမန်မြို့ မက္ကဆီကန် ကာရေဘီယံ အပန်းဖြေအိမ်ရာရှိ စားသောက်ဆိုင်ဘားတစ်ခုတွင် သေနတ်သမားနှစ်ဦး ပစ်ခတ်မှုကြောင့် လူ ၇ ဦးသေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများက ဇန်နဝါရီလ ၇ ရက်တွင် ပြောကြားလိုက်သည်။
ဝါရှင်တန် ၊ ဇန်နဝါရီ ၈ ရက်(ဆင်ဟွာ) ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ Jim Yong Kim ဖေဖော်ဝါရီ ၁ ရက်တွင် ရာထူးမှနုတ်ထွက်မည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ဇန်နဝါရီ ၇ ရက်တွင် ကြေညာခဲ့သည်။
နယူးယောက် ၊ ဇန်နဝါရီ ၈ ရက်(ဆင်ဟွာ) e-စီးပွားရေးလုပ်ငန်းစုဖြစ်သော အမေဇုံသည် ဇန်နဝါရီ ၇ ရက် စတော့ဈေးကွက်ပိတ်သိမ်းချိန်တွင် ကမ္ဘာ့အကြီးဆုံး အများပိုင်ကုမ္ပဏီလုပ်ငန်းစုကြီးဖြစ်သော မိုက်ခရိုဆော့ခ်(Microsoft) ကို ကျော်၍ ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကုမ္ပဏီကြီးဖြစ်လာခဲ့သည်။
ဝါရှင်တန် ၊ ဇန်နဝါရီ ၇ ရက်(ဆင်ဟွာ) အမေရိကန်-မြောက်ကိုရီးယား နှစ်နိုင်ငံ ခေါင်းဆောင် ဒုတိအကြိမ်တွေ့ဆုံမည့်နေရာကို ဆွေးနွေး နေဆဲဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဇန်နဝါရီ ၆ ရက်တွင် သတင်းထောက်များ အား ပြောကြားခဲ့သည်။
နယူးယောက်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ဆင်းရဲနွမ်းပါးမှုအား တိုက်ဖျက်ရေး ကြိုးပမ်းမှုတစ်ခုအနေဖြင့် ၂၀၁၉ခုနှစ်တွင် အနိမ့်ဆုံးလုပ်ခလစာ ကို တစ်နာရီလျှင် အမေရိကန်ဒေါ်လာ ၁၅ဒေါ်လာ အထိ တိုးမြှင့်ခဲ့ကြောင်း သိရသည်။