Connect with us

North America

ထရမ့်က ဝါရှင်တန်မြို့တွင် ဇန်နဝါရီ ၂၄ ရက်အထိ သက်ရောက်မည့် အရေးပေါ်အခြေအနေကြေညာရန် အတည်ပြု

အမေရိကန်နိုင်ငံ သမ္မတဒေါ်နယ်ထရမ့်(ဝဲ) နှင့် စိန်ခေါ်သူ သမ္မတလောင်းဂျိုးဘိုင်ဒန်(ယာ) တို့ ဗာဂျီးနီးယားပြည်နယ် အယ်လင်တန်မြို့၌ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၂၉ ရက်က ပထမအကြိမ်စကားစစ်ထိုးပွဲပြုလုပ်နေစဉ်(ဆင်ဟွာ)

ဝါရှင်တန်၊ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က ရွေးကောက်ခံသမ္မတဂျိုးဘိုင်ဒန်၏ ရာထူးအပ်နှံပွဲကျင်းပမည့် ဇန်နဝါရီ ၂၀ ရက်ကို လွှမ်းခြုံကာ ဇန်နဝါရီ ၂၄ ရက်အထိ နိုင်ငံ၏မြို့တော် ဝါရှင်တန်မြို့အား အရေးပေါ်အခြေအနေကြေညာရန် တနင်္လာနေ့က အတည်ပြုပေးခဲ့ကြောင်း သိရသည်။

“ ဒီနေ့မှာ သမ္မတဒေါ်နယ်ထရမ့်ဟာ ကိုလံဘီယာခရိုင်မှာ အရေးပေါ်အခြေအနေတစ်ခု ထုတ်ပြန်ဖို့ ကြေညာခဲ့ပါတယ်။ အမေရိကန်နိုင်ငံရဲ့ ၅၉ ကြိမ်မြောက် သမ္မတရာထူးအပ်နှံပွဲအခမ်းအနား ကာလအတွင်း ဇန်နဝါရီ ၁၁ရက်ကနေ ၂၄ ရက်နေ့အထိ အရေးပေါ်အခြေအနေကြုံတွေ့လာနိုင်လို့ ခရိုင်ရဲ့ ကိုင်တွယ်တုံ့ပြန်မှုကို အားဖြည့်ပေးနိုင်အောင် ဖက်ဒရယ်အစိုးရအနေနဲ့ ကူညီထောက်ပံ့ပေးဖို့ ညွှန်ကြားထားပါတယ်” ဟု သမ္မတအိမ်ဖြူတော်သတင်းပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားသည်။ 

ဝါရှင်တန်မြို့တော်ဝန် Muriel Bowser က ဇန်နဝါရီ ၁၀ ရက်တွင် ထရမ့်ထံသို့ စာတစ်စောင်ပေးပို့ခဲ့ပြီးနောက် ထိုသို့ ထရမ့်၏ အရေးပေါ်အခြေနေကြေညာချက်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံ လွှတ်တော်အဆောက်အဦ(Capitol) အား ဇန်နဝါရီ ၆ ရက်က ထရမ့်ထောက်ခံသူများ ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ချက်ချင်းဆိုသလိုပင် Bowser သည် မြို့တော်အား ပြည်သူ့အရေးပေါ်အခြေအနေ ၁၅ ရက် ထုတ်ပြန်ကြေညာခဲ့သည်။
“ ကက်ပီတိုလွှတ်တော်အဆောက်အဦ တိုက်ခိုက်ခံခဲ့ရမှုက အချက်ပြနေပြီး သမ္မတရာထူးအပ်နှံပွဲအခမ်းအနားကာလအတွင်းမှာ နောက်ထပ် အကြမ်းဖက်မှုတွေဖြစ်ပေါ်လာနိုင်တဲ့အကြောင်း ထောက်လှမ်းရေးအဖွဲ့က သတိပေးထားတယ် ၊ ကျွန်တော့်အုပ်ချုပ်ရေးအဖွဲ့ဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၄ ရက်နေ့အထိ ဝါရှင်တန်ဒီစီမြို့ကို လုံခြုံရေးတိုးမြှင့်ချထားဖို့ အမျိုးသားအစောင့်တပ်ဖွဲ့ကို အကူအညီတောင်းခံခြင်းအပါအဝင် ရာထူးအပ်နှံပွဲ အခမ်းအနား အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုဆိုင်ရာ တာဝန်ဝတ္တရားတွေအပေါ် ပြန်လည်သုံးသပ်ခဲ့ပြီးဖြစ်ပါတယ် ” ဟု Bowser ၏ ပေးစာတွင် ဖော်ပြထားသည်။

“ ဇန်နဝါရီ ၆ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ပုန်ကန်ထကြွမှုရဲ့ တိုက်ရိုက် အကျိုးဆက်ကြောင့် ရာထူးအပ်နှံပွဲအခမ်းအနားဟာ မူလက စီစဉ်ထားတဲ့ လုံခြုံရေးအရင်းအမြစ်တွေ ၊ အစီအမံတွေနဲ့ စိတ်ချလုံခြုံ ဘေးကင်းတဲ့ပတ်ဝန်းကျင်တစ်ခုဖြစ်ဖို့ မလုံလောက်တော့ဘူးဆိုတာ သိခဲ့ရတဲ့အတွက် အခုလိုဆုံးဖြတ်လိုက်ရတာပါ” ဟု မြို့တော်ဝန်က ဆိုသည်။ “ မကြာသေးခင်က ဖြစ်ပွားခဲ့အဖြစ်အပျက် နဲ့ ထောက်လှမ်းရေးသတင်းအချက်အလက်တွေအပေါ်အခြေခံပြီး ဝါရှင်တန်ဒီစီမြို့ကိုချီတက်လာကြမယ့် လက်နက်ကိုင်အစွန်းရောက်တွေ နဲ့ ကြီးမားတဲ့လူအုပ်စုကြီးအတွက် ကျွန်တော်တို့ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမှာပါ” ဟု ၎င်းက ဆိုသည်။

ဝါရှင်တန်ဒီစီမြို့တော်ဝန် Bowser သည် ဗာဂျီးနီးယားအုပ်ချုပ်ရေးမှူး Ralph Northam ၊ မယ်ရီလန်းအုပ်ချုပ်ရေးမှူး Larry Hogan တို့နှင့်အတူ COVID-19 ကပ်ရောဂါကြောင့် သေဆုံးမှုမြင့်တက်နေခြင်း နှင့် ပြီးခဲ့သော ရက်သတ္တပတ်က ဖြစ်ပွားခဲ့သော အကြမ်းဖက် ပုန်ကန်ထကြွမှုများ ဆက်လက် ပေါ်ပေါက်လာနိုင်ခြင်းတို့ကြောင့် သမ္မတရာထူးအပ်နှံပွဲအခမ်းအနားများမှ ခပ်ဝေးဝေးနေကြရန် ပြည်သူများအား တိုက်တွန်းမှု ပြုလုပ်ခဲ့သည်။
အမေရိကန်နိုင်ငံပြည်ထောင်စုစုံစမ်းစစ်ဆေးရေးဗျူရို(FBI) က အမေရိကန်နိုင်ငံအတွင်းရှိ ပြည်နယ် ၅၀ စလုံး၏ မြို့တော်များတွင် ဇန်နဝါရီ ၁၆ ရက် မှ ၂၀ ရက်အထိ လည်းကောင်း ၊ နိုင်ငံ၏မြို့တော်ဝါရှင်တန်ဒီစီတွင် ဇန်နဝါရီ ၁၇ ရက် မှ ၂၀ ရက်အထိလည်းကောင်း လက်နက်ကိုင်ဆန္ဒပြမှုများဖြစ်ပေါ်လာနိုင်ကြောင်းကို တပ်လှန့်သတိပေးထားပြီးဖြစ်သည်။(Xinhua)
…………………………………………
(English Version)

Trump approves emergency declaration for Washington, effective through Jan. 24
WASHINGTON, Jan. 11 (Xinhua) — U.S. President Donald Trump on Monday approved the emergency declaration for Washington, D.C., the nation’s capital, through Jan. 24, covering the date of President-elect Joe Biden’s inauguration on Jan. 20.
“Today, President Donald J. Trump declared that an emergency exists in the District of Columbia and ordered Federal assistance to supplement the District’s response efforts due to the emergency conditions resulting from the 59th Presidential Inauguration from Jan. 11 to Jan. 24, 2021,” the Office of the White House Press Secretary said in a statement.
The emergency declaration authorized the Department of Homeland Security and the Federal Emergency Management Agency to coordinate resources with state and local authorities, and came as Washington braced for heightened possibility of violence in the lead-up to and during Biden’s inauguration.
The declaration was in response to a letter sent to Trump on Sunday by Washington D.C. Mayor Muriel Bowser, who already declared a 15-day public emergency for the city shortly after pro-Trump demonstrators stormed the U.S. Capitol on Jan. 6.
“In light of the attack on the Capitol and intelligence
suggesting further violence is likely during the Inaugural period, my administration has reevaluated our preparedness posture for the Inauguration, including requesting the extension of D.C. National Guard support through Jan. 24, 2021,” Bowser wrote in the letter.
“I have determined that the plans and resources previously assigned to the Inauguration are insufficient to establish a safe and secure environment as a direct result of the insurrectionist actions that occurred on Jan. 6,” the mayor said. “Based on recent events and intelligence assessments, we must prepare for large groups of trained and armed extremists to come to Washington, D.C.”
On Monday, Bowser was joined by Virginia Governor Ralph Northam and Maryland Governor Larry Hogan in urging people to stay away from inaugural events, citing “last week’s violent insurrection as well as the ongoing and deadly COVID-19 pandemic.”
The Federal Bureau of Investigation has warned about plans of armed protests from Jan. 16 through Jan. 20 at all the 50 state capitols, and from Jan. 17 through Jan. 20 at the U.S. Capitol in Washington. Enditem

 

Photo taken in Arlington, Virginia, the United States, on Sept. 29, 2020 shows C-SPAN 2 live stream of U.S. President Donald Trump (L) and his Democratic challenger, Joe Biden, speaking during their first debate in the 2020 presidential race.