Connect with us

North America

အမေရိကန်နိုင်ငံ က ကျူးဘားနိုင်ငံအား အကြမ်းဖက်မှု ထောက်ခံအားပေးသည့် နိုင်ငံအဖြစ် ပြန်လည်သတ်မှတ် ၊ ယင်းဆောင်ရွက်မှုအပေါ် ကျူးဘားနိုင်ငံ က ပြစ်တင်ရှုတ်ချ

အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

အမေရိကန်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန က ကျူးဘားနိုင်ငံ အား “အကြမ်းဖက်ဝါဒ ထောက်ခံအားပေးသည့် နိုင်ငံ” အဖြစ် သတ်မှတ်ခဲ့ပြီး ကျူးဘားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Bruno Rodríguez Parrilla က အမေရိကန်၏ ယင်းဆောင်ရွက်မှုအပေါ် ဇန်နဝါရီ ၁၁ ရက်တွင် ပြစ်တင်ရှုတ်ချခဲ့သည်။

အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ၏ ထုတ်ပြန်ကြေညာချက်တွင် ကျူးဘားနိုင်ငံ အနေဖြင့် အကြမ်းဖက်သမားများအတွက် ပုံးခိုရာနေရာအဖြစ် ထောက်ပံ့ပေးခဲ့ပြီး နိုင်ငံတကာ အကြမ်းဖက်ဝါဒ ဆောင်ရွက်မှုများအတွက် ထောက်ခံအားပေးမှု ပြုလုပ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

အမေရိကန်နိုင်ငံ ၏ ထုတ်ပြန်ကြေညာချက်၌ ကျူးဘားနိုင်ငံသည် အကြမ်းဖက်ဝါဒ ထောက်ခံအားပေး သည့် နိုင်ငံအဖြစ် သတ်မှတ်ခံရပြီးနောက်တွင် သက်ဆိုင်ရာပိတ်ဆို့အရေးယူမှုများကို ခံရမည်ဖြစ်ကြောင်း ၊ ကျူးဘားနိုင်ငံ နှင့် အထူးသတ်မှတ်ထားသည့် ကုန်သွယ်မှုများ ဆောင်ရွက်သည့် လူပုဂ္ဂိုလ် နှင့် နိုင်ငံ များအနေဖြင့် ပြစ်ဒဏ်ချမှတ်ခြင်းခံရမည်ဖြစ်ကြောင်း ၊ အမေရိကန်နိုင်ငံ မှ ကျူးဘား နိုင်ငံ အပေါ် ကူညီထောက်ပံ့မှုများလည်း ကန့်သတ်ခံရမည်ဖြစ်ကြောင်း ၊ ကာကွယ်ရေး ဆိုင်ရာ ၊ စစ်ဘက် နှင့် အရပ်ဘက် နှစ်မျိုးသုံး ကုန်ပစ္စည်းများ ကျူးဘားနိုင်ငံသို့ တင်သွင်းခြင်း ကို ကန့်သတ်ခြင်း နှင့် ထိန်းချုပ်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြည့်စွက်ဖော်ပြထားသည်။

အမေရိကန်နိုင်ငံ ၏ ဆောင်ရွက်မှုကို ကျူးဘားနိုင်ငံ နှင့် အမေရိကန်ပြည်တွင်းရှိ ဒီမိုကရက်တစ်ပါတီဝင်များ ၏ ဝေဖန်ခြင်း ခံခဲ့ရသည်။ ကျူးဘားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Bruno Rodríguez Parrilla က ဇန်နဝါရီ ၁၁ ရက် ၌ လူမှုကွန်ရက်စာမျက်နှာတွင် အမေရိကန်နိုင်ငံ က ကျူးဘားနိုင်ငံအား အကြမ်းဖက်ဝါဒ ထောက်ခံသည့် နိုင်ငံအဖြစ် သတ်မှတ်ခြင်းသည် သူတော်ကောင်းအယောင်အဆောင် နှင့် လက်တွေ့ဖြစ်ရပ်အပေါ် မုန်းတီးသော နိုင်ငံရေးဆိုင်ရာ အခွင့်ကောင်းယူသည့် ဝါဒ ဖြစ်ကြောင်း ရေးသားဖော်ပြခဲ့သည်။

အမေရိကန်နိုင်ငံ ဒီမိုကရက်တစ်ပါတီ အထက်လွှတ်တော်အမတ် Patrick Leahy က နိုင်ငံခြားရေးဝန်ကြီးဌာန ၏ ဆောင်ရွက်မှုသည် ထင်ထင်ပေါ်ပေါ် နိုင်ငံရေးဆိုင်ရာ ဆောင်ရွက်မှုဖြစ်ပြီး အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ရာထူးမှ မထွက်ခွာမီ ရည်ရွယ်ချက်ရှိရှိ ရာထူးဆက်ခံသူအတွက် အခက်တွေ့အောင် ဆောင်ရွက်ခဲ့သည့် ဆောင်ရွက်မှု ဖြစ်ကြောင်း ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

အမေရိကန်နိုင်ငံသည် ၁၉၈၂ ခုနှစ်တွင် လက်တင်အမေရိကဒေသ တွင်း အကြမ်းဖက်နှိမ်နင်းရေး ကို အကြောင်းပြု၍ ကျူးဘားနိုင်ငံအား အကြမ်းဖက်ဝါဒထောက်ခံသည့် နိုင်ငံ စာရင်းသို့ ထည့်သွင်း ခဲ့ကြောင်း ၊ ၂၀၁၅ ခုနှစ် တွင် အမေရိကန်နိုင်ငံ နှင့် ကျူးဘားနိုင်ငံ အကြား ဆက်ဆံရေး ကောင်းမွန်လာသည်နှင့်အမျှ ထိုစဉ် က အိုဘာမားအစိုးရ က ကျူးဘားနိုင်ငံအား အကြမ်းဖက်ထောက်ခံသည့် နိုင်ငံစာရင်း မှ ပယ်ဖျက်ပေးခဲ့ကြောင်း ၊ ထို့နောက်တွင် အမေရိကန်နိုင်ငံ က ကျူးဘားနိုင်ငံအပေါ် စီးပွားရေး ၊ ခရီးသွားလာရေး နှင့် ကုန်သွယ်ရေး ဆိုင်ရာ ကန့်သတ်ချက်များကို ဖြေလျှော့ပေးခဲ့ပြီး ကျူးဘားနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကို ပြန်လည်ဖွင့်လှစ် ခဲ့သော်လည်း ဘက်စုံပိတ်ဆို့အရေးယူမှုကို ဖြေလျှော့ပေးခဲ့ခြင်းမရှိကြောင်း ၊ ၂၀၁၇ ခုနှစ် ဒေါ်နယ်ထရမ့် အစိုးရ စတင် တာဝန်ထမ်းဆောင်ချိန်မှစ၍ အမေရိကန်နိုင်ငံ က ကျူးဘားနိုင်ငံ အပေါ် ထားရှိသည့် မူဝါဒ ကို ပြန်လည်တင်းကျပ် ခဲ့ပြီး ၂၀၁၉ ခုနှစ် မှ စတင်၍ ကျူးဘားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများကို အဆက်မပြတ်တိုးမြှင့်ဆောင်ရွက်လာခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………………
(Chinese Version)

(国际)美国重新将古巴列为“支恐国家” 古巴予以谴责

  新华社华盛顿1月11日电(记者刘品然)美国国务院11日宣布将古巴列为“支持恐怖主义国家”。古巴外长罗德里格斯随即对此予以谴责。
  美国务卿蓬佩奥当天在声明中称,古巴“再三为恐怖分子提供避风港,为国际恐怖主义行径提供支持”。
  根据声明,古巴在被列为“支恐国家”后将遭受一系列限制措施,与古巴从事特定贸易的个人与国家将受到处罚,美国对古巴援助将被限制,防务和军民两用设备的出口将分别被禁止和管制。
  美方此举随即遭到古巴和国内民主党人的批评。古巴外长罗德里格斯当天在社交媒体推特上发文谴责美国将古巴列为“支恐国家”,认为此举属于“伪善和愤世嫉俗”的政治投机主义。
  美国民主党参议员帕特里克•莱希在其声明中批评这是“赤裸裸的政治化”行为,称蓬佩奥在离任时似乎有意为继任者尽可能制造困难。
美国1982年以支援拉丁美洲地区反叛分子为由把古巴列入“支恐国家”名单。2015年,随着美古关系改善,时任奥巴马政府把古巴移出这份名单,美方陆续放松对古巴经济、旅行和贸易限制,重开驻古巴大使馆,但并未全面解除对古封锁。2017年特朗普政府上台后,美国再次收紧对古政策,2019年以来,美国不断升级对古制裁措施。(参与记者:林朝晖)(完)

Photo
美国国务卿蓬佩奥。新华社记者 刘杰 摄