Connect with us

North America

တရားမဝင်လက်နက်ပစ္စည်းများ အမေရိကန်မှ ဝင်ရောက်လာခြင်းကြောင့် မက္ကဆီကိုတွင် ဒုစရိုက်မှုများတိုး

ပစ်စတိုလက်နက်ပစ္စည်းများအား တွေ့ရစဉ်(ဓါတ်ပုံ- အင်တာနက်)

မက္ကဆီကို စီးတီး၊နိုဝင်ဘာ ၂၃ ရက်(ဆင်ဟွာ)

မက္ကဆီကို ဒုစရိုက်အဖွဲ့ အသုံးပြုနေသည့်လက်နက်အများစုသည် အမေရိကန်မှလာခြင်းဖြစ်ကြောင်း ၊ ထိုလက်နက်များကြောင့် ဒုစရိုက်အဖွဲ့အစည်းများ၏ အန္တရာယ်က ပိုမို ဆိုးဝါးလာခြင်းဖြစ်ကြောင်း မက္ကဆီကိုနိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၁ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။အမေရိကန်မှ တရားမဝင်ရောင်းချသည့် လက်နက်များကြောင့် မက္ကဆီကိုတွင် လူသတ်မှုများ များပြားလာရကြောင်း ဆိုသည်။

နည်းပညာဆိုင်ရာနည်းလမ်းများကို သုံး၍ တရားမဝင်နည်းလမ်းလက်နက်ဝင်ရောက်မှုကို  တားမြစ်ရန် မက္ကဆီကိုနှင့် အမေရိကန်လုံခြုံရေးအဆင့်မြင့်အရာရှိများ မက္ကဆီကို စီးတီးတွင် နိုဝင်ဘာ ၂၁ ရက်က တွေ့ဆုံဆွေးနွေးပြီးနောက် မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီးဌာနက ယခုကဲ့သို့ ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါကြေညာချက်တွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာမှစ၍ မက္ကဆီကို အစိုးရက ဖမ်းဆီးရမိသည့် လက်နက်ပေါင်း ၇၄၃၂ ခု ရှိရာ အမေရိကန်ထုတ် စက်သေနတ်နှင့် ရိုင်ဖယ်သေနတ်များ ပါဝင်ကြောင်း သိရသည်။ သက်ဆိုင်ရာ ကိန်းဂဏန်းများအရ မက္ကဆီကို ဒုစရိုက်အဖွဲ့များအသုံးပြုနေသည့် လက်နက် ၁၀ ခုတွင် ၇ ခုက အမေရိကန်မှ တင်သွင်းခြင်းဖြစ်ကြောင်း သိရသည်။ အမေရိကန်မှ တရားမဝင်တင်သွင်းရောင်းချသည့်လက်နက်များကြောင့် အများပြည်သူ၏လုံခြုံရေး အန္တရာယ်ကျရောက်နေရပြီး မက္ကဆီကို-အမေရိကန် နှစ်နိုင်ငံ အကျိုးစီးပွားကို  ထိခိုက်စေသည်ဟု မက္ကဆီကိုဘက်က ယူဆလျက်ရှိကြောင်း သိရသည်။

မက္ကဆီကို အစိုးရအနေဖြင့် အမေရိကန်နှင့်အတူ နည်းပညာနည်းလမ်းဖြင့် တရားမဝင်လက်နက်များရောင်းချဝင်ရောက်ခြင်းကို တားဆီးရန် အဆိုပြုထားသလို နှစ်နိုင်ငံ ပြစ်မှုဆိုင်ရာ သတင်းအချက်အလက်မျှဝေဖလှယ်ခြင်းနှင့် သက်ဆိုင်ရာဥပဒေများကို ပြည့်စုံအောင် တွန်းအားပေးလုပ်ဆောင်ရန် အဆိုပြုထားကြောင်း  ကြေညာချက်အရသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.