ဝါရှင်တန်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ပန်ဆဲလ်ဗေးနီးယားပြည်နယ်ရှိ နေ့ကလေးထိန်းစင်တာတစ်ခုတွင် သြဂုတ်လ ၁၁ ရက်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး ကလေးငယ် ၅ ဦး သေဆုံးခဲ့ကြောင်း ဒေသခံအာဏာပိုင်များ ပြောကြားချက်အရ သိရသည်။
နယူးယောက် ၊ သြဂုတ် ၁၁ ရက်(ဆင်ဟွာ) လိင်ကုန်ကူးမှုဖြင့် လွန်ခဲ့သော လက ဖမ်းဆီးခံခဲ့ရသည့် အမေရိကန်နိုင်ငံ ဘီလျံနာသူဋ္ဌေးကြီး ဂျက်ဖာရီအက်စတိန်း (Jeffrey Epstein) သည် နယူးယောက်မြို့ရှိအကျဉ်းထောင်တစ်ခုအတွင်း မိမိကိုယ်ကို အဆုံးစီရင်သွားကြောင်း ပြည်တွင်းမီဒီယာက သြဂုတ် ၁ဝ ရက်တွင် သတင်းဖော်ပြခဲ့သည်။
အော့စလို ၊ သြဂုတ် ၁၁ ရက်(ဆင်ဟွာ) နော်ဝေနိုင်ငံ အော့စလိုမြို့အပြင်ရှိ ဗလီတစ်လုံး၌ ပစ်ခတ်မှုဖြစ်ပွားရာ လူတစ်ဦးသေဆုံးကြောင်း နှင့် အချင်းဖြစ်ကိစ္စအပေါ် စုံစမ်းစစ်ဆေးမှုများပြုလုပ်နေပြီးဖြစ်ကြောင်း ရဲတပ်ဖွဲ့က သြဂုတ် ၁ဝ ရက်တွင်ပြောကြားခဲ့သည်။
လော့စ်အိန်ဂျလိစ်၊ သြဂုတ် ၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့လယ်မှ ၆၀ ကီလိုမီတာအကွာ ဂါးဒင်းဂရို့ဗ်မြို့တွင် သြဂုတ်လ ၇ ရက်က ဓားထိုးခံရမှုကြောင့် အနည်းဆုံး လူ ၄ ဦးသေဆုံးကာ အခြားသူ ၂ ဦး ဒဏ်ရာရရှိခဲ့ပြီးနောက် လုယက်သူဟု သံသယဖြစ်ဖွယ်ရှိသူတစ်ဦးအား ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ဝါရှင်တန်၊ သြဂုတ် ၈ ရက်(ဆင်ဟွာ) အမေရိကန်အနေဖြင့် လက်ရှိ မြောက်ကိုရီးယားအပေါ်တွင် ထားရှိသော မူဝါဒများ မပြောင်းလဲကြောင်း ၊မြောက်ကိုရီးယားနှင့်တွေ့ဆုံဆွေးနွေးမှုကို လာမည့် ရက်သတ္တပတ်များအတွင်းမှာ ပြန်လည်စတင်လိုကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယို (Mike Pompeo)က သြဂုတ် ၇ ရက်နေ့တွင် ပြောကြားခဲ့သည်။
ချီကာဂို၊ သြဂုတ် ၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ချီကာဂိုမြို့တွင် သြဂုတ် ၄ ရက်က သေနတ်ပစ်ခတ်မှု ၂ ခု ဆက်တိုက်ဖြစ်ပွားရာ လူ ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဝါရှင်တန် ၊ သြဂုတ် ၄ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အိုဟိုင်းအိုးပြည်နယ်(Ohio) ၌ ယနေ့သြဂုတ် ၄ ရက် နံနက်အစောပိုင်းတွင် သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၉ ဦးသေဆုံးပြီး အခြားလူ ၁၆ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ဆိုသည်။
ဟူစတန် ၊ သြဂုတ် ၄ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ တက္ကဆက်စ်ပြည်နယ်၌ သြဂုတ် ၃ ရက်က သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂ဝ ဦးသေဆုံးပြီး အခြား ၂၆ ဦးဒဏ်ရာရခဲ့ကြောင်း အစိုးရတာဝန်ရှိသူများက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။
တီဂူစီဂါလ်ပါ၊ သြဂုတ်လ ၃ ရက်(ဆင်ဟွာ) ဟွန်ဒူးရပ်နိုင်ငံတောင်ပိုင်းကိုဆက်သွယ်ထားသည့် အဝေးပြေးလမ်းမကြီးတစ်ခုပေါ်တွင် သြဂုတ်လ ၂ ရက်က ဘတ်စ်ကားတစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူလေးဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြကြောင်း မီးသတ်ဦးစီးဌာနက ပြောကြားခဲ့သည်။
တီဂူစီဂါလ်ပါ၊ သြဂုတ်လ ၂ ရက်(ဆင်ဟွာ) ယခုအခါတွင် ဟွန်ဒူးရပ်နိုင်ငံသား ၅,၀၀၀ ခန့်တို့မှာ အမေရိကန်နိုင်ငံတွင်းရှိ တရားမဝင်ရွှေ့ပြောင်းနေ ထိုင်သူများအတွက်အကျဉ်းစခန်းများ၌ ထိန်းသိမ်းထားခြင်းခံနေရကြောင်း ဟွန်ဒူးရပ်သမ္မတ၏ဇနီးဖြစ် သူ အေနာ ဂါစီယာ(Ana Garcia) ကသြဂုတ်လ ၁ ရက်၌ပြောကြားခဲ့သည်။