Connect with us

North America

မက္ကဆီကိုနိုင်ငံ၌ ပြိုင်ဘက်ဂိုဏ်းအုပ်စုအကြား ပစ်ခတ်မှုဖြစ်ပွားရာမှ အနည်းဆုံး ၁၉ ဦးသေဆုံး

မက္ကဆီကိုနိုင်ငံ Chihuahua ပြည်နယ်၌ ၂၀၁၇ ခုနှစ် စက်တင်ဘာတွင်ဖြစ်ပွားခဲ့သော ပစ်ခတ်မှုမြင်ကွင်းတစ်ခုအားတွေ့ရစဉ်(ဆင်ဟွာ)

မက္ကဆီကိုစီးတီး ၊ ဧပြီ ၅ ရက်(ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံ မြောက်ပိုင်း Chihuahua ပြည်နယ်တွင် ရာဇဝတ်ဂိုဏ်းအုပ်စုများအကြား ထိပ်တိုက်ရင်ဆိုင်မှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၉ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရခဲ့ကြောင်း ပြည်နယ်ရှေ့နေချုပ်ရုံးက ဧပြီ ၄ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

Chihuahua ပြည်နယ် အနောက်ဘက် Madera မြူနီစီပယ်ဒေသ Chuhuichupa မြို့တွင် ဧပြီ ၃ ရက် ညနေ ၆ နာရီ ၃၅ မိနစ်တွင် ပစ်ခတ်မှုစတင်ဖြစ်ပွားခဲ့သည်ကို ပထမသတင်းပေးပို့ချက် ရရှိခဲ့ကြောင်း ရှေ့နေချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ဒေသဆိုင်ရာရဲတပ်ဖွဲ့ နှင့် စစ်သားများက အခင်းဖြစ်နေရာ၌ ရုပ်အလောင်း ၁၈ လောင်း နှင့် ဒဏ်ရာရသူ ၂ ဦးကို ရှာဖွေတွေ့ရှိခဲ့ပြီး ဒဏ်ရာရသူ နှစ်ဦး အနက်တစ်ဦးမှာ ဆေးရုံရောက်ပြီးနောက် သေဆုံးသွားခဲ့ကြောင်း သိရသည်။(Xinhua)