Connect with us

North America

အမေရိကန် F-16 ဂျက်တိုက်လေယာဉ် မီချီဂန်တွင် ပျက်ကျ ၊ လေယာဉ်မှူးအား ဆက်လက်ရှာဖွေနေ

အိန္ဒိယနိုင်ငံ ဘန်ဂလာရုရှိ Yelahanka လေတပ်အခြေစိုက်စခန်းတွင် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်က ပြုလုပ်သည့် ၂၀၁၉ အိန္ဒိယလေကြောင်းပြပွဲ၌ အမေရိကန်နိုင်ငံထုတ် F-16 ဂျက်တိုက်လေယာဉ် တစ်စင်း မြေပြင်မှ စတင်ပျံတက်စဉ် (Xinhua/Stringer)

ဝါရှင်တန်၊ဒီဇင်ဘာ ၁၀ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ်

အမေရိကန်နိုင်ငံ ဝစ္စကွန်းဆင်းပြည်နယ်ရှိ အမျိုးသားသစ်တောကြိုးဝိုင်းတစ်ခုထဲသို့ ဒီဇင်ဘာ ၉ ရက်က F-16 ဂျက်တိုက်လေယာဉ်တစ်စင်းပျက်ကျခဲ့ကြောင်း နှင့် ယင်းတိုက်လေယာဉ်မှူးအား ရှာဖွေကယ်ဆယ်ရေးများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များ၏ ပြောကြားချက် အရ သိရသည်။

ယင်းပျက်ကျသွားသောလေယာဉ်သည် မက်ဒီဆင်မြို့အခြေစိုက် Truax လေကြောင်းထိန်းသိမ်းစောင့်ရှောက်ရေး အခြေစိုက်စခန်း ၊ ဝစ္စကွန်းဆင်း လေတပ် အမျိုးသား အစောင့်တပ်ဖွဲ့၏ အမှတ် ၁၁၅ တိုက်လေယာဉ်ပျံသန်းရေးအုပ်စုမှ အပေါ့စား F-16 ဂျက် တိုက်လေယာဉ်တစ်စင်းဖြစ်ကြောင်း ဝစ္စကွန်းဆင်းပြည်နယ် စစ်ဘက်ရေးရာဌာန၏ ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။

လေယာဉ်ပျက်ကျမှုသည် မစ်ချီဂန်ပြည်နယ်၏ အထက်ပိုင်းကျွန်းဆွယ်တွင် တည်ရှိသော Hiawatha အမျိုးသားသစ်တောကြိုးဝိုင်း၌ ဒေသစံတော်ချိန် ည ၈နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း နှင့် ပျက်ကျရခြင်း အကြောင်းအရင်းကို မသိရှိရသေးကြောင်း ဆိုသည်။
လေယာဉ်ပေါ်တွင် တစ်ဦးတည်းလိုက်ပါသွားသော လေယာဉ်မှူးကို ဒေသတွင်း အရေးပေါ်တုံ့ပြန်ကူညီရေးအဖွဲ့ ၊ အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့ ၊ အမှတ် ၁၁၅ တိုက်လေယာဉ်ပျံသန်းရေးအုပ်စု နှင့် အခြားအစိုးရဌာနများက ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ လေယာဉ်မှူးရဲ့အခြေအနေကိုတော့ အခုထိ မသိရသေးပါဘူး” ဟု ဝစ္စကွန်းဆင်း စစ်ဘက်ရေးရာဌာနမှ ဗိုလ်ကြီး Leslie Westmont က ဒီဇင်ဘာ ၉ ရက်တွင် ဒေသတွင်း မီဒီယာသို့ဖြေကြားခဲ့သည်။
Delta မြို့ရဲမှူး Ed Oswald က လေယာဉ်ပျက်ကျမှုဖြစ်ပွားသော နေရာသည် မြို့၏ အရှေ့မြောက်ဘက် ထောင့်စွန်းနားတွင်ဖြစ်ပြီး အမျိုးသားကြိုးဝိုင်းသစ်တောနှင့်အတူ ကျေးလက်အစွန်အဖျား ဒေသတစ်ခုဖြစ်ကြောင်း နှင့် “ ဖုန်းလိုင်း မမိတဲ့ သိပ်ကို ဝေလံခေါင်ဖျားတဲ့နေရာတစ်ခု” ဖြစ်ကြောင်း ပြောကြားခဲ့သည်။  (Xinhua)

——————————–
(English Version)
U.S. F-16 jet crashes in Michigan, search for pilot continues

WASHINGTON, Dec. 10 (Xinhua) — An F-16 fighter jet based in the U.S. state of Wisconsin crashed in a national forest on Tuesday and the search for the pilot is still on, according to local authorities.

The F-16 Fighting Falcon was assigned to the 115th Fighter Wing of the Wisconsin Air National Guard at Truax Field Air National Guard Base in Madison, the Wisconsin Department of Military Affairs said in a statement.

The crash occurred at around 8 p.m. local time (1300GMT) in Hiawatha National Forest located in Michigan’s Upper Peninsula. The cause of the accident remains unknown.
Rescuers have been searching for the pilot, the only person on board, amid a joint action conducted by local emergency responders, the U.S. Coast Guard, the 115th Fighter Wing and other government agencies, the department said Wednesday.

“The status of the pilot is still unknown,” Captain Leslie Westmont of the department told local media on Wednesday.

Delta County Sheriff Ed Oswald said the crash site is in the county’s northeastern corner in a rural area within the national forest and is “a very remote area with no cellphone service.” Enditem
Photo caption – A F-16 fighter jet takes off during the Aero India Show 2019 at Yelahanka air base in Bengaluru, India, Feb. 20, 2019. (Xinhua/Stringer)