Connect with us

North America

အိမ်ဖြူတော်ပြန်ရောက်ပြီးနောက်ပိုင်း သမ္မတထရမ့်က အများပြည်သူရှေ့ပထမဆုံးအကြိမ်ထွက်လာ

အိမ်ဖြူတော်ရှိ ထရူးမင်းဝရံတာမှတစ်ဆင့် ပြည်သူများအား နှုတ်ခွန်းဆက်စကားပြောကြားနေသော အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်အား အောက်တိုဘာ ၁၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က COVID-19 ရောဂါအတွက် ဆေးရုံတက်ရောက်ကုသမှုခံယူခဲ့ရာမှ သမ္မတ အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အများပြည်သူရှေ့သို့ အောက်တိုဘာ ၁၀ ရက်က ထွက်လာခဲ့ကြောင်း သိရသည်။

“ ကျွန်တော်သိပ်ကို နေကောင်းပါတယ်” ဟု ထရူးမင်းဝရံတာမှတစ်ဆင့် အိမ်ဖြူတော် တောင်ဘက်အခြမ်းမျက်ခင်းပြင်ကို ကျော်ဖြတ်၍ ၎င်းအား ထောက်ခံရန် ရောက်ရှိနေသော ပြည်သူရာ ပေါင်းများစွာအား ထရမ့်က နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။

ထရမ့်သည် ထောက်ခံသူများအား ၁၈ မိနစ်ကျော် နှုတ်ဆက်စကားပြောကြားခဲ့ပြီ ၎င်း၏ မဲဆွယ်ကြွေးကြော်သံဖြစ်သော “ တရားဥပဒေစိုးမိုးရေး” ဟူသော စကားလုံးဖြင့် ဒီမိုကရက်တစ်ပါတီအား တိုက်ခိုက်မှုလည်း ပြုလုပ်ခဲ့သည်။

အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ် တစ်ဦးက ယင်းမှာ မဲဆွယ်ပွဲတစ်ခုမဟုတ်ဘဲ “ တရားဝင် အခမ်းအနားတစ်ခု” သာဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။အောက်တိုဘာ ၁၀ ရက်သည် သမ္မတထရမ့် COVID-19 ရောဂါ စမ်းသပ်စစ်ဆေးတွေ့ရှိခဲ့သည့် ၁၀ ရက်မြောက်နေ့ဖြစ်သည်။

သမ္မတအနေဖြင့် ၎င်း၏ ကုထုံးကို အပြည့်အဝခံယူခဲ့ပြီးဖြစ်ကြောင်း နှင့် အများပြည်သူတွေ့ဆုံပွဲများအတွက် ကျန်းမာရေးကောင်းမွန်နေပြီဖြစ်ကြောင်း ၊ သို့သော် ၎င်းသည် မည်သည့်အချိန်က ကိုဗစ်စမ်းသပ်စစ်ဆေးမှု နောက်ဆုံးအကြိမ်ခံယူခဲ့သည်ကိုမူ အိမ်ဖြူတော်က သတင်းထုတ်ပြန်ခဲ့ခြင်းမရှိကြောင်း သိရသည်။(Xinhua)