Connect with us

North America

အမေရိကန်အစိုးရရှေ့နေချုပ်က နေရာအနှံ့အပြား ရွေးကောက်ပွဲ မဲမသမာမှု ဖြစ်စဉ်များ မတွေ့ရကြောင်း တရားရေးဌာနသို့ ပြောကြား

အမေရိကန်နိုင်ငံရှေ့နေချုပ်William Barr အား ဇူလိုင် ၂၈ ရက်က ကက်ပီတိုလွှတ်တော်အဆောက်အအုံတွင် တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန်၊ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

အမေရိကန်နိုင်ငံ အစိုးရရှေ့နေချုပ်William Barr က ၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲ၏ ရလဒ်ကို ပြောင်းလဲပစ်ရန် နေရာအနှံ့အပြား မဲမသမာမှုဖြစ်စဉ်များ သက်သေပြနိုင်ခြင်း မတွေ့ရကြောင်း အမေရိကန်တရားရေးဌာန(DOJ)သို့ ဒီဇင်ဘာ ၁ ရက်တွင် ထွက်ဆိုပြောကြားခဲ့သည်။

“ ဒီနေ့အထိပေါ့ ၊ ရွေးကောက်ပွဲမှာ မတူခြားနားတဲ့ ရလဒ်တစ်ခု ထွက်ပေါ်အောင် သက်ရောက်နိုင်လောက်တဲ့ မဲမသမာမှု ကြီးကြီးမားမတွေ့ရပါဘူး” ဟု AP သတင်းဌာနနှင့် ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် Barr က ပြောကြားခဲ့သည်။
ထို့ပြင် ရှေ့နေချုပ်Barr က အမေရိကန်တရားရေးဌာန(DOJ) နှင့် ပြည်ထောင်စုစုံစမ်းစစ်ဆေးရေးဗျူရို(FBI) တို့သည် အထူးတိုင်ကြားမှုများ နှင့် ၎င်းတို့ ရရှိထားသော သတင်းအချက်အလက်များအပေါ် စုံစမ်းဖော်ထုတ်ရန် လုပ်ဆောင်နေခဲ့ပြီးဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

လက်ရှိသမ္မတဒေါ်နယ်ထရမ့်၏ ရှေ့နေက အစိုးရရှေ့နေချုပ်Barr ၏ ထင်မြင်ချက်များသည် မည်သည့်ဆင်ခြင်တုံတရားမျှမပါရှိကြောင်း သို့မဟုတ် စနစ်တကျမဲမသမာမှု၏ သက်သေများ နှင့် ကြီးမားသော ပုံမှန်မဟုတ်သည့်အခြေအနေများအပေါ် စုံစမ်းစစ်ဆေးထားခြင်းမရှိကြောင်း ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

အမေရိကန်နိုင်ငံရှိ ပြည်နယ်များသည် အိမ်ဖြူတော်သွားရာလမ်း သမ္မတရွေးကောက်ပွဲတွင် ယခင်ဒုတိယသမ္မတ(ဟောင်း) ဂျိုးဘိုင်ဒန်က လက်ရှိသမ္မတထရမ့်အပေါ် အနိုင်ရကြောင်း အတည်ပြုခဲ့ကြပြီး ဒီမိုကရက်တစ်ပါတီသို့ အုပ်ချုပ်ရေးအာဏာလွှဲပြောင်းရေး စတင်ရန် အတွက် ရီဘတ်ပလီကန်ပါတီအနေဖြင့် မီးစိမ်းပြခဲ့ပြီးဖြစ်သော်လည်း ရွေးကောက်ပွဲရှုံးနိုမ့်ကြောင်း ဝန်ခံရန်မူ ငြင်းဆန်နေခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117