ဝါရှင်တန်၊ မေ ၁၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်သည် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်းနှင့် ဇွန်လ ၁၂ ရက်တွင် စင်ကာပူနိုင်ငံ၌ တွေ့ဆုံမည် ဖြစ်ကြောင်း မေလ ၁၀ ရက်က ၎င်း၏ တွစ်တာအကောင့်မှတစ်ဆင့် ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ မေ ၉ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က အီရန်နျူကလီးယားသဘောတူညီချက်က အမေရိကန်နိုင်ငံနုတ်ထွက်ကြောင်း မေလ ၈ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် ယင်းဆုံးဖြတ်ချက်မှာ တစ်ကမ္ဘာလုံးကပင် တားဆီးလက်မခံမှုများ နှင့် ရှုတ်ချမှုများကို ချက်ချင်း ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။
နယူးယောက် ၊ မေလ ၈ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် ရှေ့နေချုပ် Eric Schneidermanကို အမျိုးသမီး ၄ ဦး က လိင်ပိုင်းဆိုင်ရာ ထိပါးကျူးလွန်မှုများရှိသည်ဟု စွပ်စွဲခဲ့ရာ ၎င်းက မေလ ၇ ရက်နေ့တွင် ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာခဲ့သည်။
ဝါရှင်တန် ၊ မေလ ၈ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် active shooter ဟူခေါ်သော “တက်ကြွ လှုပ်ရှားနေသည့် သေနတ်ကိုင် သမားများ”က လူသူစုဝေးသည့်နေရာများတွင် ဖြစ်ပွားသော သေနတ်ကိုင် ပစ်ခတ်မှုများ တိုးမြင့်လာ သောကြောင့် ယခု ၂ နှစ်အတွင်း သေဆုံးဒဏ်ရာရသူ ၁ ထောင် နီးပါးရှိပြီ...
ဝါရှင်တန်၊ မေ ၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က ဂျေရုဆလင်မြို့ရှိ အမေရိကန်သံရုံးဖွင့်ပွဲ အတွက် အစ္စရေးသို့ သွားရောက်မည့် ကိုယ်စားလှယ်အဖွဲ့အား မေ ၇ ရက်တွင် ကြေညာခဲ့ကြောင်း သိရသည်။
ဝါရှင်တန်၊ မေ ၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံတောင်ပိုင်း ဂျော်ဂျီယာပြည်နယ် တွင် ဧပြီ ၂ ရက်က အမေရိကန် စစ်လေယာဉ်တစ်စီး ပျက်ကျခဲ့ရာ လိုက်ပါလာသူ ၅ဦးစလုံးသေဆုံးခဲ့ကြောင်း ဂျော်ဂျီယာ အမျိုးသားအစောင့်တပ်ဖွဲ့ ကပြောကြားခဲ့သည်။
ဝါရှင်တန် ၊ မေ ၃ ရက် (ဆင်ဟွာ)
ဝါရှင်တန် ၊ မေလ ၂ ရက်(ဆင်ဟွာ) အမေရိကန်သမ္မတ ထရန့်က မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအန်းနှင့် တွေ့ဆုံမည့် အချိန်နှင့်နေရာအား ယခုရက်ပိုင်းများတွင် ကြေညာသွားမည်ဟု မေလ ၁ ရက်နေ့က အိမ်ဖြူတော်တွင် ပြောကြားခဲ့ကြောင်း သိရှိရသည်။
ဝါရှင်တန် ၊ မေလ ၂ ရက်(ဆင်ဟွာ) အမေရိကန်က နိုင်ငံတကာမဟာမိတ်တပ်ဖွဲ့၊ ဒေသခံတပ်ဖွဲ့များနှင့်အတူ ဆီးရီးယားရှိ IS အစွန်းရောက် တပ်ကျန် များကို ပစ်မှတ်ထားတိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ Heather Nauertက မေလ ၁ ရက်က ထုတ်ဖော်ပြောကြားခဲ့သည်။
နယူးယောက်၊ မေ ၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံသူများသည် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများ ရှာဖွေရန် ဘီလျံနာသူဌေးကြီး ဝါရန်ဘက်ဖက် (Warren Buffett) ၏ မွေးရပ်ဇာတိဖြစ်သော နီဗရက်စကပြည်နယ် အိုမာဟာမြို့တွင် မေလ ၄ ရက်၌ တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။