နယူယောက်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ နယူးယောက်စီးတီးရှိ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ (World Trade Center) မိုးမျှော်တိုက်သစ်ကို နှစ်ပေါင်းများစွာ နှောင့်နှေးမှုနှင့် ရန်ပုံငွေ မရှိမှုများပြီးနောက် စီးပွားရေးလုပ်ငန်းများအတွက် ဇွန်လ ၁၁ ရက်က ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
ဝါရှင်တန်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပြန်ပေးဆွဲမှုတစ်ခုသည် ဇွန် ၁၁ရက်တွင် ပြီးဆုံးသွားခဲ့ပြီး ကလေးငယ် ၄ဦးသေဆုံးကာ ရဲအရာရှိတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ပြောကြားခဲ့သည်။
ချီကာဂို ၊ ဇွန် ၁၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ Wisconsinပြည်နယ်တွင် ဇွန်လ ၁၀ရက်က လေယာဉ်ငယ်တစ်စီး ပျက်ကျခဲ့ရာ လေယာဉ်ပေါ်တွင်လိုက်ပါလာသည့် လူ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း သိရသည်။
ဝါရှင်တန်၊ ဇွန် ၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ဇွန် ၁၂ ရက်တွင် စင်ကာပူနိုင်ငံ၌ ပြုလုပ်မည့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် နှင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်း တို့၏ တွေ့ဆုံပွဲအပြီး ၎င်းသည် တောင်ကိုရီးယားနိုင်ငံ...
ဝါရှင်တန် ၊ ဇွန် ၈ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က မြောက်ကိုရီးယား နိုင်ငံ အမြင့်ဆုံး ခေါင်းဆောင် ကင်ဂျံအမ်း နှင့် စင်ကာပူ နိုင်ငံ တွင် ကျင်းပပြုလုပ်မည့် နှစ်နိုင်ငံ ထိပ်သီး ဆွေးနွေးပွဲ အဆင်ပြေ ချောမွေ့စွာ...
မက္ကဆီကို၊ ဇွန် ၇ ရက်(ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ အလယ်ပိုင်း မက္ကဆီကိုပြည်နယ် Tultepecမြို့တွင် ဇွန်လ ၆ ရက်နေ့က မီးပန်း သိုလှောင်ရုံတစ်ခု ပေါက်ကွဲမှုကြောင့် သေဆုံးသူ အနည်းဆုံး ၇ ဦးရှိပြီး ၈ ဦး ဒဏ်ရရှိကြောင်း ၎င်းပြည်နယ်အစိုးရက အခင်းဖြစ်ပွားသောနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ဝါရှင်တန် ၊ ဇွန် ၆ ရက်(ဆင်ဟွာ) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကနေဒါ၊ မက္ကဆီကိုနိုင်ငံများနှင့် ကုန်သွယ်ရေး ဆွေးနွေး ညှိနှိုင်းမှုများ သီးခြားပြုလုပ်သွားရန် စဉ်းစားနေကြောင်း အမေရိကန် အိမ်ဖြူတော် အမျိုးသားစီးပွား ရေးကောင်စီ ညွှန်ကြားရေးမှူး Larry Kudlowက ဇွန်လ ၅ ရက်တွင် ပြောကြားခဲ့သည်။
ဝါရှင်တန်၊ ဇွန် ၆ ရက် (ဆင်ဟွာ) အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က “အမြင့်ဆုံးဖိအားပေးခြင်း လုပ်ဆောင်မှုများ” အသုံးအနှုန်းကို ၎င်းအနေဖြင့် နှစ်သက်ခြင်း မရှိကြောင်း လွန်ခဲ့သည့် ရက်သတ္တပတ်က ပြောကြားခဲ့သော်လည်း အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန က မြောက်ကိုရီးယားနိုင်ငံ အပေါ် အမြင့်ဆုံး ဖိအားပေးမှုများ ကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း...
ဝါရှင်တန် ၊ ဇွန် ၆ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး မိုက်ပွန်ပီယို နှင့် စင်ကာပူနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး ဗီဗီယန်ဗလာခရစ်ရှနန်(Vivian Balakrishnan) တို့သည် အမေရိကန်-အာဆီယံပူးပေါင်းဆောင်ရွက်မှု နှင့် ကုန်သွယ်ရေးဆက်ဆံမှုများအကြောင်းကို ဇွန် ၆ ရက်တွင် ဆွေးနွေးခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။
ဝါရှင်တန် ၊ ဇွန် ၅ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ Philadelphia မြို့ ရှိ ဖြိုချ နေဆဲ အဆောက်အဦ တစ်ခု ဇွန်လ ၄ ရက်နေ့၌ ပြိုကျမှု ဖြစ်ပွား ခဲ့ရာ လူတစ်ဦး သေဆုံး ခဲ့ရကြောင်း သိရှိရသည်။