Connect with us

North America

အမေရိကန်နိုင်ငံ သမ္မတဒေါ်နယ်ထရမ့် က ဆိုမာလီယာ မှ အမေရိကန် တပ်ဖွဲ့ဝင် အများစုအား ပြန်လည်ခေါ်ယူရန် အမိန့်ချမှတ်

အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) ရေးသားသူ/စိုးမိုး

အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့် က ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းအချိန်မှစ၍ ဆိုမာလီယာ နိုင်ငံတွင် နေရာချထားသည့် အမေရိကန်တပ်ဖွဲ့ဝင်အများစု နှင့် လက်နက် ကိရိယာများကို ပြန်လည် ရုပ်သိမ်းသွားမည်ဟု အမိန့်ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၄ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။

 

အဆိုပါကြေညာချက်တွင် ပြန်လည်ရုပ်သိမ်းမည့် အမေရိကန် တပ်ဖွဲ့ဝင်များအား အာဖရိကတိုက် အရှေ့ပိုင်းဒေသတွင် ပြန်လည်နေရာချထားမည်မဟုတ်ကြောင်း ၊ တပ်ဖွဲ့ဝင်အချို့ကို အိမ်နီးချင်းနိုင်ငံများတွင် နေရာချသွားမည်ဖြစ်ကြောင်း ၊ ကျန်ရှိသောအမေရိကန် တပ်ဖွဲ့ဝင် နှင့် မဟာမိတ် နိုင်ငံများက ဆက်လက်၍ ဆိုမာလီယာ နိုင်ငံအတွင်းရှိ အကြမ်းဖက်တိုက်ခိုက်မှု နှင့် အစွန်းရောက်အဖွဲ့အစည်းများအပေါ် တိုက်ခိုက်မှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်းပါဝင်ခဲ့သည်။

လက်ရှိချိန်တွင် ဆိုမာလီယာနိုင်ငံ ၌ အမေရိကန် တပ်ဖွဲ့ဝင်ပေါင်း ၇၀၀ ခန့် နေရာချထားပြီး ဆိုမာလီယာနိုင်ငံ အစိုးရ တပ်ဖွဲ့ဝင်များကို လေ့ကျင့်မှုများပြုလုပ်ပေးခဲ့ကာ အယ်လ်ကေးဒါး အဖွဲ့နှင့် အဆက်အသွယ်ရှိသော လက်နက်ကိုင်အဖွဲ့အစည်းအား တိုက်ခိုက်ရန်ဖြစ်ကြောင်းသိရသည်။ အမေရိကန်နိုင်ငံ သတင်းမီဒီယာများ၏ ဖော်ပြချက်အရ ဆိုမာလီယာ နိုင်ငံရှိ အမေရိကန် တပ်ဖွဲ့ဝင်များက ကင်ညာ နိုင်ငံ နှင့် ဂျီဘူတီ နိုင်ငံရှိ စစ်အခြေစိုက်စခန်းများသို့ ရွှေ့ပြောင်းသွားကြရမည်ဖြစ်ကြောင်း သိရှိရသည်။

ဒေါ်နယ်ထရမ့် အစိုးရ အနေဖြင့် လတ်တလောကာလအတွင်း ပင်လယ်ရပ်ခြားရှိ အမေရိကန် တပ်ဖွဲ့ဝင်များ ပြန်လည်ရုပ်သိမ်းမှုကို လျင်လျင်မြန်မြန်ဆောင်ရွက်လာခဲ့ပြီး ပင်တဂွန် အနေဖြင့်လည်းနိုဝင်ဘာ ၁၇ ရက်တွင် အာဖဂန်နစ္စတန် နှင့် အီရတ် နိုင်ငံရှိ အမေရိကန် တပ်ဖွဲ့ဝင်များ နေရာချထားမှုကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ လလယ်ပိုင်းအချိန်တွင် တပ်ဖွဲ့ဝင်ပေါင်း ၂,၅၀၀ အထိ လျှော့ချသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး သတင်းဖော်ပြချက်များအရ အမေရိကန်နိုင်ငံ တပ်ဖွဲ့ဝင်များက အာဖဂန်နစ္စတန် နှင့် အီရတ် နိုင်ငံ တို့တွင် ၄,၅၀၀ ဦး နှင့် ၃,၀၀၀ ဦးစီခန့် နေရာချထားကြောင်း သိရှိရသည်။ (Xinhua)

#Pentagon #Somalia #Trump #Xinhua #အမေရိကန်တပ်ဖွဲ့ဝင် #စစ်သားပြန်လည်ရုပ်သိမ်း #ဆင်ဟွာ、

…………………………………………
(Chinese Version)

特朗普下令从索马里撤出大部分美军

  新华社华盛顿12月4日电(记者刘品然)美国国防部4日表示,总统特朗普已下令在2021年年初撤出驻索马里的大部分美军人员和设施。

  美国国防部当天在一份声明中说,部分撤出的美军将不再部署在非洲东部地区,还有部分撤出的美军将部署至邻国,美军和伙伴国家将继续对索马里境内的暴力极端组织开展跨境军事行动。

  目前,约700名美军驻扎在索马里,训练和协助索政府军打击与“基地”组织有关联的“青年党”武装分子。美国媒体援引美方官员的话报道说,驻索马里美军将被转移至肯尼亚和吉布提的军事基地。

  特朗普政府近来加快了从海外撤军的进度。五角大楼上月17日宣布,驻阿富汗和伊拉克美军人数将在明年1月中旬前分别缩减至约2500人。据报道,目前美军在阿富汗和伊拉克分别驻有约4500人和3000人。(完)