ဝါရှင်တန် ၊ ဧပြီ ၄ ရက်(ဆင်ဟွာ) အမေရိကန်က လက်တွေ့အခြေအမြစ်လုံးဝမရှိဘဲ တရုတ်ကို ဦးတည်ဆောင်ရွက်သည့် “၃၀၁ စုံစမ်းစစ်ဆေး ခြင်း”နှင့် “အခွန်ကောက်ခံမှုအကြံပြုချက်” ထုတ်ပြန်ခြင်းကို အပြင်းအထန် အပြစ်တင်ရှုံ့ချကြောင်း အမေရိကန် နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက ဧပြီလ ၃ ရက်နေ့တွင် ထုတ်ပြန်သည့်ကြေညာချက်၌ ဖော်ပြထားသည်။
ကယ်လီဖိုးနီးယား ၊ ဧပြီ ၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ရှိ Youtube ရုံးချုပ်၌ ပစ်ခတ်မှုဖြစ်ပွားရာ လူ ၄ ဦးဒဏ်ရာရပြီး ၊ ပစ်ခတ်မှုကျူးလွန်သူဟု သံသယရှိသူအမျိုးသမီးမှာ သေဆုံးသွားကြောင်း ဆန်ဗျူနိုရဲတပ်ဖွဲ့က ဆိုသည်။(Xinhua)
မက္ကဆီကို စီးတီး၊ ဧပြီ ၂ ရက် (ဆင်ဟွာ) မက္ကဆီကို နိုင်ငံ အရှေ့ပိုင်း Veracruz ပြည်နယ် တွင် မတ် ၃၁ရက် ညပိုင်းက ထောင်တွင်း ဆူပူမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး ရဲတပ်ဖွဲ့ဝင် ၇ဦးသေဆုံးခဲ့ကြောင်း အစိုးရက ဧပြီ ၁ရက်တွင် ပြောကြားခဲ့သည်။
ဟူစတန် ၊ မတ် ၂၉ ရက်(ဆင်ဟွာ) တစ်နှစ်ကြာ စုံစမ်းထောက်လှမ်းမှုများပြုလုပ်ပြီးနောက် အမေရိကန်နိုင်ငံဟူစတန်မြို့၌ တရားမဝင်လောင်းကစားမှု နှင့် ရာဇဝတ်မှုကျူးလွန်မှုများဖြင့် ရဲအရာရှိဟောင်း ၂ ဦးအပါအဝင် လူပေါင်း ၂၂ ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ဒေသခံအရာရှိများက မတ်လ ၂၈ ရက်တွင်ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ မတ်လ ၂၈ ရက်(ဆင်ဟွာ) ရုရှားသံတမန်များကို ပြည်နှင်ဒဏ်ပေးသည့်ကိစ္စ၊ အမေရိကန်-ဥရောပကုန်သွယ်ရေးကိစ္စနှင့်စပ်လျဉ်း၍ အမေရိ ကန်သမ္မတ ထရန့် က ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် (Emmanuel Macron ) ၊ဂျာမဏီ ဝန်ကြီးချုပ် အန်ဂျလာ မာကယ်(Angela Merkel ) တို့နှင့် မတ်လ...
နယူးယောက် ၊ မတ် ၂၆ ရက် (ဆင်ဟွာ) ပါပူဝါနယူးဂီနီနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်၌ ယနေ့( မတ် ၂၆ ရက်) တွင် ပြင်းအား ၇.ဝ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမေရိကန်နိုင်ငံ ဘူမိဗေဒတိုင်းတာရေး ဌာနက သတင်းထုတ်ပြန်သည်။(Xinhua)
ဆန်ဖရန်စစ္စကို၊ မတ် ၂၆ ရက် (ဆင်ဟွာ) ဖေ့စ်ဘွတ် (Facebook) အမှုဆောင်အရာရှိချုပ် မာ့ခ်ဇူကာဘတ် (Mark Zuckerberg) သည် ကမ္ဘာ့အကြီးဆုံး လူမှုမီဒီယာကုမ္ပဏီဖြစ်သော ဖေ့စ်ဘွတ်တွင် အချက်အလက်ပေါက်ကြားမှု အရှုပ်တော်ပုံအတွက် တောင်းပန်စာအား ဗြိတိန်နှင့် အမေရိကန် သတင်းစာများစွာ၌ စာတစ်မျက်နှာပြည့် ထည့်သွင်းဖော်ပြခဲ့ကြောင်း သိရသည်။
နယူးယောက် ၊ မတ် ၂၅ ရက်(ဆင်ဟွာ) အိန္ဒိယသမုဒ္ဒရာတောင်ပိုင်း Southeast Indian Ridge (SEIR) ၌ မတ်လ ၂၄ ရက် ဂရင်းနစ်စံတော်ချိန် ၁၉:၅၈:၃၃ နာရီတွင် ပြင်းအား ၆.၃ ရစ်ချက်စတာစကေးရှိ ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမေရိကန်နိုင်ငံ ဘူမိဗေဒတိုင်းတာရေးဌာနက ဆိုသည်။
ဆန်ဖရန်စစ္စကို ၊ မတ် ၂၂ ရက်(ဆင်ဟွာ) ဖေ့ဘွတ်ခ်(Facebook) လူမှုကွန်ရက်၏ အမှုဆောင်အရာရှိချုပ် မက်ခ်ဇူကာဘတ်က နိုင်ငံရေးရည်မှန်ချက်များအတွက် Facebook အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက် အလွဲသုံးစားပြုမှုများ ရှိခဲ့သည်ဆိုသည့် သတင်းပေါက်ကြားမှုတွင် ကုမ္ပဏီအနေဖြင့် အမှားအယွင်းပြုလုပ်ခဲ့မှုများ ရှိကြောင်း မတ်လ ၂၁ ရက်တွင် ဝန်ခံပြောကြားလိုက်သည်။
ဝါရှင်တန် ၊ မတ် ၂၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က ပြီးခဲ့သော မတ်လ ၁၈ ရက်တွင်ကျင်းပသည့် ရုရှားနိုင်ငံရွေးကောက်ပွဲ၌ တောင်ပြိုကမ်းပြို အနိုင်ရခဲ့သူ သမ္မတဗလာတီမာပူတင် နှင့် သိပ်မကြာမီကာလတွင် တွေ့ဆုံဆွေးနွေးသွားရန် ဖြစ်နိုင်ချေ ရှိကြောင်း မတ်လ ၂ဝ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။