Connect with us

North America

အမေရိကန်အစိုးရရှေ့နေချုပ်က နေရာအနှံ့အပြား ရွေးကောက်ပွဲ မဲမသမာမှု ဖြစ်စဉ်များ မတွေ့ရကြောင်း တရားရေးဌာနသို့ ပြောကြား

အမေရိကန်နိုင်ငံရှေ့နေချုပ်William Barr အား ဇူလိုင် ၂၈ ရက်က ကက်ပီတိုလွှတ်တော်အဆောက်အအုံတွင် တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန်၊ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

အမေရိကန်နိုင်ငံ အစိုးရရှေ့နေချုပ်William Barr က ၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲ၏ ရလဒ်ကို ပြောင်းလဲပစ်ရန် နေရာအနှံ့အပြား မဲမသမာမှုဖြစ်စဉ်များ သက်သေပြနိုင်ခြင်း မတွေ့ရကြောင်း အမေရိကန်တရားရေးဌာန(DOJ)သို့ ဒီဇင်ဘာ ၁ ရက်တွင် ထွက်ဆိုပြောကြားခဲ့သည်။

“ ဒီနေ့အထိပေါ့ ၊ ရွေးကောက်ပွဲမှာ မတူခြားနားတဲ့ ရလဒ်တစ်ခု ထွက်ပေါ်အောင် သက်ရောက်နိုင်လောက်တဲ့ မဲမသမာမှု ကြီးကြီးမားမတွေ့ရပါဘူး” ဟု AP သတင်းဌာနနှင့် ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် Barr က ပြောကြားခဲ့သည်။
ထို့ပြင် ရှေ့နေချုပ်Barr က အမေရိကန်တရားရေးဌာန(DOJ) နှင့် ပြည်ထောင်စုစုံစမ်းစစ်ဆေးရေးဗျူရို(FBI) တို့သည် အထူးတိုင်ကြားမှုများ နှင့် ၎င်းတို့ ရရှိထားသော သတင်းအချက်အလက်များအပေါ် စုံစမ်းဖော်ထုတ်ရန် လုပ်ဆောင်နေခဲ့ပြီးဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

လက်ရှိသမ္မတဒေါ်နယ်ထရမ့်၏ ရှေ့နေက အစိုးရရှေ့နေချုပ်Barr ၏ ထင်မြင်ချက်များသည် မည်သည့်ဆင်ခြင်တုံတရားမျှမပါရှိကြောင်း သို့မဟုတ် စနစ်တကျမဲမသမာမှု၏ သက်သေများ နှင့် ကြီးမားသော ပုံမှန်မဟုတ်သည့်အခြေအနေများအပေါ် စုံစမ်းစစ်ဆေးထားခြင်းမရှိကြောင်း ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

အမေရိကန်နိုင်ငံရှိ ပြည်နယ်များသည် အိမ်ဖြူတော်သွားရာလမ်း သမ္မတရွေးကောက်ပွဲတွင် ယခင်ဒုတိယသမ္မတ(ဟောင်း) ဂျိုးဘိုင်ဒန်က လက်ရှိသမ္မတထရမ့်အပေါ် အနိုင်ရကြောင်း အတည်ပြုခဲ့ကြပြီး ဒီမိုကရက်တစ်ပါတီသို့ အုပ်ချုပ်ရေးအာဏာလွှဲပြောင်းရေး စတင်ရန် အတွက် ရီဘတ်ပလီကန်ပါတီအနေဖြင့် မီးစိမ်းပြခဲ့ပြီးဖြစ်သော်လည်း ရွေးကောက်ပွဲရှုံးနိုမ့်ကြောင်း ဝန်ခံရန်မူ ငြင်းဆန်နေခဲ့သည်။(Xinhua)